Warning: unlink(D:/Apache24/ysi_storage/cache/cache.catalog.language.1777912788): Permission denied in D:\Apache24\htdocs\ysi\system\library\cache\file.php on line 68 လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI) အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲ (၁/၂၀၂၂)

လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI) အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲ (၁/၂၀၂၂)

  • Sun, 23 January 2022

လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI) အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲ (၁/၂၀၂၂)



စိုက်ပျိုးရေးဦးစီးဌာနရှိ လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI)အဖွဲ့ဝင်များ၏ ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ဇန်နဝါရီလ (၂၃)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရုံးချုပ် YSI အဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ သတင်းအချက်အလက် ထုတ်ပြန်ခြင်း လုပ်ငန်းများနှင့် (၄)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေး အစီအစဉ်များ ကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ YSI အဖွဲ့ဝင်များက ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။

ဆက်စပ် သတင်းများ