စိုက်ပျိုးရေးဦးစီးဌာန ပြည်တွင်း ၊ ပြည်ပ ပညာသင်များ ၊ ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံများ မျှဝေဖလှယ်ခြင်း (၃၈)ကြိမ်မြောက် ကျင်းပ

  • Thu, 7 July 2022

စိုက်ပျိုးရေးဦးစီးဌာန ပြည်တွင်း ၊ ပြည်ပ ပညာသင်များ ၊ ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံများ မျှဝေဖလှယ်ခြင်း (၃၈)ကြိမ်မြောက် ကျင်းပ


စိုက်ပျိုးရေးဦးစီးဌာန တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ အား  အဆင့်မြင့်နည်းပညာများ တိုးမြှင့် သင်ယူ နိုင်ကြရန် ပြည်တွင်း ပြည်ပ သင်တန်းများသို့ တက်ရောက်လေ့လာစေခြင်း၊ စွမ်းဆောင်ရည်မြင့်မားရေး နှင့် အထွေထွေအတွေ့အကြုံများ မြှင့်တင်နိုင်ရေး အတွက် ဌာန၏ ကိုယ်စားလှယ်များအဖြစ်  သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ပေးစေလွှတ်ခြင်းများကို စီမံခန့်ခွဲမှု နည်းလမ်းများ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါဝန်ထမ်းများ ၏ အသိပညာအတွေ့အကြုံများကို  စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ အကြား မျှဝေဖလှယ်နိုင်ရေး အတွက်ကိုလည်း လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့များ တွင် ဆွေးနွေးပွဲများ ကျင်းပပေးခဲ့ရာ (၃၈)ကြိမ်မြောက် ဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။




ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ အတွေ့အကြုံများ ပြန်လည် မျှဝေဆွေးနွေးကြမည့် ဝန်ထမ်းများ နှင့် စွန့်ဦးတီထွင်မျိုးဆက်သစ် စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ်များ မှ ဝန်ထမ်းများက အွန်လိုင်းစနစ်ဖြင့်ပါဝင်တက်ရောက်ခဲ့ကြသည်။




ယနေ့အခမ်းအနားတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် ပြည်ပနိုင်ငံများ မှ မဟာသိပ္ပံဘွဲ့ နှင့် ပါရဂူဘွဲ့ ရရှိခဲ့သည့် ပညာသင် (၅)ဦး၏ အသိပညာအတွေ့အကြုံများ ရှင်းလင်းတင်ပြမှုအပေါ် အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များ  မေးမြန်း ခြင်း၊ မှတ်ချက်ပေး ဆွေးနွေးခြင်း နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။









ဆက်စပ် သတင်းများ