ပြည်ပဝယ်လိုအားကြောင့် ပြောင်းဈေးများမြင့်တက်လာ

  • Wed, 8 May 2024

ပြည်ပဝယ်လိုအားကြောင့် ပြောင်းဈေးများမြင့်တက်လာ


ပြောင်းဈေးသည် မတ်လနောက်ဆုံးပတ်၌ တစ်ပိဿာလျှင် (၁၀၆၀)ကျပ်ဖြင့် မပြောင်းလဲဘဲ ရှိခဲ့ရာမှ ပြည်ပဝယ်လိုအား အနည်းငယ်တက်လာပြီးနောက် ပြောင်းဈေးသည် မေလ (၃)ရက် နေ့တွင် တစ် ပိဿာလျှင် (၁၀၉၀)ကျပ်သို့ အနည်းငယ် မြင့်တက်လာခဲ့သည်။ မြန်မာ့ပြောင်းကို နယ်စပ်မှတစ်ဆင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ပြီး တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းလမ်းများမှ သင်္ဘောများဖြင့် တင်ပို့နေကြောင်း မြန်မာနိုင်ငံပြောင်းစက်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ မြန်မာနိုင်ငံမှ ပြောင်းတင်သွင်း သည့် အဓိကနိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီလ (၁)ရက်မှ သြဂုတ်လ (၃၁)ရက်အထိ ပြောင်းဆံသွင်းကုန် များကို အကောက်ခွန်မဲ့ (Form-D) ဖြင့် လက်ခံသွားမည်ဖြစ်သည်။သို့သော် ထိုင်းနိုင်ငံသည် ပြောင်းစိုက်ပျိုးရာသီတွင် ပြောင်းတင်သွင်းပါက ထိုင်းနိုင်ငံ ပြောင်းစိုက်ပျိုး သူများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် ပြောင်းတင်သွင်းမှုအပေါ် အမြင့်ဆုံး အခွန် (၇၃)ရာခိုင်နှုန်း ချမှတ်ထားသည်။ တရုတ်နိုင်ငံသည်လည်း ဘိန်းအစားထိုး အစီအစဉ်ဖြင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှတဆင့် မြန်မာနိုင်ငံမှ ပြောင်းများကို ဝယ်ယူလျက်ရှိပါသည်။မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တရားဝင် ပြောင်းရောင်းဝယ်ရေးသည် ၂၀၂၂ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပြောင်းတင်ပို့သည့် ကုမ္ပဏီ စုစုပေါင်း (၁၁၂)ခုကို ခွင့်ပြုထားသည်။ မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ပြောင်းရာသီတွင် ပြည်ပကုန်သွယ်မှု မိတ်ဖက်များ ထံသို့ ပြောင်းတန်ချိန် (၂)သန်းကျော် တင်ပို့ခဲ့သည်။ အများစုကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး ကျန် တင်ပို့သည့်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်သည်။မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင် ပြည်နယ်တို့အပြင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြသည်။ မြန်မာ နိုင်ငံတွင် ပြောင်းစိုက်ပျိုးရာသီသည် ဆောင်းရာသီ၊ နွေရာသီနှင့် မိုးရာသီဟူ၍ သုံးမျိုးရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ပြောင်းထွက်ရှိမှုမှာ တန်ချိန် (၂.၅-၃)သန်းအထိ ရှိသည်ကို (၄.၅.၂၀၂၄) ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရပါသည်။

Source https://www.gnlm.com.mm/foreign-demand-drives-maize-prices-up/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ(၈) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ