ထန်းလျက် ဈေးနှုန်းများ မြင့်တက်လာပြီး ဈေးကွက်အလားအလာ ကောင်းမွန်လျက်ရှိ

  • Thu, 28 March 2024

ထန်းလျက် ဈေးနှုန်းများ မြင့်တက်လာပြီး ဈေးကွက်အလားအလာ ကောင်းမွန်လျက်ရှိ



ထန်းလျက် စျေးနှုန်းများ စံချိန်တင်မြင့်တက်သွားခြင်းနှင့်အတူ စျေးကွက်အလားအလာ ကောင်းမွန်လျက်ရှိကြောင်း ကုန်သည်များကပြောကြားခဲ့ပါသည်။

ယခုနှစ် ထန်းလျက်ရာသီတွင် ထန်းလျက်တစ်ပိဿာဈေးနှုန်း ငွေကျပ် ၅၀၀၀ ခန့် ရှိပြီး ရေစကြိုထန်းလျက်ဖြူလက်ကားဈေးသည် တစ်ပိဿာလျှင် ငွေကျပ် (၅၉၀၀)အထိ မြင့်တက်ခဲ့ ပါသည်။

ထန်းလျက်လက်လီဈေးနှုန်းသည် တစ်ပိဿာလျှင် ငွေကျပ် ၁၀,၀၀၀ ဖြင့် ရောင်းဝယ် ဖောက်ကားလျက်ရှိကြောင်း လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးမှ  လက်လီရောင်းချသူတစ်ဦး က Global New Light of Myanmar (GNLM) သို့ ပြောခဲ့ပါသည်။

၂၀၂၄ ခုနှစ် မတ်လ (၁၈) ရက်နေ့ ဘုရင့်နောင် ထန်းလျက်ကုန်စည်ဒိုင်၏ ကိန်းဂဏန်း များအရ ထန်းလျက်ထွက်ရှိရာ ဒေသပေါ်မူတည်၍ တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၄၈၀၀ မှ ကျပ် ၅၉၀၀ အထိရှိကြောင်းသိရသည်။ ထန်းလျက်ပေါက်ဈေးသည် ၂၀၂၁ ခုနှစ်တွင် တစ်ပိဿာ ဈေးနှုန်းမှာ (၁,၅၀၀ - ၂၀၀၀)ကျပ်၊ ၂၀၂၂ ခုနှစ်တွင် (၂၁၀၀ - ၂၉၀၀)ကျပ်၊ ၂၀၂၃ ခုနှစ်တွင် (၂၈၀၀ - ၃၀၀၀)ကျပ် နှင့် ၂၀၂၄ ခုနှစ်တွင်(၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်ဖောက်ကားခဲ့ပါသည်။

ထန်းလျက်ပေါက်ဈေးသည် တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မျှသာရခဲ့သောအချိန်က  ထန်းတက်သမားများ၏ လုပ်ခအပါအဝင် အထွေထွေကုန်ကျစရိတ်ကိုမကာမိကြောင်း ရုပ်ပိုင်း ဆိုင်ရာအရ လိုအပ်ချက်အရထန်းလျက်လုပ်ငန်းကို လုပ်ကိုင်နေကြသော်လည်း အဆိုပါလုပ်ငန်း သည် ဝင်ငွေရရှိမှုနည်းသောကြောင့် ဒေသခံများသည် ပြည်ပနိုင်ငံများသို့ အလုပ်အကိုင်များ ပြောင်းရွှေ့လုပ်ကိုင်နေကြပါကြောင်း ရေနံချောင်းမြို့နယ် သာလုကန်ကျေးရွာတွင် ထန်းတက် သမားအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ယခုအခါ ရန်ကုန်မြို့တွင် ထန်းလျက်ရောင်းချနေသည့် ကိုအောင်ထွန်း က GNLM သို့ ပြောကြားခဲ့ပါသည်။

လုပ်သားရှားပါးမှုနှင့် ဈေးနှုန်းနိမ့်ကျမှုကြောင့် ထန်းပင်ပိုင်ရှင်အချို့သည် စီးပွားဖြစ် အလို့ငှာ ထန်းပင်များကို ခုတ်လှဲရောင်းချခဲ့ကြသည်။ ထို့ကြောင့် ဈေးကွက်တွင် သဘာဝ ထန်းလျက်ကို ရှာဖွေရန်ရရှိရန် ခက်ခဲလာခဲ့သည်။

စိုက်ပျိုးချိန်မှ စျေးကွက်ဝင်ထန်းပင်များရရှိလာသည်အထိ ဆယ်စုနှစ်တစ်ခုခန့် ကြာပါ သည်။ မည်သို့ပင်ဆိုစေကာမူ ထန်းပင်တက်ခြင်းလုပ်ငန်းသည် ထန်းလျက်ဈေးနှုန်း စံချိန်တင် မြင့်မားလာပြီးနောက် ပိုမိုဖွံ့ဖြိုးလာကြောင်း၊ ထန်းပင်များကို ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ရေနံချောင်း၊ ပခုက္ကူ၊ ရေစကြို၊ မလှိုင်နှင့် တောင်သာ ဒေသများတွင် အဓိကတွေ့ရှိရပါကြောင်းကို (၂၀.၃.၂၀၂၃) Global New Light of Myanmar သတင်းအရသိရှိရပါသည်။


Source https://www.gnlm.com.mm/positive-outlook-for-jaggery-market-as-prices-rise/#article-title


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန











ဆက်စပ် သတင်းများ