(၅၅)ကြိမ်မြောက် ပြည်တွင်း/ပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံရှင်းလင်းပွဲ ဓါတ်ပုံမှတ်တမ်းများ

  • Wed, 6 March 2024

(၅၅)ကြိမ်မြောက် ပြည်တွင်း/ပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံရှင်းလင်းပွဲ ဓါတ်ပုံမှတ်တမ်းများ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ (၅၅) ကြိမ်မြောက် ပြည်တွင်း/ပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာအတွေ့အကြုံရှင်းလင်းပွဲကို ၂၀၂၄ ခုနှစ်၊ မတလ(၆)ရက်နေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား )ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ရုံးချုပ် ဌာနခွဲအသီးသီးနှင့်တိုင်းဒေသကြီး၊ ပြည်နယ် YSI အဖွဲ့ဝင်များ၊ စာတမ်းရှင် ပြည်တွင်း/ပြည်ပ ပညာသင်/ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာတမ်းရှင်များက ၎င်းတို့၏ အသိပညာအတွေ့အကြုံများကို စာတမ်းဖတ်ကြားခဲ့ပါသည်။ စာတမ်းရှင်များ၏ တင်ပြဆွေးနွေးမှုအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့်တကွ YSI အဖွဲ့ဝင်များက သိလိုသည်များမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။






























ဆက်စပ် သတင်းများ