လက်ဖက်စိမ်းရွက်ဝယ်လိုအား မြင့်မားလာသဖြင့် လက်ဖက်ခြောက်ဈေးနှုန်း မြင့်တက်လာ

  • Mon, 4 March 2024

လက်ဖက်စိမ်းရွက်ဝယ်လိုအား မြင့်မားလာသဖြင့် လက်ဖက်ခြောက်ဈေးနှုန်း မြင့်တက်လာ



လက်ဖက်စိမ်းရွက်များ ဝယ်ယူမှုများပြားခြင်းကြောင့် လက်ဖက်ခြောက်ဈေးနှုန်း မြင့်တက် လာသည်ဟု လက်ဖက်ကုန်သည်အချို့က ပြောပါသည်။ 

လက်ဖက်စိုက်ပျိုးသူများသည် လက်ဖက်ခြောက်ဈေးနှုန်း မြင့်တက်သောကြောင့် လက် ဖက်ရွက် အခြောက်ခံသည့် ပမာဏကို လျှော့ချခဲ့ပါသည်။ လက်ရှိတွင်ကုန်သည်များသည် လက်ဖက် စိမ်းရွက်များကို စိုက်ခင်းများမှ တိုက်ရိုက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ လက်ဖက်စိမ်းရွက် များ ဈေးတက်လာသည်နှင့်အမျှ တောင်သူများက လက်ဖက်ခြောက် ထုတ်လုပ်မှုများကို ရပ်တန့်ကာ လက်ဖက်စိမ်းရွက်များကိုသာ ရောင်းချကြကြောင်း လက်ဖက်ကုန်သည်တစ်ဦးက ပြောပါသည်။ ခူးပြီး ပြီးချင်း လက်ဖက်စိမ်းရွက်များကို တစ်ပိဿာလျှင် ငွေကျပ် (၄,၀၀၀-၅,၀၀၀)ဝန်းကျင်နှုန်းဖြင့် ကုန်သည်များမှ ဝယ်ယူနေကြကြောင်း ၎င်းကဆက်လက်ပြောပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ရွက်သစ်လက်ဖက်နုခြောက် တစ်ပိဿာလျှင် ငွေကျပ်(၁၄,၀၀၀)ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လျက် ရှိပါသည်။

(၂၀၂၃) ခုနှစ်တွင် ရွက်သစ်လက်ဖက်နုခြောက် တစ်ပိဿာလျှင် ငွေကျပ် (၁၂,၀၀၀) ဝန်းကျင်သာရှိပြီး လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် (၂,၀၀၀)ခန့် မြင့်တက်လျက်ရှိပါသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ထွက်ရှိသော လက်ဖက်ခြောက်ဈေးနှုန်းသည် တည်နေရာ နှင့် အမျိုးအစားပေါ် မူတည်ပြီး တစ်ပိဿာလျှင် (၁၀,၀၀၀-၁၈,၀၀၀)ကျပ်အထိ ရှိပါသည်။ လက်ဖက် စိုက်ပျိုးသူတစ်ဦး၏ ပြောကြားချက်အရ မန္တလေးမှ ကုန်သည်များသည် ရှမ်းပြည်တောင်ပိုင်းသို့ လာ ရောက်ကြပြီး လက်ဖက်စိမ်းရွက်များကို တိုက်ရိုက်ဝယ်ယူကြပြီး တတ်နိုင်သမျှ များများဝယ်ယူ လျက်ရှိသည့်အတွက် လက်ဖက်ခြောက်ထုတ်လုပ်မှု လျော့ကျလာကြောင်း (၂၂. ၂. ၂၀၂၄)ရက်နေ့တွင် ထုတ်ဝေခဲ့သော  The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။



Source https://www.gnlm.com.mm/green-tea-leaves-in-high-demand-dried-tea-prices-rise/#article-title

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ