စိုက်ပျိုးရေးဦးစီးဌာန၏ (၆) ကြိမ်မြောက်စာတမ်းဖတ်ပွဲအတွက် အကြိုအစည်းအဝေးပွဲများကျင်းပ

  • Fri, 23 February 2024

စိုက်ပျိုးရေးဦးစီးဌာန၏ (၆) ကြိမ်မြောက်စာတမ်းဖတ်ပွဲအတွက် အကြိုအစည်းအဝေးပွဲများကျင်းပ


စိုက်ပျိုးရေးဦးစီးဌာန၏ လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (Young Scientists Initiative - YSI) က ဦးဆောင်၍ ကျင်းပပြုလုပ်မည့် စိုက်ပျိုးရေးဦးစီးဌာန၏ (၆) ကြိမ်မြောက် စာတမ်းဖတ်ပွဲအား (၂၇-၂-၂၀၂၄) မှ (၂၉-၂-၂၀၂၄) ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

YSI အဖွဲ့ဝင်များသည်  (၆) ကြိမ်မြောက် စာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေးအတွက် (၂၃-၁-၂၀၂၄) ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုခံယူပွဲ ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ (၆) ကြိမ်မြောက် စာတမ်းဖတ်ပွဲအား (၂၇-၂-၂၀၂၄) မှ (၂၉-၂-၂၀၂၄) ထိ ကျင်းပနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဤကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာန၏ (၆) ကြိမ်မြောက် စာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေးအတွက် (၂၀-၂-၂၀၂၄) ရက်နေ့တွင် လည်းကောင်း၊ (၂၃-၂-၂၀၂၄) ရက်နေ့တွင် လည်းကောင်း အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်၍ YSI အဖွဲ့ဝင်များ၏ ယခင်စာတမ်းဖတ်ပွဲ အတွေ့အကြုံများနှင့်ယှဉ်၍ တင်ပြလာသော အခက်အခဲ၊ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်းပေးခဲ့ပါသည်။







ဆက်စပ် သတင်းများ