၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ ယေဘုယျ ခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့ မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Mon, 1 May 2023

၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ ယေဘုယျ ခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့ မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ ယေဘုယျ ခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့
မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)

တင်ပြသူ    -  ဦးထက်‌ဝေထွန်း
-  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မင်္ဂလာပါခင်ဗျာ-

အခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ ယေဘုယျခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့ မေလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲ့ဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေ များကို ဦးစွာ ပထမတင်ပြပါ့မယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေများမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပါတယ်။

မိုးရွာသွန်းမှုအခြေအနေများမှာ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ ရွာသွန်း မြဲခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက် ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲကို မပြည့်မီပဲ ရွာသွန်းမြဲအောက် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ကချင်ပြည်နယ်မှာ (၁၁)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ (၃)ရက်မှ (၆)ရက်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက်မှ (၂)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့မှာ ရွာသွန်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း နေ့အပူချိန်များအနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပုံမှန်အပူချိန်ထက် ပိုခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပုံမှန်အပူချိန် ခန့်သာ ရှိခဲ့ပါတယ်။

အမြင့်ဆုံးအပူချိန် စံချိန်သစ်များအနေနဲ့ကတော့ ပြီးခဲ့တဲ့ (၁၈)ရက်နေ့နဲ့ (၁၉)ရက်နေ့တို့မှာ တမူးမြို့၊ (၂၅)ရက်နေ့မှာ သိမ်ဇရပ်မြို့၊ ရွှေကျင်မြို့၊ ဘီးလင်းမြို့နဲ့ သထုံမြို့တို့မှာ အမြင့်ဆုံးအပူချိန် စံချိန်သစ်များ တင်ခဲ့ပါတယ်။





ပြီးခဲ့တဲ့ ဧပြီလအတွင်း မြစ်ရေအခြေအနေများမှာ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက်သို့ (၁.၁၂.၂၀၂၂)ရက်နေ့ (၁၈:၃၀)နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း (၂)ပေခန့် မြင့်တက်ခဲ့သော်လည်း ရေနည်းသတိပေးမှတ်အောက်မှာ ဆက်လက်တည်ရှိနေပါတယ်။

ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၁၀၀)စင်တီမီတာသို့ (၂၃.၄.၂၀၂၃)ရက်နေ့ (၁၂:၃၀)နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပြီး အဆိုပါမြစ်ရေဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ ရေနည်းသတိပေးမှတ်အောက် ပေဝက်ခန့် ဆက်လက်ကျဆင်းခဲ့ပါတယ်။

အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအ‌ခြေအနေကတော့ အနောက်တောင် မုတ်သုံလေဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁ - ၆)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၄)ရက်နေ့)အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ၀င်ရောက်ဖွယ်ရာရှိပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တော်သလင်း လပြည့်ကျော်ခန့်)မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည် ဆုတ်ခွာသွားဖွယ်ရာ ရှိပါတယ်။

အခုဆက်လက်ပြီး၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်များကို ဆက်လက် တင်ပြပါ့မယ်။

မိုးဦးကာလဟာ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ၀င်ရောက် တဲ့နေ့မှ ဇွန်လကုန်အထိ ဖြစ်ပါတယ်။ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်‌၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင် ပါတယ်။ အဲ့ဒီကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ အားအနည်းငယ်မှ အသင့်အတင့် ရှိနိုင် ပါတယ်။

မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးဦးကာလ မေလနဲ့ ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်း မြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နဲ့ ဘီးလင်းမြစ်တစ်လျှောက်ရှိ မြို့များမှ မြစ်ရေများဟာ လက်ရှိရေမှတ်များရဲ့ အထက် မြင့်တက်လာနိုင်သော် လည်း ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ် မရှိပါ။

မိုးလယ်ကာလဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်ပါတယ်။ မိုးလယ် ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အဲ့ဒီကာလအတွင်း အနောက်တောင် မုတ်သုံလေဟာ အားကောင်းနိုင်ပါတယ်။

မိုးရွာသွန်းမှု အ‌ခြေအနေမှာ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးလယ်ကာလ ဇူလိုင်လနဲ့ သြဂုတ်လတို့မှာ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်း မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့ တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝ မြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေ ဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်၊ ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့မှာ (၁)ကြိမ်ခန့်၊ လေးမြို့ မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက် ရှိနိုင်ပါတယ်။
မိုးနှောင်းကာလဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါတယ်။ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီ မြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ် ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ် ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တို့မှာ (၁)ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။
ယခုဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက် များကို တင်ပြလိုပါတယ်။
၂၀၂၃ ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်းအနေနဲ့ကတော့ မိုးဦးကာလဟာ မြန်မာနိုင်ငံ အတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ မုတ်သုံလေ ဝင်ရောက်နိုင်မှုအ‌ခြေအနေကတော့ အနောက်တောင် မုတ်သုံလေ သည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာ ရှိပါတယ်-
    (က)     မေလ (၁၃-၁၈)ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊
    (ခ)    မေလ (၁၉-၂၄)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊
     (ဂ)    မေလ (၂၅-၃၁)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနဲ့
    (ဃ)    ဇွန်လ(၁-၆)ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို ဝင်ရောက်ဖွယ်ရာရှိပါ တယ်။
ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အဲ့ဒီကာလအတွင်း အနောက်တောင် မုတ်သုံလေဟာ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးဦးကာလ မေလနဲ့ ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်း မြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နဲ့ ဘီးလင်းမြစ်တစ်လျှောက်ရှိ မြို့များမှ မြစ်ရေများဟာ လက်ရှိရေမှတ်များရဲ့အထက် မြင့်တက်လာနိုင်သော် လည်း ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ် မရှိပါ။

အခုဆက်လက်ပြီး၊ လာမည့် မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို ဆက်လက် တင်ပြပါမယ်။

အနောက်တောင်မုတ်သုံလေဟာ မေလ (၁၃ - ၁၈)ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသ များသို့ လည်းကောင်း၊ မေလ (၁၉ - ၂၄)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေလ (၂၅ - ၃၁)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊  အသီးသီး၀င်ရောက် နိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ပါတယ်။ အဲ့ဒီကာလအတွင်း အနောက်တောင် မုတ်သုံလေဟာ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၇)ရက်မှ (၂၂)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက် ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၁၁)ရက်မှ (၁၆)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူး တိုင်းဒေသကြီး(အနောက်ပိုင်း)တို့မှာ (၅)ရက်မှ (၁၀)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

နေ့အပူချိန်များအနေနဲ့ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ မေလ ပုံမှန်အပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မေလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက်မှာ ၂၀၂၃ ခုနှစ် မေလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၈)ပေမှ (၁၀)ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၅)ပေမှ (၇)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့နဲ့ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၅)ပေမှ (၈)ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၃)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ (၂)ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ (၄)ပေမှ (၆)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၂)ပေမှ (၃)ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂)ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ (၂)ပေမှ (၄)ပေခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ (၃)ပေမှ (၄)ပေခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ (၃)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၂)ပေမှ (၄)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၃)ပေခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၁)ပေမှ (၃)ပေခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ပေခန့်နဲ့ ဘီးလင်း မြစ်ရေဟာ ဘီးလင်းမြို့မှာ (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ ဧပြီလအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာမှုကြောင့် မွန်းလွဲ/ညနေပိုင်း အချိန်အခါများမှာ မိုးတိမ်တောင်များ ဖြစ်ထွန်းခဲ့ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်မှာ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စတဲ့ မိုးလေဝသ ဖြစ်စဉ်များ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ လာမည့်မေလဟာ မိုးကြိုကာလမှ မိုးဦးကာလကို ကူးပြောင်း တဲ့ကာလ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ နေ့အပူချိန် မြင့်တက်နေမှုများ ဆက်လက် ဖြစ်ပေါ်နိုင်ပြီး အပူချိန် မြင့်မားမှုကြောင့် မွန်းလွဲ/ညနေပိုင်း အချိန်အခါ များမှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ခြင်း၊ လေပြင်းများ တိုက်ခတ်တတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးများ ကြွေကျတတ်ခြင်းနဲ့ ခေတ္တမျှမိုးသည်းထန်ခြင်းတို့ ဖြစ်ပေါ်တက် ပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုံ စတင်ဝင်ရောက်ချိန်မှာ လေထုမငြိမ်သက်မှုဖြစ်စဉ်များကြောင့် ထစ်ချုန်းမိုးသက်လေပြင်းဖြစ်စဉ်များ နေရာကွက်ကျား ဖြစ်ပေါ်နိုင်ပြီး၊ အနောက်တောင် မုတ်သုံလေ ဝင်ရောက်ပြီးနောက် ၎င်းဖြစ်စဉ်များဟာ တစ်ဖြည်းဖြည်း လျော့ကျလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မေလဟာ မိုးကြိုရာသီမှာ ဖြစ်ပေါ်တတ်တဲ့ မိုးကြိုမုန်တိုင်းအခြေအနေများကိုလည်း စောင့်ကြည့် သတိ ထားရမယ့် ကာလဖြစ်သလို မြစ်ချောင်းများအနီး နေထိုင်ကြသူများအဖို့ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့လည်း လိုအပ်ပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိ ပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့Facebook သို့လည်းကောင်း၊ နေပြည်တော်မှာရှိတဲ့ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ် အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှတစ်ဆင့် မိုးလေဝသနဲ့ ဇလဗေဒ သတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

    ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ။