ပြည်ပဝယ်လိုအားလျော့နည်းလာခြင်းကြောင့် ပြောင်းဈေးများ ကျဆင်းလာ

  • Thu, 4 April 2024

ပြည်ပဝယ်လိုအားလျော့နည်းလာခြင်းကြောင့် ပြောင်းဈေးများ ကျဆင်းလာ


ပြောင်းဈေးကွက်တွင် ဝယ်လိုအားကျဆင်းလာသဖြင့် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလဆန်းပိုင်းတွင် ပြောင်း တစ်ပိဿာလျှင် (၁,၂၀၀)ကျပ်ရှိခဲ့ရာမှ မတ်လနှောင်းပိုင်းတွင်ပြောင်းဈေးသည် တစ်ပိဿာလျှင် (၁,၀၀၀)ကျပ်ဝန်းကျင်သို့ ကျဆင်းသွားခဲ့ပါသည်။မြန်မာနိုင်ငံသည် ပြောင်းကို နယ်စပ်ဒေသများမှ တဆင့် တရုတ်နှင့်ထိုင်းနိုင်ငံများသို့တင်ပို့ပြီး တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့နေကြောင်းမြန်မာနိုင်ငံပြောင်းစက်မှုလုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။မြန်မာနိုင်ငံမှ ပြောင်းတင်သွင်းသည့် ထိပ်တန်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည်ဖေဖော် ဝါရီလ (၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့အထိ အကောက်ခွန်မဲ့ (Form-D) ဖြင့်ပြောင်း တင်သွင်းမှုကို ခွင့်ပြုပေးခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် ပြောင်းရာသီအတွင်းပြောင်းတင်သွင်း ပါက ထိုင်းနိုင်ငံ ပြောင်းစိုက်ပျိုးသူများ၏ အခွင့်အရေးကိုကာကွယ်ရန်အတွက် အမြင့်ဆုံးအခွန် နှုန်းထားကို (၇၃%) ချမှတ်ထားပါသည်။ထို့အပြင် တရုတ်နိုင်ငံသည် ဘိန်းအစားထိုးအစီအစဉ်အရ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှ တဆင့် မြန်မာနိုင်ငံမှပြောင်းကို ဝယ်ယူလျက်ရှိပါသည်။ မြန်မာနှင့်တရုတ်နိုင်ငံကြား တရားဝင် ပြောင်း ကုန်သွယ်မှုကို (၂၀၂၂)ခုနှစ် နှစ်ကုန်တွင် စတင်ခဲ့ပြီးမြန်မာနိုင်ငံမှ ကုမ္ပဏီပေါင်း (၁၁၂)ခုကို ပြောင်းတင်ပို့ခွင့်ပြုထားပါသည်။မြန်မာနိုင်ငံသည် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၊ ဧပြီလ (၁)ရက်နေ့မှစတင်၍ဒီဇင်ဘာလ (၂၉) ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းသို့ အမေရိကန်ဒေါ်လာ (၂၇၉.၀၄၂)သန်းတန်ဘိုးရှိသော ပြောင်း တန်ချိန်စုစုပေါင်း (၉၃၄၈၈၃)တန် တင်ပို့ခဲ့ကြောင်းအကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ သိရှိ ရပါသည်။မြန်မာနိုင်ငံသည် (၂၀၂၂) ခုနှစ်၊ ပြောင်းရာသီတွင် ပြောင်းတန်ချိန်(၂)သန်းကျော်ကို ပြည်ပ ကုန်သွယ်ဖက်နိုင်ငံများသို့ တင်ပို့ခဲ့ပါသည်။အဓိကတင်ပို့သောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင် နှင့်ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့ပါသည်။ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့သာမက မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြ ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်းရာသီ၊ နွေရာသီနှင့် မုတ်သုံရာသီဟူ၍ ပြောင်းစိုက်ပျိုးရာသီ (၃)ခုရှိပါသည်။ မြန်မာနိုင်ငံသည် နှစ်စဉ် ပြောင်းတန်ချိန် (၂.၅-၃)သန်းအထိ ထွက်ရှိကြောင်း(၂၇. ၃. ၂၀၂၄) ရက်နေ့တွင်ထုတ်ပြန်ခဲ့သော Global New Light of Myanmarသတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/sluggish-foreign-demand-drives-corn-prices-down/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ