မေလ၏ ပထမ (၆) ရက်အတွင်း ရန်ကုန်ဈေးကွက်သို့ မြို့နယ်ပေါင်းစုံမှ ကြက်သွန်နီ (၁,၃၅၀,၀၀၀) ပိဿာခန့် ဝင်ရောက်လာ

  • Wed, 15 May 2024

မေလ၏ ပထမ (၆) ရက်အတွင်း ရန်ကုန်ဈေးကွက်သို့ မြို့နယ်ပေါင်းစုံမှ ကြက်သွန်နီ (၁,၃၅၀,၀၀၀) ပိဿာခန့် ဝင်ရောက်လာ


မေလ၏ ပထမဆုံး (၆)ရက်အတွင်း ရန်ကုန်ဈေးကွက်သို့ မြို့နယ်ပေါင်းစုံမှ ကြက်သွန်နီ နေ့စဉ်ပျမ်းမျှ (၂၀၀,၀၀၀)ပိဿာခန့်ဖြင့် စုစုပေါင်း ကြက်သွန်နီပိဿာချိန် (၁,၃၅၀,၀၀)ခန့် ဝင်ရောက် လာခဲ့ပါသည်။ယခုအပတ်တွင် ကြက်သွန်နီဝင်ရောက်မှု များပြားလာသည်နှင့်အမျှ ကြက်သွန်နီဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ဈေးကွက်အရင်းအမြစ်များအရ သိရှိရပါသည်။ ရန်ကုန်ဈေးကွက်တွင် ဝယ်လိုအား ကျဆင်းသွားသည့်အပြင် ဈေးနှုန်းများလည်း ကျဆင်းသွားခဲ့ပါသည်။ရန်ကုန်ဈေးကွက်အပြင် မြင်းခြံဈေးကွက်သို့ နေ့စဉ်ကြက်သွန်နီ ပိဿာချိန် (၁၅၀,၀၀၀) အထက် ဝင်ရောက်လျက်ရှိသော်လည်း ပခုက္ကူဈေးကွက်သို့ ကြက်သွန်နီ ပိဿာချိန် (၁၀၀,၀၀၀) ခန့်သာ ဝင်ရောက်ခဲ့ပါသည်။ မေလ (၇)ရက်နေ့တွင် ကြက်သွန်နီ ဈေးနှုန်းများသည် ဧပြီလကုန် ထက် အနည်းငယ် ကျဆင်းသွားခဲ့ပါသည်။ ကြက်သွန်နီ အထွက်နှုန်း အလွန်မြင့်မားသည့်ကြားတွင် အနီးကပ် စောင့်ကြည့်နေသည့် ပွဲစားများ၏ ဝယ်ယူမှုအချို့ကြောင့် ကြက်သွန်နီဈေးနှုန်း ကျဆင်း မှုများ ဆိုးဆိုးရွားရွား မရှိနိုင်ကြောင်း ကြက်သွန်နီတောင်သူများက ပြောကြားခဲ့ပါသည်။ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူများသည် ယခုနှစ်တွင် ပုံမှန်နွေရာသီအရောင်းရာသီထက် အမြတ် ပိုမိုရရှိနိုင်ပါသည်။ တစ်ဧကလျှင် ကြက်သွန်နီ ပျမ်းမျှအထွက်နှုန်းမှာ အနည်းဆုံး ပိဿာ (၄၀၀၀)ခန့် ရှိသည့်အတွက် ယခုနှစ်တွင် တောင်သူများ အမြတ် နှစ်ဆနီးပါး ရရှိနိုင်ပါသည်။ ယခု နှစ်သည် ပုံမှန်နှစ်များထက် အခြားမြို့နယ်များမှ ကြက်သွန်နီကုန်သည်များအတွက် အမြတ်များ ပိုမို ရရှိနိုင်သည့် အလားအလာရှိကြောင်း ကြက်သွန်နီကုန်သည် ကိုသိန်းလှက မြန်မာ့အလင်းသတင်းစာ သို့ ပြောကြားခဲ့ကြောင်း (၉-၅-၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/1350000-visses-of-onions-from-various-towns-enter-yangon-market-in-first-six-days-of-may/ 

တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၉) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ