၂၀၂၂ ခုနှစ်၊ မိုးနှောင်းကာလနှင့် စက်တင်ဘာလအတွက် မိုးလေဝသခန့်မှန်းချက်
  • Thu, 1 September 2022

၂၀၂၂ ခုနှစ်၊ မိုးနှောင်းကာလနှင့် စက်တင်ဘာလအတွက် မိုးလေဝသခန့်မှန်းချက်


၂၀၂၂ ခုနှစ်၊ မိုးနှောင်းကာလနဲ့ စက်တင်ဘာလ လပတ်အတွက်
မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
တင်ပြသူ -   ဦးထက်ဝေထွန်း
-    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
……………………………………………………………………………..
မင်္ဂလာပါခင်ဗျာ-
ယခုတပတ်တင်ပြမှာကတော့--------------
၂၀၂၂ ခုနှစ်၊ မိုးနှောင်းကာလနဲ့ စက်တင်ဘာလတို့အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်း ချက်များပဲ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မြန်မာနိုင်ငံ အရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။
ဘင်္ဂလားပင်လယ်အော် အခြေအနေများအနေနဲ့ကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ (၆)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ)မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါလေဖိအား နည်းရပ်ဝန်းဟာ ဩဂုတ်လ (၇)ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ) တို့မှာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ကာ၊ ဩဂုတ်လ (၉)ရက်နေ့မှာ အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေမှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ညပိုင်းမှာ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိကာ အိန္ဒိယနိုင်ငံ၊ ချက်တစ်ဂတ်ပြည်နယ်မှာ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ်လ (၁၃)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဲ့ဒီနေ့ ညပိုင်းမှာပဲ ပိုမိုအားကောင်းလာကာ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းလွန်နဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) တို့မှာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ လည်းကောင်း၊ (၁၄)ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေ တို့မှာ မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ အဲ့ဒီနေ့ ညနေပိုင်းမှာ အဆိုပါ မုန်တိုင်းငယ်ဟာ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဩရိဿပြည်နယ် မြောက်ပို်ငးကမ်းခြေတို့ကို ဒီဂါမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၁၈)ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ညပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ တောင်ပိုင်းကမ်းခြေ-မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေတို့မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ကာ၊ (၁၉)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း မှာ မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ညပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ရောက်ရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ယင်းနဲ့ဆက်စပ် လျက်ရှိတဲ့ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဘလာဆောမြို့နဲ့ ဆါဂါကျွန်းတို့အကြား၊ ဒီဂါ မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။


ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိခဲ့ပါ တယ်။
 ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ရွာသွန်းခဲ့တဲ့ မိုးရွာသွန်းမှု အခြေအနေ များမှာ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲထက်ပိုခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်း ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းကာ မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။
မိုးရွာရက်များအနေနဲ့ကလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ မန္တလေး တိုင်းဒေသကြီးတို့မှာ (၁၁)ရက်မှ (၁၄)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ (၁၇)ရက်မှ (၂၃)ရက်နဲ့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ (၂၆)ရက်မှ (၃၀)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။
မိုးရေချိန်စံချိန်သစ်များ အနေနဲ့ကတော့ သြဂုတ်လ (၁)ရက်နေ့မှာ တောင်တွင်းကြီးမြို့၊ (၇)ရက်နေ့မှာ လွိုင်လင်မြို့၊ (၁၃)ရက်နေ့မှာ မြောင်းမြမြို့၊ (၁၇)ရက်နေ့မှာ ကျောက်ဖြူမြို့နဲ့ ရန်ကုန် (ကမ္ဘာအေး)၊ (၂၇)ရက်နေ့မှာ မိုးညှင်းမြို့တို့မှာ မိုးရေချိန်စံချိန်သစ်များ တင်ခဲ့တာကို တွေ့ရပါတယ်။




အောက်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း သောင်ရင်းမြစ်ပေါ်ရှိ မြဝတီမြို့ အတွက် မြစ်ရေကြီးမှုအခြေအနေသတင်း (၁)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
မယ်ဆိုင်မြစ်ရေဟာ တာချီလိတ်မြို့ (လွယ်တော်ခမ်းရပ်ကွက်)မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ် (၃၉၀) စင်တီမီတာအထက်သို့ (၁၂.၈.၂၀၂၂)ရက်နေ့ (၀၉:၀၀)နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ (၁၃.၈. ၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီအချိန်မှာ တိုင်းတာရရှိတဲ့ မြစ်ရေမှတ်ဟာ စိုးရိမ်ရေမှတ်အထက် (၆)ပေခန့် ကျော်လွန်ရောက်ရှိခဲ့ပြီး ဩဂုတ်လအတွင်း အမြင့်ဆုံးရေအမှတ် ဖြစ်ခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ (၁၄.၈. ၂၀၂၂)ရက်နေ့ (၁၄:၃၀)နာရီအချိန်မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း မယ်ဆိုင်မြစ်ပေါ်ရှိ တာချီလိတ်မြို့ (လွယ်တော်ခမ်းရပ်ကွက်)အတွက် မြစ်ရေ ကြီးခြင်းသတိပေးချက် (၂)ကြိမ်နဲ့ မြစ်ရေကြီးမှုအခြေအနေသတင်း (၂)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
အခုဆက်လက်ပြီး ၂၀၂၂ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက် များကို တင်ပြပါမယ်ခင်ဗျာ။
မိုးနှောင်းကာလဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း (၇)ရက်နေ့)မှစ၍ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ ပြန်လည် ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါတယ်။
အနောက်တောင်မုတ်သုံလေဟာ
(က)    စက်တင်ဘာလ (၁၃ - ၁၈) ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်း ကောင်း၊
(ခ)    စက်တင်ဘာလ (၁၉ - ၂၄) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်း ကောင်း၊
(ဂ)    စက်တင်ဘာလ (၂၅ - ၃၀) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း၊  
(ဃ)     အောက်တိုဘာလ (၁ - ၇) ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာသွား ဖွယ်ရာ ရှိပါတယ်။

ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်‌၀န်း (၄)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါတယ်။


    မိုးရွာသွန်းမှုအ‌ခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင် ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင် ပါတယ်။
မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့  မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တို ဘာလတို့မှာ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီ မြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့ တို့မှာ (၁)ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။


အခုဆက်လက်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒ ခန့်မှန်းချက်များကို တင်ပြပါ့မယ်။
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ပါတယ်။ အနောက်တောင် မုတ်သုံလေဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၃ - ၁၈) ရက်အတွင်း  မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်း ကောင်း၊ စက်တင်ဘာလ (၁၉ - ၂၄) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ (၂၅ - ၃၀) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း ဆုတ်ခွာသွား ဖွယ်ရာရှိပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါတယ်။


    မိုးရွာသွန်းမှု အ‌ခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။
မိုးရွာရက်များအနေနဲ့လည်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၁)ရက်မှ (၂၅)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၀)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ (၁၁)ရက်မှ (၁၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဧရာဝတီ မြစ်ရေဟာ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့ မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ပဲခူးမြစ်ရေ ဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တို့မှာ (၁)ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော် လွန်ရောက်ရှိနိုင်ပါတယ်။


အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် စက်တင်ဘာလဟာ မိုးနှောင်းကာလသို့ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများနဲ့ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားနိုင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး အနေနဲ့ကတော့ အောက်တိုဘာလ ပထမ (၁၀)ရက်ပတ်အတွင်းမှာ ဆုတ်ခွာသွားနိုင်ပါတယ်။ မုတ်သုံ လေ ဆုတ်ခွာသွားသော်လည်း အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများရဲ့ အရှိန်ကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ မြန်မာနိုင်ငံဘက်ဆီသို့ရွေ့လျားလာခြင်းတို့ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ် နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းများနဲ့ မုန်တိုင်းများကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ အရပ်ရပ်မှာ မိုးထစ်ချုန်းရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာခြင်း နဲ့အတူ မိုးတိမ်တောင်များ ပိုမိုဖြစ်ပေါ်ပြီး၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခက်ခြင်း၊ မိုးကြိုးပစ် ခြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းများလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ကမ်းရိုးတန်းသွား သင်္ဘောများနဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ် နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းသတင်းများကို အထူးဂရုပြု သွားလာစေလိုပါတယ်။ ဒါ့အပြင် လာမယ့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေများဟာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနိုင်သေးတဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် မြစ်ရေ ကြီးခြင်းသတိပေးချက်၊ ထုတ်ပြန်ချက်များကို အထူးဂရုပြုစေလိုပါတယ်။


အဲ့ဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm  သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (EXT No.5) သို့ လည်းကောင်း၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာ များ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှ တဆင့် မိုးလေဝသနှင့် ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။