(၃၂) ကြိမ်မြောက် ပြည်တွင်းပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

  • Mon, 17 January 2022

(၃၂) ကြိမ်မြောက် ပြည်တွင်းပြည်ပ ပညာသင်/ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ (၃၂) ကြိမ်မြောက် ပြည်တွင်း/ ပြည်ပ ပညာသင်/ ကိုယ်စားလှယ်များ၏ အသိပညာ အတွေ့အကြုံရှင်းလင်းပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများနှင့် ရုံးချုပ် ဌာနခွဲအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် YSI အဖွဲ့ဝင်များ၊ စာတမ်းရှင် ပြည်တွင်း/ပြည်ပ ပညာသင်/ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာတမ်းရှင်များက ၎င်းတို့၏ အသိပညာအတွေ့အကြုံများကို စာတမ်း ဖတ်ကြားခဲ့ပါသည်။

စာတမ်းရှင်များ၏ တင်ပြဆွေးနွေးမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တကွ YSI အဖွဲ့ဝင်များက သိလိုသည်များမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ