မြေဩဇာကော်မတီ၏ (၄၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ
  • Fri, 12 April 2024

မြေဩဇာကော်မတီ၏ (၄၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ


မြေဩဇာကော်မတီ၏ (၄၁) ကြိမ်မြောက် အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် မြေဩဇာကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဌ ဒုတိယဝန်ကြီးက ဓာတ်မြေဩဇာ တင်သွင်းရောင်းချခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်းစသည့်လုပ်ငန်းများကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လည်း ဓာတ်မြေဩဇာ တင်သွင်းရောင်းချခြင်း တစ်ခုတည်းကိုသာ ဆောင်ရွက်ခြင်း မဟုတ်ဘဲ မိမိနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စီးပွားဖက်တောင်သူ လယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် သွင်းအားစုများ၏ အရည်အသွေးပြည့်ဝမှန်ကန်ရေးနှင့် အသိပညာပေးရေးကို အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြေဩဇာ၊ ပိုးသတ် ဆေး၊ မျိုးစေ့စသည့်သွင်းအားစုဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ တောင်သူလယ်သမားများနှင့် အချိတ်အဆက်မိမိ စဉ်ဆက်မပြတ်ထိတွေ့ပြီး တောင်သူ လယ်သမား အကျိုးစီးပွားဖြစ်ထွန်းစေရေး ညှိနှိုင်းပေါင်းစပ်ကူညီပေးရန် လိုအပ် ကြောင်း၊ အလားတူ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းနှင့် ဆီထွက်သီးနှံဇုန်များ၊ ဝါသီးနှံ အထူးဇုန်များ တွင်လည်း မိမိတို့စွမ်းအားရှိသမျှ ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း၊ လယ်ယာကဏ္ဍ ဖွွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် အစိုးရ၊ ပုဂ္ဂလိကနှင့်‌တောင်သူလယ် လယ်သမားများ အကြား ကွက်လပ်မရှိကြစေရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း မိမိတို့ နိုင်ငံကို ပြည်ပမှတင်သွင်းရသော စိုက်ပျိုးရေးဓာတုဆေးဝါးများကို မှီခိုကာစိုက်ပျိုး ထုတ်လုပ်နေကြသောအခြေအနေမှကင်းလွတ်အောင် ကြိုးစားရန်တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထိုနောက် မြေဩဇာကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို တင်ပြရာ မြေဩဇာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက၊ မြေဩဇာကျွမ်းကျင် ပညာရှင်များက အကြောင်းအရာတစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မြေဩဇာကော်မတီအနေဖြင့် မြေဩဇာထုတ်လုပ်ခွင့် တင်သွင်းခွင့် မှတ်ပုံတင်ပေးခြင်း လုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိရာ အကြိမ် (၄၀) မြောက်မြေဩဇာကော်မတီ အစည်းအဝေးပြီးချိန်အထိ မြေဩ ဇာ မှတ်ပုံတင်လက်မှတ်ပေါင်း ၁၁၂၉ စောင် ခွင့်ပြုနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြ ချက်အရ မြေဩဇာမှတ်ပုံတင် ၁၈၃၃ စောင်ပယ်ဖျက်ခဲ့ကြောင်း၊ အလားတူ သက်တမ်းကျော်လွန်သည့် မြေဩဇာမှတ်ပုံတင် ၂၆၈၉ စောင်ကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖျက်သိမ်းခဲ့ပြီး ဖြစ်၍ ယနေ့အထိ မြေဩဇာမှတ်ပုံတင် ၆၆၀၇ စောင် ခွင့်ပြလုပ်ကိုင်လျက်ရှိကြောင်း သိရှိခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ခုနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင် ဆောင်ရွက်မည့် မိုးစပါး၊ မိုးနှင့်ဆောင်ဆီထွက်သီးနှံများအတွက် လိုအပ်သော ဓာတ်မြေဩဇာများကို တောင်သူများထံ မဖြန့်ဖြူးမီ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိမရှိ မြေဩဇာနမူနာရယူ၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ ဓာတ်ခွဲခန်းများ၌ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုး ရေးလုပ်ငန်းများ ရာသီအချိန်မီ ဆောင်ရွက်နိုင်ရန်တောင်သူများ လိုအပ်သည့် ဓာတ်မြေဩ ဇာများတင်သွင်းနိုင်စေရန် ကြိုတင်ခွင့်ပြု့မိန့်ထုတ်ပေးထားသည့် ကိစ္စရပ်များကို အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။