စိုက်ပျိုးရေးဆိုင်ရာဈေးကွက်ဗဟိုဌာန ထူထောင်ခြင်း စီမံကိန်းအတွက် ဆွေးနွေးမှာကြား
  • Fri, 19 July 2024

စိုက်ပျိုးရေးဆိုင်ရာဈေးကွက်ဗဟိုဌာန ထူထောင်ခြင်း စီမံကိန်းအတွက် ဆွေးနွေးမှာကြား


စိုက်ပျိုးရေးဆိုင်ရာဈေးကွက်ဗဟိုဌာန ထူထောင်ခြင်း စီမံကိန်း (The Project For Establishment of the Agricultural Marketing Center in Myanmar) ဖော်နိုင်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ကိုရီးယားနိုင်ငံ ( Korea Institute For Development Strategy) KDS မှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီ အချိန်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ 




 ထိုအစည်းအဝေး၌ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ရဲတင့်ထွန်းက စီမံကိန်း အဆင့်လိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။ စီမံကိန်း၏ရည်ရွယ်ချက်များမှာ နိုင်ငံအတွင်း စိုက်ပျိုးရေးဆိုင်ရာဈေးကွက် စနစ်ဖွံ့ဖြိုးတိုးတက်လာပြီး တောင်သူများ လူမှု့ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်လုပ် သူ၊ စားသုံးသူ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားတိုးတက်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source ; ဉယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ