ရည်ရွယ်ချက်

Market Information System (MIS) ၏ ရည်ရွယ်ချက်


(က) တောင်သူအခြေပြု ဈေးကွက်သတင်းအချက်အလက်စနစ်၏ အဓိကသုံးစွဲမည့် သူများဖြစ်သော စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်နှင့် တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက်ရှိ တောင်သူလယ်သမားများနှင့် လုပ်ငန်းစဉ်တွင်ပါဝင်သူများ (ဆန်စက်များ၊ ကုန်သည် ပွဲစားများ၊ လက်လီ/လက်ကားရောင်းချသူများ၊ သွင်းအားစုဖြန့်ချီသူများ)အား MIS စနစ်အား ကောင်းမွန်စွာနားလည် သဘောပေါက်စေရန်နှင့် အသုံးပြုနိုင်စေရန်။

(ခ) တောင်သူလယ်သမားများသည် စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်တို့၏  ဆက်စပ်မှုကို သိရှိသုံးသပ်၍ မှန်ကန်စွာဆုံးဖြတ်နိုင်ရန်နှင့် စျေးကွက်၏ အရေးပါသော ကဏ္ဍတွင် ပါဝင်ဦးဆောင်နိုင်လာစေရန်။

(ဂ) MIS စနစ်ကို ပါဝင်သုံးစွဲလာနိုင်သောသူများဖြစ်သည့် တောင်သူလယ်သမားများ၊ ကုန်သည်များ၊ လက်ကားရောင်းချသူများနှင့် မူဝါဒချမှတ်သူများအတွက် အကျိုးဖြစ်ထွန်း၍ ပွင့်လင်းမြင်သာမှုရှိသော ယုံကြည်ကိုးကားနိုင်သည့် ဈေးကွက် သတင်းအချက် အလက်စနစ် ဖွဲ့စည်းထူထောင်ရန်။