၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Thu, 1 December 2022

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)

တင်ပြသူ -  ဒေါ်စန္ဒာဝေ
-    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
……………………………………………………………………………..................................    

ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်များ ဖြစ်ပါသည်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်တွင် ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသအခြေအနေများကို ဦးစွာပထမ တင်ပြလိုပါ သည်။


     ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဘင်္ဂလားပင်လယ်အော် အခြေအနေများမှာ နိုဝင်ဘာလ(၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက် တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းဟာ နိုဝင်ဘာလ(၁၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင် လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာကမ်းလွန်သို့ ရောက်ရှိခဲ့ကာ  နိုဝင်ဘာလ(၁၁)ရက် နေ့ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်မှာ သီရိလင်္ကာကမ်းရိုးတန်းအနီးမှာ ဆက်လက် တည်ရှိနေခဲ့ပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ နိုဝင်ဘာလ (၁၁)ရက်နေ့ မြန်မာ စံတော်ချိန် (၁၂:၃၀)နာရီအချိန်မှာ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှတဲ့ သီရိလင်္ကာ နိုင်ငံအရှေ့မြောက်ပိုင်းတို့မှာ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပါ တယ်။ ထို့နောက် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံ အရှေ့မြောက်ပိုင်း၊ တမီးလ်နာဒူးကမ်းလွန်သို့ ရောက်ရှိခဲ့ပြီး၊  နိုဝင်ဘာလ (၁၂) ရက်နေ့ မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန်တွင် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကာ၊ အိန္ဒိယ နိုင်ငံကမ်းခြေကို တမီးလ်နာဒူး-ပူဒူချယ်ရီတို့မှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ နိုဝင်ဘာလ(၁၂)ရက်နေ့ မြန်မာစံတော် ချိန် (၁၃:၃၀)နာရီအချိန်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီး အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး-ကာရာလာမြောက်ပိုင်း၊ ကုန်းတွင်းပိုင်းသို့ ရွေ့လျားသွားခဲ့ပါတယ်။


ဒုတိယမြောက် လေဖိအားနည်းရပ်ဝန်းမှာ နိုဝင်ဘာလ(၁၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း ဟာ နိုဝင်ဘာလ (၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့သို့ ရောက်ရှိ ခဲ့ကာ ဆက်လက်တည်ရှိခဲ့ပါတယ်။  အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ နိုဝင်ဘာလ(၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာလည်းကောင်း၊  နိုဝင်ဘာလ(၁၈)ရက်နေ့ မြန်မာ စံတော်ချိန် (၁၃:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာလည်းကောင်း၊  နိုဝင်ဘာလ(၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းသို့ရောက်ရှိခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ နိုဝင်ဘာလ (၂၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်မှာ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ ပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ နိုဝင်ဘာလ(၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီ အချိန်မှာ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း မှာလည်းကောင်း၊ နိုဝင်ဘာလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်မှာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ နိုဝင်ဘာလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်မှာ အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိ တဲ့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းလွန်-တမီးလ်နာဒူး မြောက်ပိုင်းကမ်းခြေ)မှာလည်းကောင်း၊ နိုဝင်ဘာလ(၂၃)ရက်နေ့ မြန်မာ စံတော်ချိန် (၀၆:၃၀)နာရီအချိန်မှာ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ လေဖိ အားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ သွားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း-တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေကို ဖြတ် ကျော်ဝင်ရောက်ခဲ့ပါသည်။


နိုဝင်ဘာလ (၂၅)ရက်နေ့မှ (၂၈)ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ် ချုန်းရွာသွန်းခဲ့ပါတယ်။
  

 ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပါတယ်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း  မြန်မာနိုင်ငံအရပ်ရပ်တွင် ရွာသွန်းခဲ့ပြီးဖြစ်သော မိုးရွာ သွန်းမှု အခြေအနေများကို တင်ပြလိုပါသည်။ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်း မြဲခန့်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းကာ မိုးထစ်ချုန်း ရွာသွန်းခဲ့ပါသည်။
ဆက်လက်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်တွင်  ရွာသွန်းခဲ့သော မိုးရွာရက်များကို တိုင်းဒေသကြီးများနဲ့ ပြည်နယ်များအလိုက် ခွဲခြားတင်ပြလိုပါတယ်။ တနင်္သာရီ တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ (၁၀)ရက်မှ (၁၃)ရက်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၄)ရက်မှ (၈)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ (၁)ရက်မှ (၃) ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းခဲ့ ခြင်းမရှိတာကို တွေ့ရပါတယ်။
    

နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ညအပူချိန်အခြေအနေများကို တင်ပြလိုပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နိုဝင်ဘာလ၏ ပုံမှန်အပူချိန်တို့ အောက် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါတယ်။
  

 မြူအခြေအနေကတော့ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ (၁)ရက်မှ (၄)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၈)ရက်မှ (၁၃)ရက်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက် ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တို့မှာ (၁၅)ရက်မှ (၂၅)ရက် နံနက်ပိုင်း အချိန်များ မှာ မြူထူများဆိုင်းခဲ့ပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း) တို့မှာ မြူထူဆိုင်းခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။


မိုးရေချိန်စံချိန်သစ် အနေနဲ့ကတော့ နိုဝင်ဘာလ (၁၆)ရက်နေ့မှာ လွိုင်ကော်မြို့မှာ မိုးရေ ချိန်စံချိန်သစ် တင်ခဲ့ပါတယ်။



ယခုဆက်လက်ပြီး လာမည့်ဒီဇင်ဘာလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များ ကို တင်ပြလိုပါတယ်။ လာမည့် ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့် သာယာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန် ဘင်္ဂလားပင်လယ်အော်တို့မှာ် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။


မိုးအခြေအနေခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ကချင်ပြည်နယ်မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မိုးရွာရက်ခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ (၅)ရက်မှ (၈)ရက်ခန်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁)ရက်မှ (၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


ညအပူချိန်အခြေအနေခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)နဲ့ ချင်းပြည် နယ်တို့မှာ ဒီဇင်ဘာလပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။


မြူအခြေအနေခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၅)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ (၆)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းမှာ မြူထူများဆိုင်း နိုင်ပါတယ်။
မြစ်ရေအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၁)ပေမှ (၃)ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၃)ပေမှ (၄)ပေခန့် လက်ရှိရေမှတ်များအောင် ကျဆင်းလာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ပေမှ (၃)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
ဒုဠဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ပေဝက်မှ (၃)ပေခန့်၊ မြစ်သာ မြစ်ရေဟာ ကလေးမြို့မှာ (၁)ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ပေမှ (၂)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၂)ပေခွဲ မှ (၄)ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ပေမှ (၃)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၂)ပေခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြိုနဲ့ ကျောက်တော်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ လေးမြို့ မြစ်ရေဟာ မြောက်ဦးမြို့မှာ ပေဝက်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။
အချုပ်အားဖြင့်တင်ပြလိုတာကတော့ လာမည့်ဒီဇင်ဘာလသည် မြန်မာနိုင်ငံအရပ်ရပ်တွင် အေးပြီးခြောက်သွေ့သည့် အရှေ့မြောက်လေများတိုက်ခတ်သည့်အတွက် ညအပူချိန်များ လျော့ နည်းလာမှာ ဖြစ်ပါတယ်။
    

အဲဒီကာလရဲ့ ထူးခြားတဲ့ဝိသေသများကတော့ တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအား များရပ်ဝန်းသည် အားကောင်းလာပြီး၊  မြန်မာနိုင်ငံဘက်ကို ထိုးဆင်းလာတတ်တဲ့အခါ မြန်မာ နိုင်ငံ အရှေ့မြောက်ပိုင်းဒေသများနဲ့ အလယ်ပိုင်းဒေသများမှာ အအေးပိုလာတတ်သလို ဟိမဝန္တာ တောင်တန်းပေါ်မှ လေဖိအားကြီးရပ်ဝန်းဟာ အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တိုးဝင် လာတဲ့အခါ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာလည်း အအေးပို လာတတ်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်နိုင်တဲ့အတွက် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းကြီးနိုင်တာကြောင့် ပင်လယ်ရေကြောင်းသွားလာရေးကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာတော့ တစ်ခါတစ်ရံ လေထုမငြိမ်သက်ရာမှ ဖြစ်ပေါ်လာ တတ်တဲ့ တိမ်များကြောင့် အအေးပေါ့သွားတတ်ပါတယ်။ ဒီရာသီကာလအတွင်း အထက်မှ အောက်သို့ အရှိန်ပြင်းစွာ ထိုးစိုက်တိုက် ခတ်တတ်သည့် အထက်အောက်လေစီးကြောင်းများ ဖြစ်ပေါ်တတ်တာကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေးမှာ အထူးဂရုပြုကြရမှာဖြစ်သလို အေးပြီးခြောက်သွေ့သည့် ရာသီကာလဖြစ်၍ မိုးရွာသွန်းမှုဖြစ်စဉ်များ လျော့နည်း သွားသည့် အတွက် ပြည်တွင်းရေကြောင်းသွားလာရေးမှာလည်း အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။


အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေး ညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။
    မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါ တယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။