စိုက်ပျိုးရေး၊မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ တင်ထွဋ်သည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တို့၏ ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
  • Sun, 28 April 2024

စိုက်ပျိုးရေး၊မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ တင်ထွဋ်သည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တို့၏ ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု့လုပ်သော မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဆီထွက်သီးနှံအထူးဇုန်တာဝန်ခံများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း‌ဒေသကြီး/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါသီးနှံနှင့်ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အထူးဇုန်များ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီများ၊ ခရိုင်/ မြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ခံများနှင့်  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ဆီထွက်သီးနှံ အထူးဇုန်ဧရိယာ တွင်ပါရှိသော ခရိုင်/ မြို့နယ်များမှ ဝန်ထမ်း Virtual Meeting ဖြင့် တက်ရောက်ခဲ့ကြပါသည်။ 




လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ ပေးလုပ်ငန်းကို Electronic စနစ် အခြေခံ  E-extension  ဝန်ဆောင်မှုဖြင့် ဖြည့်စွက် ကျင့်သုံးရန်လိုအပ်ချက်များ၊ Digital Media ကိုအသုံးပြုပြီး ဈေးကွက်သတင်းများ၊ ရာသီဥတုခန့်မှန်းချက်များ၊ သီးနှံပိုးမွှားရောဂါစီမံခန့်ခွဲမှု နည်းပညာများ သီးနှံအထွက်နှုန်းကို အကောင်းဆုံဖြစ်စေရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများနှင့် ဆီထွက်သီးနှံအထူးဇုန်တာဝန်ခံများက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။




အလားတူ ဒုတိယဝန်ကြီးသည် ဆီထွက်သီးနှံထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် နိုင်ငံတော် အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များကိုရှင်းလင်းပြောကြားပြီး၊ ဆီထွက်သီးနှံ တစ်မျိုးချင်း အလိုက် စတင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူထံပေးပို့သော ထုတ်လုပ်မှု ကွင်းဆက်မှ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သော သုတေသနှင့်နည်းပညာ ပြန့်ပွားရေးလုပ်ငန်း များကို ထိရောက်စွာဆောင်ရွက်နိုင်စေရန် ဦးစီးစနစ်ကို အကြားအလက် မရှိအောင် ဆောင်ရွက်ကြရန် ဆွေးနွေးမှားကြားခဲကြောင်း သတင်းရရှိခဲ့ပါသည်။