(၃၃) ကြိမ်မြောက် ပြည်တွင်းပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

  • Wed, 2 February 2022

(၃၃) ကြိမ်မြောက် ပြည်တွင်းပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ (၃၃) ကြိမ်မြောက် ပြည်တွင်း/ပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာအတွေ့အကြုံရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ရုံးချုပ် ဌာနခွဲအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် YSI အဖွဲ့ဝင်များ၊ စာတမ်းရှင် ပြည်တွင်း/ပြည်ပ ပညာသင်/ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာတမ်းရှင်များက ၎င်းတို့၏ အသိပညာအတွေ့အကြုံများကို စာတမ်းဖတ်ကြားခဲ့ပါသည်။ စာတမ်းရှင်များ၏ တင်ပြဆွေးနွေးမှုအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့်တကွ YSI အဖွဲ့ဝင်များက သိလိုသည်များမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။