နောက်ခံသမိုင်း

လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (Young Scientists Initiative - YSI) အဖွဲ့ ဖွဲ့စည်းဖြစ်ပေါ်လာပုံ

- (၂၅.၇.၂၀၁၇)ရက်နေ့ အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ စိုက်ပျိုးရေး ဦးစီးဌာနမှဆောင်ရွက်လျှက်ရှိသော စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် Young Scientists Initiative  အဖွဲ့ကို ဖွဲ့စည်းရန် လမ်းညွှန်ချက်ပေးခဲ့
- အစည်းအဝေးဆုံးဖြတ်ချက်အရ ရုံးချုပ် ဌာနခွဲများမှ တစ်ဌာနလျှင် စိုက်ပျိုးရေးပညာရှင် (၂-၃) ဦး စီ ဖြင့် စတင်ဖွဲ့စည်းခဲ့
- ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုအရ တိုင်းဒေသကြီး/ပြည်နယ်များ ပါဝင်ဖွဲ့စည်းခဲ့ပြီး (၁၄.၂.၂၀၁၈) ရက်နေ့တွင် ရုံးချုပ် ဌာနခွဲများမှ (၁၄၁)ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ (၇၁၆)ဦး၊ စုစုပေါင်း (၈၅၇) ဦး ဖြင့်  ဒုတိယအကြိမ် ဖွဲ့စည်းနိုင်ခဲ့
- ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ စိတ်ပါဝင်စားသူ စိုက်ပျိုးရေးပညာရှင်များ ထပ်မံ ပါဝင်လာခဲ့ပြီး ယနေ့ထိ ရုံးချုပ် ဌာနခွဲများမှ (၁၅၈) ဦး၊ တိုင်းဒေသကြီး/ပြည်နယ်များမှ (၁၇၅၃) ဦး ၊ စုစုပေါင်း (၁၉၁၁) ဦး ဖြင့် ဖွဲ့စည်းထား