၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
  • Sat, 1 April 2023

၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)


၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)

တင်ပြသူ    -    ဒေါ်စန္ဒာဝေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မင်္ဂလာပါရှင်------

၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ မတ်လအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ မြစ်ရေအခြေအနေများကို တင်ပြ လိုပါတယ်။

ပြီးခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်အခြေအနေများမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ် အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်တို့မှာတိမ် အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပါတယ်။

မိုးရွာသွန်းမှုအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲခန့်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း မကွေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ မိုးရွာသွန်း ခဲ့ခြင်းမရှိဘဲ ကချင်ပြည်နယ်မှာ (၈)ရက်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ (၁)ရက်မှ (၄)ရက် မိုး ထစ်ချုန်းရွာသွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နေ့အပူချိန်များအနေနဲ့ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မတ်လရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါ တယ်။

ဆက်လက်ပြီး မတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြူအခြေအနေများကို တင်ပြလိုပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၁)ရက်မှ (၂၂)ရက်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက် ပိုင်းနဲ့တောင်ပိုင်း)၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ (၁)ရက်မှ (၉)ရက် နံနက်ပိုင်းအချိန်တွေမှာ မြူထူများ ဆိုင်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည် နယ်မှာ မြူထူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

မိုးရေချိန်စံချိန်သစ်များအနေနဲ့ကတော့ (၁၄)ရက်နေ့မှာ မြောင်းမြမြို့နဲ့ ဇလွန်မြို့၊ (၁၆)ရက်နေ့ မှာ မိုးကုတ်မြို့နဲ့ (၂၁)ရက်နေ့မှာ ဗန်းမော်မြို့တို့မှာ မိုးရေချိန် စံချိန်သစ်များတင်ခဲ့ပါတယ်။




ပြီးခဲ့တဲ့ မတ်လအတွင်း မြစ်ရေအခြေအနေများမှာ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက်သို့ (၁.၁၂.၂၀၂၂)ရက်နေ့ (၁၈:၃၀)နာရီအချိန်မှာ စတင် ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ ၂၀၂၃ခုနှစ်၊ မတ်လအတွင်း (၄)ပေခန့် မြင့်တက်ခဲ့သော်လည်း ရေနည်းသတိပေးမှတ်အောက်တွင် ဆက်လက်တည်ရှိနေပါတယ်။

ဧရာဝတီမြစ်ရေဟာ မင်းဘူးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၁၀)စင်တီမီတာအောက် သို့ (၄.၂.၂၀၂၃)ရက်နေ့ (၁၈:၃၀) နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ ၂၀၂၃ခုနှစ်၊ မတ်လအတွင်း (၂)ပေခွဲခန့် မြင့်တက်ခဲ့ကာ ၂၉.၃.၂၀၂၃ ရက်နေ့  (၀၆:၃၀) နာရီတွင် ရေနည်းသတိပေး မှတ်အထက်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဧရာဝတီမြစ်ရေဟာ မကွေးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၁၀)စင်တီမီတာအောက် သို့ (၁၁.၂.၂၀၂၃)ရက်နေ့ (၀၆:၃၀) နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း (၂)ပေခန့် မြင့်တက်ခဲ့ကာ ၂၉.၃.၂၀၂၃ရက်နေ့  (၁၈:၃၀)နာရီတွင် ရေနည်း သတိ ပေးမှတ်အထက်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၄)ပေမှ (၆)ပေ ခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ (၂)ပေမှ (၄)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

အခုဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို တင်ပြ လိုပါတယ်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေများမှာ     ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

    မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယား ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည် နယ်တို့တွင် (၁၀)ရက်မှ (၁၅)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၄) ရက်မှ (၉)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

နေ့အပူချိန်အခြေအနေမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါတယ်။
    
မြစ်ရေအခြေအနေမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော် မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၄)ပေမှ (၆)ပေ ခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ (၂)ပေမှ (၄)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။
အလားတူ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၂)ပေမှ (၄)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင် ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ် မြို့တို့မှာ ပေဝက်မှ (၂)ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ(၁)ပေမှ (၁)ပေခွဲ ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ပေခန့်၊ ပဲခူးမြစ်ရေမှာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ (၁)ပေမှ (၂)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၂)ပေမှ (၃)ပေခန့်၊ သောင်ရင်းမြစ်ရေ ဟာ  မြဝတီမြို့မှာ (၁)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ပေမှ (၂)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၂)ပေခွဲခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၁)ပေခန့်စီ၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ပေခန့်နဲ့ ဘီးလင်းမြစ်ရေ ဟာ ဘီးလင်းမြို့မှာ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်ဧပြီလဟာ ရာသီကာလ အပိုင်းအခြားအနေနဲ့ ပူပြင်းခြောက်သွေ့တဲ့ရာသီမှ မိုးကြိုကာလသို့ ကူးပြောင်းသောလ ဖြစ်ပါတယ်။ အဲဒီ ကာလမှာ ဖြစ်ပေါ် နိုင်တဲ့ မုန်တိုင်းများဟာ မြန်မာနိုင်ငံဘက်သို့ သက်ရောက်နိုင်တာကြောင့် အထူးသတိပြုဖို့ လိုအပ် ပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်မှာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ နေ့အပူချိန်များ တဖြေးဖြေး မြင့်တက်လာမှာ ဖြစ်ပါတယ်။ ထိုကာလအတွင်း ထူးခြားတဲ့ မိုးလေဝသ ဖြစ်စဉ်များကတော့ မြန်မာနိုင်ငံ အရပ်ရပ်မှာ နေ့အပူချိန်များ ပူပြင်းလာမှုကြောင့် မွန်းလွဲ၊ ညနေပိုင်းအချိန်ကာလများမှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ရာမှ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများ ကြွေကျတက်ခြင်းနဲ့ လေပြင်း များ တိုက်ခတ်တက်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် တက်ပါတယ်။ အဲ့ဒီလိုဖြစ်ပေါ်တက်တဲ့ မိုးလေဝသဖြစ်စဉ်များကြောင့် ရေကြောင်းသွားလာရေးနဲ့ လေ ကြောင်းပျံသန်းရေးတို့အပြင် လုပ်ငန်းခွင်ဆောင်ရွက်နေသော ပြည်သူများအနေဖြင့် အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေ အခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Facebookသို့ လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ သို့လည်းကောင်း၊ Call Center 1876 (ext no 5)သို့လည်းကောင်း၊ မြန်မာ ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှတဆင့် မိုးလေဝသနဲ့ ဇလဗေဒ သတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်တယ်ဆိုတဲ့အကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါရှင်။