မန်ကျည်းသီးအသစ်ဈေးနှုန်းများ အဟောင်းဈေးနှုန်းထက်မြင့်တက်လျက်ရှိ

  • Thu, 28 March 2024

မန်ကျည်းသီးအသစ်ဈေးနှုန်းများ အဟောင်းဈေးနှုန်းထက်မြင့်တက်လျက်ရှိ


မန်ကျည်းသီးအသစ်ဈေးနှုန်းများ အဟောင်းဈေးနှုန်းထက်မြင့်တက်လျက်ရှိ

မန်ကျည်းသီးအသစ်(အနှစ်) စျေးနှုန်းသည် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြစ်ပြီး အဟောင်း ဈေးနှုန်းထက် မြင့်တက်လျက်ရှိကာ မတ်လ(၁၈)ရက်နေ့၌ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ လျှင် (၃၃၀၀-၄၆၀၀)အထိ ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ မန်ကျည်းဟောင်း တစ်ပိဿာလျှင် ငွေကျပ် (၁၉၀၀ - ၂၅၀၀)ကြား ပေါက်ဈေးရှိပါသည်။

မန်ကျည်းအသစ်သည် အဟောင်းထက် အချဉ်အရသာ ပိုရှိသော်လည်း အဟောင်းသည် အနှစ်ပိုရပါသည်။ ရန်ကုန်ဈေးကွက်သို့ မန်ကျည်းအသစ်များ တစ်လခန့်နောက်ကျပြီးမှ ဝင်ရောက် လာခြင်း ဖြစ်ပါသည်။ ပုံမှန်အားဖြင့် မန်ကျည်းအသစ်သည် ယခင်နှစ်၏ ဒီဇင်ဘာလတွင် ရန်ကုန် ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါသည်။ (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် တစ်ပိဿာလျှင် ငွေကျပ် (၃,၁၀၀)ပေါက်ဈေးဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဘုရင့်နောင်ပွဲရုံ၊ ခရေ လမ်းရှိ မန်ကျည်းဒိုင်မှ ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။

မန်ကျည်းအဟောင်းဈေးမှာ စျေးပိုသက်သာသောကြောင့် ဝယ်လိုအား မြင့်မားနေကြောင်း ဘုရင့်နောင်ပွဲရုံ၊ စိန်ပန်းလမ်းမှ ရောင်းချသူတစ်ဦးက GNLM သို့ ပြောပါသည်။ ယခုနှစ် မန်ကျည်း အထွက်နည်းမည်ဟု ကုန်သည်များက ခန့်မှန်းနေကြပါသည်။ 

ပြည်၊ သဲကုန်းနှင့် ပုတီးကုန်းဒေသများမှ မန်ကျည်းသီးများသည် ရန်ကုန်ဈေးကွက်သို့ စတင် ဝင်ရောက်လာခဲ့ပါသည်။ ထို့နောက် ရမည်းသင်း၊ ပျော်ဘွယ်နှင့် တပ်ကုန်းဒေသများမှ မန်ကျည်း အမြောက်အများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့ပါသည်။ ပခုက္ကူ၊ မြိုင်၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ မလှိုင်၊ တောင်သာ၊ ညောင်ဦး၊ ထားဝယ်နှင့် ရှမ်းပြည်တောင်ပိုင်း ဒေသများတွင် မန်ကျည်း အမြောက်အများ ထွက်ရှိပါသည်။ တင်ပို့မှုနည်းပါးခြင်းကြောင့် ပြည်တွင်းဈေးကွက်သည် (၂၀၂၂)နှင့် (၂၀၂၃)ခုနှစ်များတွင် မန်ကျည်းဈေးနှုန်းများ မြင့်တက်လာခြင်း မရှိပေ။ ဘုရင့်နောင်ပွဲရုံ၊ စိန်ပန်း လမ်းရှိ ကုန်သည်ဦးဇော်က (၂၀၂၄)ခုနှစ်တွင် ပြည်ပတင်ပို့မှုများသည် ပြည်တွင်းမန်ကျည်း ဈေးကွက်အပေါ် လွှမ်းမိုးသက်ရောက်နိုင်မည်ဟု ခန့်မှန်းခဲ့ပါကြောင်း (၂၀. ၃. ၂၀၂၄)ရက်နေ့တွင် ထုတ်ဝေ သည့်  Global new light of Myanmar ၏သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/new-tamarind-prices-fetch-higher-price-than-old-stocks/

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ