နောက်ခံသမိုင်း

စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲ

Market Information System (MIS) ဌာနစိတ်


Market Information System (MIS) ၏ နောက်ခံသမိုင်း


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ပန်းတိုင်မျှော်မှန်းချက်များ ဖြစ်သော ဈေးကွက်လိုအပ်ချက်နှင့်အညီ လယ်ယာသားငါးထုတ်ကုန်များ၏ အရည်အသွေး နှင့် စံချိန်စံညွှန်းများ ပြည့်မီစေရေးနှင့် လယ်ယာထွက်ကုန်ဈေးကွက်နှင့် ဈေးနှုန်း သတင်းအချက်အလက်ဖြန့်ဝေမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအရ စိုက်ပျိုးရေး ဦးစီးဌာနသည် တောင်သူအခြေပြု ဈေးကွက်သတင်းအချက်အလက်စနစ် ပီပြင်စွာ ဖြစ်ပေါ်လာစေရန် Market Information System-MIS အဖွဲ့ကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် မိုးစပါးရာသီ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်နှင့် တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက်တွင်ပါဝင်သည့် တောင်သူလယ်သမားများ၊ ဆန်စက်များ၊ လက်လီ/ လက်ကား ရောင်းချသူများထံမှ ဈေးကွက်သတင်းအချက်အလက်များ စုဆောင်းခြင်းဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဈေးကွက်သတင်းကောက်ယူခြင်းနှင့် ဖြန့်ဝေခြင်း လုပ်ငန်းများကို စီမံကိန်းဦးစီးဌာနမှ (၃၁.၃.၂၀၂၁)ရက်နေ့တွင် လွှဲပြောင်း လက်ခံပြီး ဈေးကွက် သတင်းအချက်အလက်စနစ်ဌာနစိတ် (Market Information System-MIS)အဖြစ် ပြန်လည်ဖွဲ့စည်းကာ စျေးကွက်/ စျေးနှုန်း သတင်းအချက်အလက် ရယူ စုဆောင်းခြင်း၊ စျေးနှုန်းအချက် အလက်များ ဖြည့်သွင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း၊ သက်ဆိုင်ရာ အထက်အဖွဲ့အစည်း အဆင့်ဆင့်သို့ အစီရင်ခံတင်ပြခြင်းနှင့် ဈေးကွက်သတင်း အချက်အလက်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။