ဝါးထုတ်ကုန်များ ဈေးကွက်ပြန်လည်ကောင်းမွန်လာသဖြင့် ဝါးစိုက်ပျိုးသူများတိုးပွားလာ

  • Thu, 4 April 2024

ဝါးထုတ်ကုန်များ ဈေးကွက်ပြန်လည်ကောင်းမွန်လာသဖြင့် ဝါးစိုက်ပျိုးသူများတိုးပွားလာ


ဝါးနှင့် ဝါးလက်မှုပစ္စည်းများအား ပြည်တွင်းပြည်ပမှ ကြိုတင်မှာယူကာအဝယ်လိုက်လာ သဖြင့် ဝါးဈေးကွက် ပြန်လည်ကောင်းမွန် လာသောကြောင့်တောင်သူများအနေဖြင့် ဝါးစိုက်ပျိုးရန် စိတ်ဝင်စားမှု မြင့်တက်လာကြောင်းဝါးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ဦးကျော်ဝင်းထံမှ သိရှိရ ပါသည်။ယခုနှစ်တွင် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ ဝါးပိုးဝါး(ဝါးအကြီးစား) ဝယ်ယူမှုမြင့်တက် လာကြောင်းနှင့် အချို့ဝယ်လက်များသည် စိုက်ခင်းသို့ ကိုယ်တိုင်လာရောက်ကာဝယ်ယူရန်အတွက် စုံစမ်းကြကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရပါသည်။ယခုအခါ ဝါးပျိုးပင်ပေါက်များကို နေရာအနှံ့အပြား၌ ရရှိနိုင်ပြီဖြစ်ကြောင်း၊ ဝါးများရှားပါး လာသည်နှင့်အမျှ ဝါးဈေးကွက်မှာ ကျယ်ပြန့်လာသဖြင့် လူအများအပြားသည်ဝါးစိုက်ပျိုးရန် စိတ် ဝင်စားလာကြကြောင်း၊ ဝါးသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါကတောင်သူများအတွက် ပိုမို၍ အကျိုးအမြတ်ရရှိနိုင်ကြောင်း၊ ဝါးဈေးကွက်သည် ယခင်ထက်ပိုမိုကျယ်ပြန့်လာကြောင်း၊ ပြည်ပ ဈေးကွက်၌မူ တရုတ်ကုန်သည်များသည် (၃)ပေအရှည်ဝါးပိုးဝါးဖြတ်ပိုင်းများကို အရေအတွက် သန်းနှင့်ချီဝယ်ယူလိုကြကြောင်း၊ ၎င်းတို့အနေဖြင့်မြန်မာမှ စိုက်ပျိုးထွက်ရှိလာသည့် ဝါးများအားလုံး ဝယ်ယူမည်ဖြစ်ကြောင်း၊ မလေးရှားနှင့်စင်္ကာပူနိုင်ငံများသို့လည်း ဝါးခြမ်းပြား ပမာဏ အနည်းငယ် တင်ပို့လျက်ရှိကြောင်း၊မျှစ်ဝယ်ယူရန် မှာယူမှုများလည်း ရှိကြောင်း၊ ပြည်တွင်းဈေးကွက်မှာ အခြေ အနေကောင်းမွန်လျက်ရှိကြောင်း၊ ယခင်နှစ်က အခြေအနေကောင်းမွန်လျက် ရှိသော်လည်း ယခုနှစ်တွင်မူ ဝယ်ယူသူအများစုမှာ စိုက်ခင်းသို့ မျက်မြင်လာရောက် စစ်ဆေးပြီးမှသာဝယ်ယူလေ့ရှိ ကြကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ဝါးရှားပါးလာမှုနှင့် လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ် မြင့်မားမှုကြောင့်ယခုနှစ် ဝါးဈေးသည် ယခင်နှစ်ထက် မြင့်တက်လာကြောင်း၊ ဖျာယက်ခြင်း နှင့်ဆောက်လုပ်ရေးလုပ်ငန်း များတွင် အသုံးပြုသည့် ကြတ်သောင်းဝါးတစ်လုံးလျှင် (၆၀၀-၇၀၀)ကျပ်မှ ယခုအခါ (၁၂၀၀) ကျပ်သို့ မြင့်တက်သွားကြောင်း၊ အရည်အသွေးကောင်းမွန်သော်လည်း (၁၂၀၀)ကျပ်သို့ မြင့်တက် သွားသဖြင့်‌ဈေးနှုန်းမှာ(၂)ဆဖြစ်ကြောင်း၊ ထီးရိုးဝါးမှာ(၇၀၀-၈၀၀) ကျပ်မှ (၁၆၀၀)ကျပ်သို့ မြင့်တက်သွားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ဝါးနှင့် ဝါးထွက်ပစ္စည်းများကို စိတ်ဝင်စားမှု ကြီးထွားလာခြင်းသည်ဝါးလက်မှုပညာကို တီထွင် သူများအတွက် အခွင့်အလမ်းတစ်ခုဖြစ်သကဲ့သို့ ၎င်းသည်နောင်တွင် ဝါးစိုက်တောင်သူများအတွက် အကျိုးကျေးဇူးတစ်ရပ် ဖြစ်လာစေနိုင်သည်ဟု ၎င်းကထင်မြင်ချက်ပြုခဲ့ကြောင်းကို (၂၉. ၃. ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်သည့် Global NewLight of Myanmar သတင်းဆောင်းပါး အရ သိရှိရ ပါသည်။

Source https://www.gnlm.com.mm/bamboo-growers-on-the-rise-as-bamboo-products-rebound-in-local-and-foreign-markets/

တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ