မြန်မာနိုင်ငံ၏ ဆီးသီးစေ့အဆန်များတရုတ်နိုင်ငံမှ ပြန်လည်ဝယ်ယူမှုစတင်လျက်ရှိ

  • Fri, 22 March 2024

မြန်မာနိုင်ငံ၏ ဆီးသီးစေ့အဆန်များတရုတ်နိုင်ငံမှ ပြန်လည်ဝယ်ယူမှုစတင်လျက်ရှိ


မြန်မာနိုင်ငံတွင်ထွက်ရှိသောဆီးသီးစေ့အဆန်များကိုတရုတ်နိုင်ငံမှ ပြန်လည်ဝယ်ယူလျက်ရှိပြီးလက်ရှိဈေးကွက်မှာကောင်းမွန်နေကြောင်းဆီးစေ့ရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။မန္တလေးတွင် ဆီးသီးစေ့အဆန်ရောင်းဝယ်ရေးစျေးကွက်ရှိပြီးတရုတ်မှဝယ်ယူသူများရှိကြောင်း၊ အရောင်းအဝယ်အနေဖြင့် များသောအားဖြင့်ကောင်းမွန်လျက်ရှိပြီးရံဖန်ရံခါတွင် အရောင်းအဝယ် မကောင်းကြောင်းမန္တလေးမြို့ရှိဆီးစေ့အရောင်းဆိုင်မှ ကိုလောက်အယ်ကပြောပါသည်။မြန်မာနိုင်ငံမှ ဆီးစေ့အဆံများကိုတရုတ်နိုင်ငံမှဝယ်ယူလျက်ရှိပြီးတိုင်းရင်းဆေးဝါးများဖော်စပ်ရာတွင်အဓိကအသုံးပြုပါသည်။ တောင်ကိုရီးယားမှလည်းဝယ်ယူမှုများရှိကြောင်းဆီးသီးစေ့အဆန်ကုန်သည်များထံမှ သိရှိရပါသည်။ တရုတ်နိုင်ငံရှိအဓိကဝယ်လက်များသို့ ဆီးသီးစေ့အဆန်တင်ပို့မှုကို၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင်ရပ်ဆိုင်းခဲ့သဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီးအောက်တိုဘာလတွင်မူဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။လက်ရှိမန္တလေးဈေးကွက်တွင် တရုတ်မှဝယ်လက်များရှိနေခြင်းကြောင့် အရောင်းအဝယ်မှာပုံမှန်ပြန်ဖြစ်လျက်ရှိပါကြောင်း၊ ပုံမှန်ဝယ်ယူမှုများထပ်မံရရှိမည်ဟု မျှော်လင့်လျက်ရှိပါကြောင်း၊ စျေးကွက်မှာပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့်အခြားမြို့များမှ စုဆောင်းထားသောဆီးသီးစေ့အဆန်များကိုပါရောင်းဝယ်ဖောက်ကားလျက် ရှိသော်လည်းဈေးနှုန်းမှာမတည်ငြိမ်သေးကြောင်းဆီးစေ့ကုန်သည် တစ်ဦးကပြောပါသည်။ပြီးခဲ့သည့်နှစ် မတ်လတွင် တစ်ပိဿာလျှင် ငွေကျပ် (၆၀၀၀၀)ခန့်ရှိခဲ့သော်လည်းနိုဝင်ဘာလတွင် ဆီးသီးစေ့အဆန်တစ်ပိဿာလျှင် ငွေကျပ် (၇၀,၀၀၀)အထိဈေးရရှိခဲ့ပါကြောင်း (၁၃. ၃. ၂၀၂၄)ရက်နေ့တွင် ထုတ်ဝေခဲ့သော The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။

Source https://www.gnlm.com.mm/china-resumes-buying-myanmar-plum-seeds-currently-the-market-is-good/

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊ မတ်လ (၂၀) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ