“လယ်ယာလုပ်ငန်းခွင်၏ လက်တွေ့ အချက်အလက်ကို အခြေခံသော စွမ်းဆောင်ရည် မြှင့်သင်တန်းများ ဖွင့်လှစ်”
  • Wed, 9 November 2022

“လယ်ယာလုပ်ငန်းခွင်၏ လက်တွေ့ အချက်အလက်ကို အခြေခံသော စွမ်းဆောင်ရည် မြှင့်သင်တန်းများ ဖွင့်လှစ်”


စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ အထွက်နှုန်းတိုးတက်ရေးသာမက တောင်သူများ၏ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရမှု နှင့် ထိုက်တန်သည့် အကျိုးအမြတ်ခံစားနိုင်ရေး အတွက် စိုက်ပျိုး ထုတ်လုပ်မှု ဆိုင်ရာ နည်းပညာ အသိပညာများတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန က ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်သူများနှင့် တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှု ပေးနေကြသည့် နိုင်ငံဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးကိုလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းအစီအမံများ ချမှတ် ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ တွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ တာဝန် ထမ်းဆောင်လျက် ရှိကြသည့် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူးများ အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းကို နေပြည်တော် ရုံးအမှတ်(၄၃)မှ အခြေပြု၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတွင် ဒေသအလိုက် သီးနှံအလိုက် ကြုံတွေ့နိုင်သော ပြဿနာများနှင့် အထိရောက်ဆုံး တုန့်ပြန်ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ဒေသရေမြေရာသီဥတုကို အခြေခံ၍ စိုက်ပျိုးထုတ်လုပ်သူ အတွက် ဝင်ငွေအကျိုးအမြတ်များစေမည့် သီးနှံပုံစံ ရွေးချယ် ဆောင်ရွက်ပေးနိုင်ရေး ၊ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းဆိုင်ရာများ ၊ ငွေစာရင်းဆိုင်ရာပညာရပ်များကို သက်ဆိုင်ရာ ကျွမ်းကျင်သူ အရာထမ်းများက နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပို့ချဆွေးနွေးသွားကြမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတန် က ပြောသည်။



စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က လစဉ် ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူးနေ့စကားဝိုင်း ဆွေးနွေးပွဲများ မှ ဆွေးနွေး ဖော်ထုတ်ချက်များ ၊ စိုက်ပျိုးရေး ကောစင်တာ သို့ မေးမြန်းလာမှုများ အပါအဝင် လယ်ယာလုပ်ငန်းခွင်များမှ ရရှိထားသည့် သတင်း အချက် အလက်များ ကို စုစည်း၍ ဝန်ကြီးဌာ အောက်ရှိ ဦးစီးဌာနများက ဖွင့်လှစ်သည့် သင်တန်းများ ဆွေးနွေးပွဲများ၌ ထည့်သွင်း ဆောင်ရွက် ပေးခြင်းဖြင့် ဝန်ထမ်းများ၏ လက်တွေ့ဆောင်ရွက်မှုတွင် ထိရောက်သော စွမ်းဆောင်မှုများ ဖြစ်စေရေး စီမံဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။