၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Wed, 1 February 2023

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
တင်ပြသူ    - ဒေါ်စန္ဒာဝေ


-    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနဲ့ ဇလ ဗေဒ ခန့်မှန်းချက်များဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေများမှာ ဇန်နဝါရီလ(၂၇) ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ အီကွေတာ အနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ဇန်နဝါရီလ(၂၉)ရက်နေ့မှာ ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း၊ (၃၀)ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်သို့လည်း ကောင်း ရောက်ရှိခဲ့ပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ ဇန်နဝါရီလ (၃၁)ရက်နေ့ အထိ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဆက်လက်တည်ရှိနေခဲ့ပါတယ်။ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းခဲ့ကာ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းကာ မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။

မိုးရွာရက်များ အနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှ မိုးအနည်း ငယ်ထစ်ချုန်းရွာသွန်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာ သွန်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။
ညအပူချိန်အခြေအနေများမှာ  နေပြည်တော်နဲ့ ကယားပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပုံမှန် အပူချိန်ထက် ပိုခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပုံမှန်အပူချိန် အောက် လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပုံမှန်အပူချိန် ခန့်သာ ရှိခဲ့ပါတယ်။

မြူအခြေအနေများကလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၅)ရက်မှ (၁၅)ရက်နဲ့ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၉)ရက်မှ (၂၉)ရက် နံနက်ပိုင်းအချိန်တွေမှာ မြူထူများ ဆိုင်းခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှာ မြူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

အနိမ့်ဆုံးအပူချိန်စံချိန်သစ်အနေနဲ့ကတော့ (၂၀.၁.၂၀၂၃)ရက်နေ့မှာ မောင်တောမြို့မှာ အနိမ့်ဆုံး အပူချိန်စံချိန်သစ် တင်ခဲ့ပါတယ်။


ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာ အောက်သို့ (၁.၁၂.၂၀၂၂)ရက်နေ့ (၁၈:၃၀)နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေ ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၁)ပေခွဲခန့် ကျဆင်းခဲ့ကာ ရေနည်းသတိပေးမှတ်အောက် မှာ ဆက်လက်တည်ရှိနေပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေ ရေနည်းမည့် အခြေအနေသတင်း (၃)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။

ယခုဆက်လက်ပြီး လာမည့် ဖေဖော်ဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက် များကို တင်ပြလိုပါတယ်။ လာမည့် ဖေဖော်ဝါရီလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ် အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း  နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နိုင်ပါတယ်။

မိုးအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲ အောက် လျော့နည်းနိုင်ကာ၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များ အနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့မှာ (၄)ရက်မှ (၇)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ညအပူချိန်ခန့်မှန်းချက်အနေနဲ့ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင် ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည် နယ်တို့မှာ ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၉)ရက်မှ (၂၆) ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ (၁၁)ရက်မှ (၁၈)ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၁၀)ရက်ခန့် နံနက်ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ မြစ်သာ မြစ်ရေသည် ကလေးမြို့မှာ ပေဝက်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရဟာ ဇောင်းတူမြို့မှာ ပေဝက်ခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၁)ပေမှ (၁)ပေခွဲခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ ပေဝက်ခန့်စီ၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ ပေဝက်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ပေခန့်လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ် အထက် မြင့်တက်လာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဖေဖော်ဝါရီလဟာ ဆောင်းရာသီကာလရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ များသောအားဖြင့် အေးပြီးခြောက်သွေ့တဲ့ ရာသီကာလ ဖြစ်သော် လည်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မှုများ ရှိနိုင်ပါသေးတယ်။ အဲဒီလို ကာလမျိုးမှာ နောက်ထပ် ကြုံတွေ့နိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်များအနေနဲ့ကတော့ နံနက်ပိုင်းအချိန်အခါများမှာ မြူထူများ ကျဆင်းတတ်ခြင်းနဲ့ မြူထူများ ဆိုင်းနေတာကြောင့် အဝေးမြင်တာ (၁)မိုင်အောက် လျော့နည်းသွားတတ်တဲ့အတွက် ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ပြည်တွင်းရေကြောင်း သွားလာရေးတို့မှာ အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မြစ်ရေများ လျော့နည်းလာခြင်း ကြောင့် ရေယာဉ်များအနေနဲ့လည်း အထူးသတိပြု မောင်းနှင်သင့်ပါတယ်။

နောက်ထပ်တင်ပြလိုတာကတော့ လာမည့်ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေမှာ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသ တွေမှာ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများ ဖြတ်သန်းနိုင်တာကြောင့် လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်မှ လေနွေးများနဲ့ တရုတ်ပြည်မကြီးမှ တိုးဝင်လာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ အဲဒီလိုအချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်တယ်ဆိုရင်ဖြင့် ကြိုတင်သတိပေးချက်များကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ထူးခြားတဲ့မိုးလေဝသအခြေအနေများနှင့် ပတ်သတ်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876(ext no 5)သို့ လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီး များနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ် ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှလည်း မိုးလေဝသ နဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြ ရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။