မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများသည် လယ်ယာထွက်ကုန်များ တင်ပို့ရန်အတွက် ဇစ်မြစ်ခြေရာခံနိုင်ရန် ဆောင်ရွက်နေ

  • Thu, 28 March 2024

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများသည် လယ်ယာထွက်ကုန်များ တင်ပို့ရန်အတွက် ဇစ်မြစ်ခြေရာခံနိုင်ရန် ဆောင်ရွက်နေ



မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများသည် ၎င်းတို့အား ထောက်ပံ့ရေးကွင်းဆက်များတွင် ပေါင်းစည်းရန်၊ ဘေးကင်းသော ပြုပြင်ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတို့ကို သေချာစေရန်နှင့် ဗီယက်နမ်လယ်ယာ ထွက်ကုန်များအပေါ် စားသုံးသူယုံကြည်မှု တည်ဆောက်ရန်အတွက် လယ်ယာ ထွက်ကုန် ခြေရာခံနိုင်မှုကို မြှင့်တင်လျက်ရှိပါသည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ဆန်၊ ရေထွက်ကုန်နှင့် သစ်သီးဝလံများ တင်ပို့ရန် အတွက် အဓိက အချက်အချာနေရာ ဖြစ်သောကြောင့် စိုက်ပျိုးရေးထွက်ကုန်များ၏ ခြေရာခံနိုင်မှုကို ထိရောက်စွာ စီမံခန့်ခွဲရန် လိုအပ်ပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏အဆိုအရ ဈေးကွက် (၁၁)ခုသို့ နိုင်ငံ၏ထုတ်ကုန် (၂၅)ခုအတွက် လယ်ယာထွက်ကုန်ဧရိယာ ကုဒ် (၆၈၈၃)ခု ထုတ်ပြန် ထားပါသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ကုဒ်နံပါတ် (၃၉၇၅)ခုဖြင့် စိုက်ပျိုးဧရိယာ အများဆုံး ရှိပါသည်။

Tiền Giang ပြည်နယ်၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး Nguyễn Văn Mẫn က ပြည်နယ်၏ စိုက်ပျိုးဧရိယာကုတ်နံပါတ် (၅၂၈)ခု နှင့် ထုပ်ပိုးမှုဆိုင်ရာ ကုတ်နံပါတ်များကို လက်ရှိစည်းမျဉ်းများနှင့်အညီ အကောင်အထည်ဖော် ဆောင် ရွက်လျက် ရှိပါသည်။

လယ်ယာထွက်ကုန် ဧရိယာကုဒ်နံပါတ် (၁၈၀)ခု ကျော်ကို တရုတ်ဈေးကွက်သို့ ပိန္နဲသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဖရဲသီး၊ ကြက်မောက်သီး၊ လောင်ဂန်သီးနှင့် ဒူးရင်းသီးစသည့် သီးနှံ (၇)မျိုးမှ ထုတ်ပေးလျက်ရှိပါသည်။

ခရိုင်ဦးစီးဌာနသည် လယ်ယာလုပ်ငန်းခွင်ကုဒ်များနှင့် ထုပ်ပိုးခြင်းဆိုင်ရာ စည်းမျဉ်းများ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးရန် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

Tiền Giang ပြည်နယ်သည် ဒူးရင်းစိုက်ပျိုးဧရိယာများအတွက် ဒေတာဘေ့စ်စီမံခန့်ခွဲမှု ဆော့ဖ်ဝဲကို ဖော်ဆောင်ရန် ရှေ့ပြေးပရိုဂရမ်တစ်ခုကိုလည်း အကောင်အထည်ဖော်လျက်ရှိပါသည်။

- ၉ -

ဤဆော့ဖ်ဝဲလ်သည် မြေပုံများတွင် ဒူးရင်းစိုက်ပျိုးသည့်ဧရိယာများအကြောင်း အချက်အလက် များကို ပြသပေးမည်ဖြစ်ပြီး စီရင်စုအတွင်းရှိ ဒူးရင်းနှင့် အဓိကသီးနှံစိုက်ပျိုးရေး ဧရိယာ အားလုံးကို လွှမ်းခြုံနိုင်စေရန် မြေပုံချဲ့ထွင်ခြင်းအတွက် အခြေခံအဖြစ် လုပ်ဆောင်ပေးမည် ဖြစ်ပါသည်။

Bến Tre ပြည်နယ်တွင် လက်ရှိတွင် ကုဒ်နံပါတ်(၈၄)ဖြင့် ထုတ်ပြန်ထားသော စိုက်ပျိုး ဧရိယာ (၄၁)ခုရှိပါသည်။ အုန်းသီး၊ အစိမ်းရောင်စပျစ်သီး၊ ကြက်မောက်သီး၊ သရက်သီး၊ ဒူးရင်းသီး စသည့် လယ်ယာထွက်ကုန် ဧရိယာကုဒ်များပါရှိသည့် အချို့သော စိုက်ပျိုးရေး ထွက်ကုန်များကို ဥရောပ၊ အမေရိကန်၊ နယူးဇီလန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံ များသို့ တင်ပို့ထားပါသည်။

Bến Tre ပြည်နယ်၏ အပင်ကာကွယ်ရေးနှင့် စိုက်ပျိုးရေးဌာနခွဲ အကြီးအကဲ Võ Văn Nam က စိုက်ပျိုးဧရိယာကုဒ်များနှင့် ထုပ်ပိုးမှုဆိုင်ရာကုဒ်များသည် ပို့ကုန်လယ်ယာထွက်ကုန်များ၏ ခြေရာခံနိုင်မှုကို အာမခံနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

Bến Tre ပြည်နယ်၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စိုက်ပျိုးထုတ်လုပ်မှုကို စောင့်ကြည့်ရန်နှင့် စိုက်ပျိုးဧရိယာကုဒ်များကို စီမံခန့်ခွဲရန် ဒေသများကို မြှင့်တင် လျက်ရှိပါသည်။

လက်ရှိတွင် စားသုံးသူများသည် ကျန်းမာရေး၊ ရောဂါကာကွယ်ရေး နှင့် ကျန်းမာသော နေထိုင်မှု ပတ်ဝန်းကျင်အတွက် အရေးတကြီးလိုအပ်မှုတို့ကို ဦးစားပေးလုပ်ဆောင်လာသောကြောင့် အစားအစာဘေးကင်းရေးနှင့် ပတ်သက်၍ ပိုမိုစိုးရိမ်လာကြသည်။

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ ထုတ်ကုန်များအတွက် ပွင့်လင်းမြင်သာမှုသည် စိုက်ပျိုးရေးထွက်ကုန်များ ဝယ်ယူရာတွင် အဓိက အချက်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။

စားသုံးသူများသည် ထုတ်ကုန်များအကြောင်းကို သိချင်သောအခါတွင် ၎င်းတို့သည် နောက် ဆုံးထုတ်ကုန်ကို ၎င်း၏ မူရင်းထုတ်လုပ်သည့်နေရာသို့ ခြေရာခံနိုင်ပြီး ထုပ်ပိုးမှုတွင် ရိုက်နှိပ် ထားသော ခြေရာခံနိုင်မှုကုဒ်ကို အသုံးပြု၍ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် အဆင့် တစ်ခုစီကို ပြန်လည် သုံးသပ်နိုင်ပါသည်။

စားသုံးသူများသည် အချက်အလက်ရှာဖွေရန် ထုတ်ကုန်၏ဝဘ်ဆိုက်တွင် ခြေရာခံနိုင်မှုကုဒ်ကိုထည့်သွင်းနိုင်ခြင်း၊ သို့မဟုတ် ခြေရာခံနိုင်မှုဆော့ဖ်ဝဲကို ထည့်သွင်းထားသည့် စမတ်ဖုန်းကို အသုံး ပြု၍ ခြေရာခံနိုင်မှုကုဒ်ကို စကင်န်ဖတ်၍ ရှာဖွေနိုင်ပါသည်။

Bình Thuận ပြည်နယ်၊ Hàm Thuận Bắc ခရိုင်ရှိ Hòa Lệ သန့်ရှင်းသောနဂါးမောက်သီး သမ ဝါယမ ဒါရိုက်တာ Đỗ Thanh Hiệp က နဂါးမောက်သီးဝယ်ယူသည့်အခါ စားသုံးသူများသည် ထုတ်လုပ်မှုအသုတ်၊ ထုတ်လုပ်သည့်ယူနစ်၊ ဓာတ်မြေသြဇာအမျိုးအစားများ၊ ပိုးသတ်ဆေး အမျိုး အစားများနှင့် အသိအမှတ်ပြုလက်မှတ်များ၊ ရိတ်သိမ်းရက်စွဲများ၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ သက်တမ်း ကုန်ဆုံးရက်များစသည့် သတင်းအချက်အလက်များကို ခြေရာခံနိုင်ကြောင်း ပြောပါသည်။ 

Bình Thuận ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုယ်စား လှယ်တစ်ဦးက ပြည်နယ်အတွင်း အသိအမှတ်ပြုအမှတ်တံဆိပ်များရှိသည့် လုပ်ငန်းများ နှင့် သမဝါယမ အများအပြားရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့တွင် Hoà Lệ Dragon Fruit Cooperative၊ Hải Nam Limited Liability Company နှင့် Phan Thiết ငါးငံပြာရည်တို့ ပါဝင်ပြီး ၎င်းတို့အားလုံးသည် ၎င်းတို့၏ ထုတ်ကုန်များတွင် ခြေရာခံနိုင်မှု တံဆိပ်များကို အသုံးပြုထား ပါသည်။ ခြေရာခံနိုင်မှု တံဆိပ်ပါသည့် ထုတ်ကုန်များသည် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်စေပြီး စားသုံးသူများ ဝယ်ယူမှုကို လှုံ့ဆော်ပေးကာ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေကြောင်း (၂၁.၃.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Vietnam News သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://vietnamnews.vn/economy/1652381/mekong-delta-localities-ensure-traceability-for-export-agricultural-products.html


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ