မြန်မာ့စိန်တလုံးနှင့် ရွှေဟင်္သာသရက်သီးများသည် တရုတ်ဈေးကွက်တွင် ပုံမှန်စျေးကွက်ဝေစု ရရှိနေ

  • Thu, 23 May 2024

မြန်မာ့စိန်တလုံးနှင့် ရွှေဟင်္သာသရက်သီးများသည် တရုတ်ဈေးကွက်တွင် ပုံမှန်စျေးကွက်ဝေစု ရရှိနေ


မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော စိန်တလုံးနှင့် ရွှေဟင်္သာသရက်သီးများသည် တရုတ် ဈေးကွက်တွင်  ပုံမှန်ဈေးကွက်ဝေစုရရှိနေကြောင်း  နယ်စပ်ရှိ  သစ်သီးကုန်သည်တစ်ဦးထံမှ သိရှိ ရပါသည်။

တရုတ်ဈေးကွက်၌ မိုင်းလား-တာလော လမ်းကြောင်းမှတစ်ဆင့် တင်ပို့သည့် သရက်သီး များအနက် အရည်အသွေးကောင်း စိန်တလုံးသရက်သီး တစ်ကဒ်လျှင် (၉၀-၁၂၀)ယွမ် နှင့် ရွှေဟင်္သာ သရက်သီး တစ်ကဒ်လျှင် (၈၀-၁၀၀)ယွမ် ပေါက်ဈေးရှိနေပါသည်။

လက်ရှိတွင် စိန်တလုံး နှင့် ရွှေဟင်္သာသရက်သီးများသည် ဝယ်လက် နှင့် ဈေးကွက် ရှိသည့်အပြင် ဈေးနှုန်းလည်း အသင့်အတင့်ရရှိနေသဖြင့် ၎င်းတို့ကို တင်ပို့လျက်ရှိကြောင်း၊ ဧပြီ လမှစ၍ အဆိုပါ သရက်သီး တန်ချိန် (၇၀၀)ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ယခုနှစ်၌ မြန်မာ့သရက်သီးများသည် တရုတ်နိုင်ငံ၌ စျေးကွက်ဝေစုရှိသော်လည်း သယ်ယူ ပို့ဆောင်ခအပါအဝင် ကုန်ကျစရိတ်များ မြင့်တက်လာကြောင်း၊ ပို့ကုန်လမ်းကြောင်းနှင့် ကုန်ကျ စရိတ်ကဲ့သို့သော စိန်ခေါ်မှုများကို ကြိုတင်ထည့်သွင်းစဉ်းစားရန် လိုအပ်နေသဖြင့် အရည် အသွေးမြင့် သရက်သီးများကိုသာ ပိုမိုတင်ပို့သင့်ကြောင်း ၎င်းက အကြံပြုခဲ့ပါသည်။

ပြည်တွင်းမှထွက်ရှိသော သရက်သီးအားလုံးကို စားသုံး၍ မကုန်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းသရက်သီးများကို တင်ပို့ရမည်ဖြစ်ပြီး စျေးကွက်အသစ် ဖွံ့ဖြိုးလာအောင်လည်း ပြုလုပ်ရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် သရက်သီးကို ဝယ်ယူ၍ ပြည်ပသို့တင်ပို့ပါက ဆုံးရှုံးမှုများနှင့် ကြုံတွေ့နိုင်သော်လည်း တောင်သူတစ်ဦးမှ ၎င်း၏ ခြံထွက် သရက်သီးများကို တင်ပို့ပါက ဝင်ငွေ အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အစောပိုင်းကာလတွင် ထွက်ရှိသည့် စိန်တလုံး သရက်သီး များသည် ပြည်တွင်း ဈေးကွက်တွင် ဈေးကောင်းရနိုင်သော်လည်း နောက်ပိုင်းတွင် အခြားသရက်သီး အမှည့်များလည်း ဈေးကွက်သို့ ဝင်ရောက် လာသောကြောင့် စားသုံးသူများအနေဖြင့် ရေရှည်၌ ၎င်း သရက်သီး တစ်မျိုးတည်းကိုသာ ဈေးကောင်းပေး၍ ဝယ်ယူခြင်းမပြုကြတော့ကြောင်းကို (၁၅ .၅. ၂၀၂၄) ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။

Source https://www.gnlm.com.mm/myanmars-seintalone-and-shwehinthar-mangoes-gain-regular-market-share-in-chinese-market/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ(၂၂) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ