ရည်ရွယ်ချက်

 လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (Young Scientists Initiative-YSI) ၏ ရည်ရွယ်ချက်


- စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် လူငယ်ထုမှ ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်
- ဒေသအလိုက် တောင်သူလိုအပ်ချက်များ သိရှိနိုင်ရန်နှင့် လိုအပ်ချက်နှင့် ကိုက်ညီသော သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်
- ဝန်ထမ်းများအချင်းချင်း ထိရောက်ကောင်းမွန်သော ဆက်သွယ်မှုကွန်ရက်တစ်ခု ထူထောင်၍ လုပ်ငန်းများတွင်ကျယ်စွာဆောင်ရွက်လာနိုင်ရန်
- လူငယ်/လူလတ်ပိုင်း မျိုးဆက်သစ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်၍ ၎င်းတို့၏ စွန့်ဦးတီထွင်လိုစိတ်ကို အရင်းခံကာ ဝါသနာနှင့် ကျွမ်းကျင်မှုကို ဖော်ထုတ်အသုံးချခွင့် ရရှိနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာစေရန်
- နိုင်ငံတကာအဆင့်မီ အရည်အချင်း ပြည့်ဝသည့် စိုက်ပျိုးရေးပညာရှင်များအဖြစ် လုပ်ကိုင်ဆောင်ရွက်တတ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးရန်