၂၀၂၃ ခုနှစ်၊ မိုးလယ်ကာလနှင့် ဩဂုတ်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Fri, 14 July 2023

၂၀၂၃ ခုနှစ်၊ မိုးလယ်ကာလနှင့် ဩဂုတ်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


၂၀၂၃ ခုနှစ်၊ မိုးလယ်ကာလနှင့် ဩဂုတ်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)


တင်ပြသူ - ဦးထက်ဝေထွန်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………....................................

မင်္ဂလာပါခင်ဗျာ -


၂၀၂၃ ခုနှစ်၊ မိုးလယ်ကာလနှင့် ဇူလိုင်လအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက် များကို မတင်ပြမီ ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသ အခြေအနေများကို ဦးစွာပထမတင်ပြလိုပါတယ်။


အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှုအခြေအနေကတော့ အနောက်တောင်မုတ်သုံ လေဟာ ဇွန်လ (၇)ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းသို့လည်းကောင်း၊ (၉)ရက်နေ့မှာတော့  မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။


ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ပြီးခဲ့တဲ့ ဇွန်လ (၇)ရက်နေ့ မနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်းဆဲလ်တစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၉)ရက်နေ့ မွန်းလွဲပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ ညပိုင်းမှာအားကောင်း သော လေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပါတယ်။ (၁၁)ရက်နေ့မှာတော့ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်ပါတယ်။

 ဇွန်လ (၂၅)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ် လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပင်လယ်ပြည်နယ် ကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်း ဟာ ဇွန်လ (၂၆)ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်နဲ့ ချက်တစ်ဂတ်ပြည်နယ် မြောက်ပိုင်းတို့ကို ဖြတ်ကျော်ကာ မဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး တဖြည်း ဖြည်း အားလျော့သွားခဲ့ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းခဲ့ပါတယ်။ 


မိုးရွာသွန်းမှု အခြေအနေများမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်း ခဲ့ကာ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲ ခန့် မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။ 


မိုးရွာရက်များ အနေနဲ့ကလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ (၇)ရက်မှ (၁၄)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ (၁၇)ရက်မှ (၂၁)ရက်နဲ့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၄)ရက်မှ (၂၉)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။

မိုးရေချိန်စံချိန်သစ် အနေနဲ့ကတော့ ဇွန်လ(၂၅)ရက်နေ့မှာ ပြင်ဦးလွင်မြို့မှာ မိုးရေချိန် စံချိန်သစ် တင်ခဲ့ပါတယ်။

အနိမ့်ဆုံးအပူချိန် စံချိန်သစ် အနေနဲ့ကတော့ ဇွန်လ (၁၅)ရက်နေ့မှာ သိမ်ဇရပ်မြို့မှာ အနိမ့်ဆုံး အပူချိန်စံချိန်သစ် တင်ခဲ့ပါတယ်။


အမြင့်ဆုံးအပူချိန် စံချိန်သစ်များ အနေနဲ့ကတော့ မေလ(၃၁)ရက်နေ့မှာ ခန္တီးမြို့နဲ့ မြစ်ကြီးနားမြို့တို့မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။

အခုဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ မိုးလယ်ကာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ မိုးလေဝသနဲ့ ဇလ ဗေဒခန့်မှန်းချက်များကို တင်ပြလိုပါတယ်။
မိုးလယ်ကာလ သက်မှတ်ချက်အနေနဲ့ကတော့ မိုးလယ်ကာလဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း (၁၄)ရက်နေ့မှ ဝါခေါင်လပြည့်နေ့) အထိ ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံ လေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်မှ အားကောင်း နိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။
မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ မိုးလယ်ကာလ ဇူလိုင်လနဲ့ သြဂုတ်လ တို့မှာ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လ ံမြို့၊ ပြည်မြို့နဲ့ ဆိပ်သာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၂)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့ မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၂)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘားအံမြို့မှာ (၂)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၂)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်း မြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်၊ ကုလားတန်မြစ် ရေဟာ ကျောက်တော်မြို့မှာ (၁)ကြိမ်ခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက် သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။

အခုဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်များကို တင်ပြပါ့မယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ဘင်္ဂလားပင်လယ်အော် မှာလေဖိအားနည်းရပ်၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။
မိုးရွာသွန်းမှု အခြေအနေများအနေနဲ့ကတော့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါ တယ်။

မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၃)ရက်မှ (၂၉)ရက် ခန့်၊ နေပြည်တော်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ (၁၆)ရက်မှ (၂၂)ရက်ခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ (၉)ရက်မှ (၁၅)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မြစ်ရေခန့်မှန်းချက် အနေနဲ့ကတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေ ဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ(၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်၊ ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့မှာ (၁)ကြိမ်ခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်း မြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် ဇူလိုင်လဟာ မိုးလယ်ကာလရဲ့ ပထမလ ဖြစ်ပါတယ်။ အထူးသဖြင့် မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံ မုန်တိုင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။ အနောက်တောင်မုတ်သုံလေကတော့ အားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။ မုတ်သုံမုန်တိုင်းများ ဖြစ်ပေါ်ပါက မုန်တိုင်းနဲ့အတူ မိုးများပိုမိုရွာသွန်း တတ်ခြင်း၊ မိုးသက်လေပြင်းများ ကျရောက်တတ်ခြင်းတို့ကြောင့် မြန်မာ့ပင်လယ်ပြင်မှာ အဝေး မြင်တာ လျော့နည်းမှုနဲ့ လှိုင်းကြီးမှုများ ကြုံတွေ့နိုင်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကုန်း၊ တောင်တန်းဒေသများမှာ လျှပ်တပြတ်ရေကြီးခြင်း၊ မြေပြိုခြင်း ဘေးအန္တရာယ် များကိုလည်း သတိပြုရန် လိုအပ်ပါတယ်။ ဇူလိုင်လအတွင်း မြန်မာနိုင်ငံရှိ မြစ်ကြီးများမှာလည်း စိုးရိမ် ရေမှတ်များသို့ (၁)ကြိမ်ခန့်စီ ကျော်လွန်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်မှာ ရှိတဲ့ အလို အလျောက်ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no.5)သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင် ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။