“မျိုးစေ့ပြပွဲရက်သတ္တပတ် ၂၀၂၂” ကျင်းပသွားမည်

  • Mon, 14 February 2022

“မျိုးစေ့ပြပွဲရက်သတ္တပတ် ၂၀၂၂” ကျင်းပသွားမည်



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန မှ  ကျင်းပပြုလုပ်သော မျိုးစေ့ ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကို “လူမှုစီးပွား တိုးတက်ဖို့၊ မျိုးကောင်း မျိုးသန့်သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုး‌ရေးသိပ္ပံဝင်းအတွင်း (၁၈-၂-၂၀၂၂) မှ (၂၂-၂-၂၀၂၂) နေ့အထိ COVID-19 စည်းကမ်းချက်၊ ညွှန်ကြားချက်များအတိုင်း လိုက်နာ၍ ကျင်းပသွားမည်ဖြစ်ပါသည်။

အဆိုပါ မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂ စတုတ္ထနေ့ (၂၁-၂-၂၀၂၂) တွင် စိုက်ပျိုးရေးဦးစီးဌာန၏ လူငယ်စွန့်ဦးပညာရှင်များအဖွဲ့(Young Scientists Initiative-YSI) မှ "စိုက်ပျိုးပညာရယူဖို့ ICT ကို သုံးကြစို့" ခေါင်းစဉ်နှင့် အတူ ICT ဆိုင်ရာ တောင်သူပညာပေးလှုပ်ရှားမှုများဖြင့် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မျိုးစေ့ပြပွဲ ရက်သတ္တပတ်အား စိတ်ပါဝင်စားသူများ လာရောက်လေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ဆက်စပ် သတင်းများ