လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI) အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲ (၂/၂၀၂၂) သို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တက်ရောက်

  • Fri, 4 February 2022

လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI) အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲ (၂/၂၀၂၂) သို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တက်ရောက်


လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI)အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၄) ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်(ဌာနခွဲများ) နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ YSI အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရုံးချုပ် YSI အဖွဲ့ဝင်များက YSI အဖွဲ့၏ ရည်ရွယ်ချက်၊ အဖွဲ့အင်အားနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ YSI အဖွဲ့ဝင်များမှ မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ YSI အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ညနေ (၄) နာရီအချိန်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။




ဆက်စပ် သတင်းများ