စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် 72nd SEARCA Governing Board Meeting သို့ ပါဝင်တက်ရောက်ဆွေးနွေးခြင်း
  • Tue, 1 October 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် 72nd SEARCA Governing Board Meeting သို့ ပါဝင်တက်ရောက်ဆွေးနွေးခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်းသည် ဖိလစ်ပိုင်နိုင်ငံ၊ Los Baños, Laguna မြို့ရှိ SEARCA ရုံးချုပ်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁) ရက်နေ့ထိ ကျင်းပသည့် 72nd SEARCA Governing Board Meeting သို့ မြန်မာနိုင်ငံ၏ Country Representative အဖြစ် Video conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် 71st Governing Board Meeting အစည်းအဝေးမှတ်တမ်းနှင့် ၎င်းအစည်းအဝေးမှ ထွက်ပေါ်လာသော ဆောင်ရွက်ရန်အချက်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက် SEARCA ၏ ဘဏ္ဍာရေးအစီရင်ခံစာနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် SEARCA မှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အတည်ပြုဆွေးနွေးခြင်း၊ ၂၀၂၅-၂၀၂၆၊ ၂၀၂၆-၂၀၂၇ နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်(၃)နှစ်အတွက် SEARCA ၏ ဘတ်ဂျက်ခွဲဝေခြင်းတို့တွင် ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ အတွက် အထောက်အပံ့များရရှိနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ပညာသင်ဆု အခွင့်အလမ်းများ ရရှိနိုင်ရန် ဆွေးနွေးခဲ့ပါသည်။