“မျိုးစေ့ပြပွဲရက်သတ္တပတ် ၂၀၂၂” တွင် YSI အဖွဲ့မှ ICT ဖြင့် တောင်သူပညာပေးဆိုင်ရာ လှုပ်ရှားမှုများဖြင့် ပါဝင်ဆောင်ရွက်ခဲ့

  • Mon, 21 February 2022

“မျိုးစေ့ပြပွဲရက်သတ္တပတ် ၂၀၂၂” တွင် YSI အဖွဲ့မှ ICT ဖြင့် တောင်သူပညာပေးဆိုင်ရာ လှုပ်ရှားမှုများဖြင့် ပါဝင်ဆောင်ရွက်ခဲ့


စိုက်ပျိုးထုတ်လုပ်ခြင်း ဆိုင်ရာ နည်းပညာများ၊ ဈေးကွက် သတင်းအချက်အလက်များ၊ မိုးလေဝသ အသိပေးချက်များ စသည့် တောင်သူလယ်သမားများ နှင့် လယ်ယာကဏ္ဍ တွင် ပါဝင်ပတ်သက်သူများ သိရှိသင့်သည့် အသိပညာ နည်းပညာများ ၊ သိလိုသည့် သတင်းအချက် အလက်များ ကို  အချိန်နှင့်တပြေးညီ ရယူအသုံးပြုနိုင်ရန် ခေတ်မီဒီဂျစ်တယ်မီဒီယာများဖြင့် ဝန်ဆောင်ပေးနိုင်ရေးကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အားထုတ်ကြိုးပမ်း လျက်ရှိရာ ကျင်းပလျက်ရှိသည့် မျိုးစေ့ပြပွဲ ၂၀၂၂ ၏ စတုတ္ထနေ့ ဖြစ်သော ဖေဖော်ဝါရီလ(၂၁)ရက်နေ့ တွင် စိုက်ပျိုးပညာရယူဖို့ ICT ကို သုံးကြစို့ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။





အဆိုပါ ဆွေးနွေးပွဲ တွင် ခေတ်မီ ဒီဂျစ်တယ် နည်းပညာ ၏ အရေးပါပုံ နှင့် မိုဘိုင်းဖုန်းကို အသုံးပြု၍ သတင်းအချက်အလက် ရယူ သုံးစွဲနည်းများ ၊ စိုက်ပျိုးရေး Call Center ဆိုင်ရာများ၊ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေး လျက်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်း ဆိုင်ရာများကို လူငယ်စွန့်ဦးတီထွင်(YSI) စိုက်ပျိုးရေးပညာရှင်များက ဟောပြောဆွေးနွေးခဲ့ကြပြီး ပြပွဲလာ ပြည်သူများ၊ တောင်သူလယ်သမားများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ အွန်လိုင်း စနစ်ဖြင့် တက်ရောက်လေ့လာကြသူ များက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ လူငယ်စွန့်ဦးတီထွင်(YSI) စိုက်ပျိုးရေး ပညာရှင်များ က ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြသည်။





ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဟောပြောဆွေးနွေးခဲ့ကြသည့် လူငယ်စွန့်ဦးတီထွင်(YSI) စိုက်ပျိုးရေး ပညာရှင်များ အား အမှတ်တရလက်ဆောင်များ ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။


ဆက်စပ် သတင်းများ