ကျောက်ဆည်ဒေသရှိ ပန်းဂေါ်ဖီစိုက်ပျိုးသူများ ခုတ်သိမ်းချိန်တွင် အမြတ်အစွန်းများရရှိ

  • Thu, 2 May 2024

ကျောက်ဆည်ဒေသရှိ ပန်းဂေါ်ဖီစိုက်ပျိုးသူများ ခုတ်သိမ်းချိန်တွင် အမြတ်အစွန်းများရရှိ


ကျောက်ဆည်ဒေသရှိ ပန်းဂေါ်ဖီစိုက်ပျိုးသူများ ခုတ်သိမ်းချိန်တွင် အမြတ်အစွန်းများရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ အထူးသဖြင့် မြစ်၊ ချောင်းများအနီးနှင့် ရေအရင်းအမြစ် အလွယ်တကူရရှိသည့် ကျေးရွာများတွင် ဟင်းသီးဟင်းရွက် မျိုးစုံကို စိုက်ပျိုးရောင်းချလျက်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကျေးရွာများအနက် ပင်းတလဲကျေးရွာမှ လယ်သမားများသည် တစ်ပွင့်လျှင် ငွေကျပ် (၃၅၀) ရရှိသည့် ပန်းဂေါ်ဖီပင်များ စိုက်ပျိုးကြကြောင်း သိရသည်။

ပန်းဂေါ်ဖီစိုက်ပျိုးသူ ဒေါ်သိန်းမြက ကျောက်ဆည်မြို့နယ်တွင် မြှားတံဆိပ် ပန်းဂေါ်ဖီကို အများဆုံးစိုက်ပျိုးသည်ဟု ဆိုသည်။

ပန်းဂေါ်ဖီပင်သည် စိုက်ပျိုးရန်နှင့် သယ်ယူပို့ဆောင်ရန် လွယ်ကူသောကြောင့် လယ်သမား များသည် အများအားဖြင့် တစ်ဧကလျှင် မျိုးစေ့ငါးထုပ်ကို စိုက်ပျိုးကြသည်။

ပန်းဂေါ်ဖီစိုက်ပျိုးခြင်းနှင့် ဆက်စပ်သော အဓိကကုန်ကျစရိတ်များမှာ မြေပြုပြင်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊  မြေသြဇာကျွေးခြင်း၊  အပင်အာဟာရများကျွေးခြင်း၊  ပိုးသတ်ဆေး ဖြန်းခြင်း၊ ရေသွင်းခြင်းနှင့် အခြားအထွေထွေကုန်ကျစရိတ်များအပါအဝင် စုစုပေါင်း ငွေကျပ် (၇၀၀,၀၀၀) မှ ကျပ် (၈၀၀,၀၀၀) အထိ ကုန်ကျပါသည်။

ပန်းဂေါ်ဖီများရောင်းချသည့်အခါ ပွဲစားများက စိုက်ခင်းများအထိ အရောက်လာပြီး အများအားဖြင့် တစ်ပွင့်ကို ကျပ် (၃၅၀)နှင့် ဝယ်ယူလေ့ရှိကြောင်းကို (၂၂.၄.၂၀၂၄) ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။


Source https://www.gnlm.com.mm/kyaukse-cauliflower-growers-reap-profitable-returns/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ