(၃၃) ကြိမ်မြောက် ပြည်တွင်းပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ
- Wed, 2 February 2022
 
				
				
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ 
စိုက်ပျိုးရေးဦးစီးဌာန၏ (၃၃) ကြိမ်မြောက် ပြည်တွင်း/ပြည်ပ 
ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာအတွေ့အကြုံရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ 
ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး 
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ 
ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများနှင့် ရုံးချုပ် 
ဌာနခွဲအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် YSI အဖွဲ့ဝင်များ၊ စာတမ်းရှင် 
ပြည်တွင်း/ပြည်ပ ပညာသင်/ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ 
အဆိုပါ 
ရှင်းလင်းဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ 
အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာတမ်းရှင်များက ၎င်းတို့၏ 
အသိပညာအတွေ့အကြုံများကို စာတမ်းဖတ်ကြားခဲ့ပါသည်။ စာတမ်းရှင်များ၏ 
တင်ပြဆွေးနွေးမှုအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့်တကွ YSI အဖွဲ့ဝင်များက 
သိလိုသည်များမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။







