ကိုင်းကူးကိုင်းဆက် ဒူးရင်းသီးများ ဈေးနှုန်းအမြင့်ဖြင့် ဈေးကွက်အား လွှမ်းမိုးထား

  • Thu, 2 May 2024

ကိုင်းကူးကိုင်းဆက် ဒူးရင်းသီးများ ဈေးနှုန်းအမြင့်ဖြင့် ဈေးကွက်အား လွှမ်းမိုးထား




ထိုင်းဒူးရင်းသီးဟု လူသိများသော ကိုင်းကူးကိုင်းဆက်ထားသည့် ဒူးရင်းသီးအများစုသည် ယခုအခါ ပြည်တွင်းဒူးရင်းဈေးကွက်ကို လွှမ်းမိုးထားပြီး ဈေးနှုန်းမြင့်မားသောကြောင့် လူအနည်း ငယ်သာ ဝယ်ယူနိုင်ကြပါသည်။

ဒူးရင်းသီးဈေးသည် ထွက်ရှိသည့် နေရာဒေသပေါ်တွင် မူတည်ကြောင်း၊ လက်ရှိတွင် အချို့ ဒေသများ၌ ထွက်ရှိနေပြီဖြစ်သော်လည်း အချို့သောဒေသများတွင် မထွက်ရှိသေးကြောင်း၊ အချို့ နေရာများ၌ ခူးဆွတ်နေကြပြီဖြစ်ကြောင်း၊ ရန်ကုန်ဈေးကွက်တွင် ဈေးနှုန်းမြင့်မားသောကြောင့် လူတန်းစား အချို့သာ ဝယ်ယူနိုင်ကြကြောင်း၊ ပုံမှန်အားဖြင့် ဒူးရင်းသီးများသည် ဇွန်လတွင် ထွက်ရှိကြောင်း၊ လက်ရှိ၌ ထိုင်းမျိုးများသည် ဈေးကွက်ထဲသို့ ဝင်ရောက်လာကြောင်း၊ ထိုင်း ဒူးရင်းသီးတစ်လုံးလျှင် ကျပ် (၄၀၀၀၀-၅၀၀၀၀)အထိရှိကြောင်း တောင်ဥက္ကလာပမြို့နယ်ရှိ ဒူးရင်းသီး ရောင်းချသူ ကိုထင်ကျော်လင်းက ပြောပါသည်။

ဈေးသက်သာသော မြန်မာဒူးရင်းသီးများသည် ဇွန်လတွင် ထွက်ရှိမည်ဖြစ်ပြီး ရောင်းအား မြင့်တက်လာရန် မျှော်လင့်ထားပါသည်။

ဒူးရင်းသီးကို မန္တလေးဒေသတွင် စိုက်ပျိုးပြီး ဇွန်လ၌ ပေါပေါများများ ခူးယူနိုင်ပြီဖြစ်ပြီး ရောင်းအားမြင့်တက်ရန် မျှော်လင့်ထားကြောင်း၊ မြန်မာလူမျိုးများသည် ဒူးရင်းသီးကို ကြိုက် နှစ်သက်ကြသောကြောင့် အထွက်နှုန်းများပါက ဝယ်ယူမှုများမြင့်လာနိုင်ကြောင်း၊ အမျိုးသမီး (၁၀) ယောက်တွင် (၉)ယောက်က ဒူးရင်းသီးကို ကြိုက်နှစ်သက်ကြကြောင်း ပြောပါသည်။ ထိုင်း ဒူးရင်းသီးများသည် ဈေးကွက်တွင် ရောင်းအားအလယ်အလတ် ရှိသော်လည်း မြန်မာသီးများနှင့် ယှဉ်ပါက ဈေးနှုန်းမြင့်မားမှုကြောင့် ရောင်းအားနည်းနေသေးကြောင်း သိရပါသည်။

ထိုင်းဒူးရင်းသီးများကို မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော်လည်း မြန်မာမျိုးများထက် ဈေးနှုန်းမြင့်မားမှုကြောင့် လူတန်းစားအချို့သာတတ်နိုင်ပြီး ရောင်းရသည်မှာ အဆင်မပြေကြောင်း ကိုထင်ကျော်လင်းကပြောပါသည်။ 

ရန်ကုန်ဈေးကွက်သည် ထိုင်းဒူးရင်းသီးသည် အရွယ်အစားပေါ်မူတည်ပြီး အနိမ့်ဆုံးဈေး (၂၀၀၀၀)မှ အမြင့်ဆုံးဈေး (၁၀၀၀၀၀)အထိရှိကြောင်း (၂၃.၄.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.gnlm.com.mm/expensive-grafted-durians-dominate-the-market/#article-title


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ(၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ