၂၀၂၂ ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်များနဲ့ နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်
  • Tue, 1 November 2022

၂၀၂၂ ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်များနဲ့  နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်


၂၀၂၂ ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်များနဲ့
နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)

တင်ပြသူ -  ဦးထက်ဝေထွန်း
   - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
……………………………………………………………………
မင်္ဂလာပါခင်ဗျာ။

အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၂ ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်း ချက်များနဲ့ နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့‌တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ အခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။

    အနောက်တောင်မုတ်သုံလေ အခြေအနေကတော့ အောက်တိုဘာလ (၅)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှလည်း ကောင်း၊ (၁၁)ရက်နေ့မှာတော့ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ လည်းကောင်း ဆုတ်ခွာခဲ့ပြီး ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၀)ရက်နေ့ မှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၂၁)ရက်နေ့မှာတော့ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တို့မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ (၂၂)ရက်နေ့မှာ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတို့မှာ မုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ (၂၃)ရက်နေ့မှာ အားကောင်းသော မုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ ညပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ် ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့မှာ ပိုမိုအား ကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း “စီတရန်” အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ (၂၅)ရက်နေ့ မှာတော့ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “စီတရန်”ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို တင်ကိုနာကျွန်းနဲ့ ဆန်းဝစ်(ပ်)ကျွန်းတို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမ (၁၀)ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိခဲ့ပါတယ်။ ဒုတိယ (၁၀)ရက် ပတ်နဲ့ တတိယ (၁၀)ရက်ပတ်အတွင်းမှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းခဲ့ကာ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။

မိုးရွာရက် များအနေနဲ့ကလည်း မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၀)ရက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁၀)ရက်မှ (၁၅)ရက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း၊ အရှေ့ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ (၆)ရက်မှ (၉)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။

    အနိမ့်ဆုံးအပူချိန်စံချိန်သစ်များ အနေနဲ့ကတော့ အောက်တိုဘာလ (၂၇)ရက်နေ့မှာ ကျောက်တော်မြို့၊ (၃၁)ရက်နေ့မှာ ဟုမ္မလင်းမြို့နဲ့ မိုးကောင်းမြို့တို့မှာ အနိမ့်ဆုံးအပူချိန်စံချိန် သစ်များ တင်ခဲ့ပါတယ်။



ယခုဆက်လက်ပြီး လာမယ့် ဆောင်းရာသီကာလ (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထိ) ယေဘုယျ မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို ဆက်လက် တင်ပြ လိုပါတယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်‌၀န်း (၅)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ အများအားဖြင့်သာယာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးအခြေအနေခန့်မှန်းချက် အနေနဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင် ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ညအပူချိန်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)နဲ့ ကချင်ပြည်နယ်တို့မှာ ဆောင်းရာသီကာလ ပုံမှန်အပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့ အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဆောင်းရာသီကာလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေခန့်မှန်းချက်အနေနဲ့လည်း ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသများ၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတို့တွင် ပိုမို ထူထပ်စွာ မြူထူဆိုင်းတတ်ပါသည်။
(မြူအခြေအနေ ခန့်မှန်းချက်များကို လပတ်ခန့်မှန်းချက်များတွင် လအလိုက် ထပ်မံ ထုတ်ပြန်ပေးသွား မည် ဖြစ်ပါသည်။)

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၆)ပေမှ (၁၄)ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁၅)ပေမှ (၂၄)ပေခန့် လက်ရှိရေမှတ် အောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နဲ့ မော်လိုက်မြို့တို့မှာ (၇)ပေမှ (၁၂)ပေခန့်၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁၃)ပေမှ (၁၅)ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၇)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ (၃)ပေမှ (၅)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၄)ပေမှ (၈)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂)ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ (၂)ပေမှ (၅)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၇)ပေမှ (၁၂)ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၄)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း မြို့မှာ (၁၇)ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၄)ပေမှ (၇)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင် မြို့မှာ (၈)ပေခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၄)ပေမှ (၅)ပေ ခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၂)ပေခွဲခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၅)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

    ယခုဆက်လက်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ခန့်မှန်းချက်များကို ဆက်လက်တင်ပြလိုပါတယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးအခြေအနေခန့်မှန်းချက် အနေနဲ့ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက် ပိုင်း)နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်း မြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မိုးရွာရက်များ အနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၈)ရက်မှ (၁၂)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)နဲ့ ကယားပြည်နယ် တို့မှာ (၃)ရက်မှ (၇)ရက်ခန့်အထိ  မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ညအပူချိန်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင် ပြည်နယ်တို့မှာ နိုဝင်ဘာလ ပုံမှန်အပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နိုဝင်ဘာလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ (၁၅)ရက်မှ (၂၀)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ (၉)ရက်မှ (၁၄)ရက်ခန့်  နံနက်ပိုင်းမှာ မြူထူများ ဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက် အနေနဲ့ကတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၄)ပေမှ (၈)ပေခန့်နဲ့ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၉)ပေမှ (၁၄)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နဲ့ မော်လိုက်မြို့တို့မှာ (၄)ပေ မှ (၆)ပေခန့်နဲ့ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၈)ပေမှ (၁၀)ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၄)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ (၁)ပေမှ (၂)ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၂)ပေမှ (၄)ပေခွဲခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ပေခွဲခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့နဲ့ ပဲခူးမြို့တို့မှာ (၂)ပေမှ (၄)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၄)ပေမှ (၆)ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၂)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်း ချောင်းမြို့မှာ (၁၀)ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၂)ပေမှ (၄)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၄)ပေခွဲခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၂)ပေ မှ (၃)ပေခွဲခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်း မြို့မှာ (၂)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခဲ့သလို လာမယ့် နိုဝင်ဘာလအတွင်းမှာလည်း လေဖိအားနည်းရပ်ဝန်းများနဲ့ မိုးလွန်မုန်တိုင်းများ ဖြစ်ပေါ်နိုင်တာ ကြောင့် အခါလွန်မိုးများ ဆက်လက်ရွာသွန်းနိုင်ပါတယ်။ ထို့အတူ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများရဲ့ အရှိန်ကြောင့်သော် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ မြန်မာနိုင်ငံ ဘက်ဆီသို့ ရွေ့လျားလာခြင်းကြောင့်သော်လည်းကောင်း၊ တရုတ်ပြည်မကြီးပေါ်မှ ထိုးဆင်းလာ တဲ့ လေအေးများနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာတဲ့လေနွေး များ တွေ့ဆုံမှုကြောင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံအရပ်ရပ်မှာ အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်ပါတယ်။

ဒါ့အပြင် မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီကာလသို့ ဝင်ရောက်ပြီဖြစ်တဲ့အတွက် တရုတ် ပြည်မကြီးမှ အားကောင်းတဲ့ လေဖိအားများရပ်ဝန်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှာ ညအပူချိန်များ လျော့နည်းနိုင်ပါတယ်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းများအနေနဲ့လည်း ကောက်ပဲ သီးနှံ ရိတ်သိမ်းသည့်ကာလ ဖြစ်တဲ့အတွက် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်တာကြောင့် လည်းကောင်း၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းသွားလာရေး လုပ်ငန်းများအနေ နဲ့လည်း ဆောင်းရာသီကာလအတွင်း နံနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မြူထူများ ထူထပ်စွာကျရောက်တတ်ခြင်း၊ မြန်မာ့ကမ်းရိုးတန်းမှာ အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်း ကြီးတတ်ခြင်း၊ မြန်မာနိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေမှတ်များ ကျဆင်းနိုင်သည့်အတွက် အထူး ဂရုပြုဆောင်ရွက် သွားလာရန် လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

    မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလို အလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ် ထုတ်လွှင့် လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။