၂၀၂၃ ခုနှစ်၊ မိုးနှောင်းကာလနဲ့ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Mon, 11 September 2023

၂၀၂၃ ခုနှစ်၊ မိုးနှောင်းကာလနဲ့ စက်တင်ဘာလ လပတ်အတွက်  မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ -   ဒေါ်စန္ဒာဝေ
-    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
……………………………………………………………………………..........................................
မင်္ဂလာပါရှင်-
ယခုတပတ်တင်ပြမှာကတော့--------------
၂၀၂၃ ခုနှစ်၊ မိုးနှောင်းကာလနဲ့ စက်တင်ဘာလတို့အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်း ချက်များပဲ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မြန်မာနိုင်ငံ အရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။
ဘင်္ဂလားပင်လယ်အော် အခြေအနေများအနေနဲ့ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၉)ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဇူလိုင်လ (၃၁)ရက်နေ့မှာ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ရောက်ရှိခဲ့ပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်း ကောင်း၊ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ မွန်းလွဲ (၁၂:၃၀)နာရီအချိန်မှာ အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပြီး၊ ညနေ(၁၇:၃၀) နာရီအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့အနီးမှ စတင်ဖြတ်ကျော်ခဲ့ပါတယ်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ (၂)ရက်နေ့၊ နံနက်(၀၅:၃၀)နာရီအချိန်မှာ အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းသို့ ရောက်ရှိခဲ့ကာ၊ မွန်းလွဲ (၁၂:၃၀)နာရီအချိန်မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တဖြည်းဖြည်း အားလျော့သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၁၇)ရက်နေ့ ညနေ(၁၈:၃၀)နာရီအချိန်မှာ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ (၁၈)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်မှာ အနောက်-အနောက်မြောက်ဘက်ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေမှာ ဆက်လက်တည်ရှိခဲ့ပါတယ်။ အဆိုပါလေဖိအား နည်းရပ်ဝန်းဟာ (၁၉)ရက်နေ့ နံနက်(၀၅:၃၀)နာရီအချိန်မှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက် ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ တဖြည်းဖြည်း အားလျော့ သွားခဲ့ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အား ကောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ရွာသွန်းခဲ့တဲ့ မိုးရွာသွန်းမှုအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ရွာသွန်းမြဲခန့်နဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းကာ မိုးထစ်ချုန်းရွာသွန်းခဲ့ ပါတယ်။
မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ (၁၃)ရက်မှ (၁၈)ရက်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ (၁၉)ရက်မှ (၂၅)ရက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၆)ရက်မှ (၃၁)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။
မိုးရေချိန်စံချိန်သစ်များ အနေနဲ့ကတော့ ဩဂုတ်လ(၁)ရက်နေ့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ (၆)ရက်နေ့မှာ နေပြည်တော် ဧလာ(လေဆိပ်)၊ (၈)ရက်နေ့မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်း မြို့တို့မှာ မိုးရေချိန်စံချိန်သစ်များ တင်ခဲ့တာကို တွေ့ရပါတယ်။














အမြင့်ဆုံးအပူချိန်စံချိန်သစ်များအနေနဲ့ကတော့ ဩဂုတ်လ(၁၄)ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦး(လေကြောင်းမိုးလေဝသ)၊ (၁၅)ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦး(လေကြောင်း မိုးလေဝသ)နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ စစ်ကိုင်းမြို့နဲ့ (၂၀)ရက်နေ့မှာ ဧရာဝတီတိုင်းဒေသ ကြီး၊ ဇလွန်မြို့တို့မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။

အနိမ့်ဆုံးအပူချိန်စံချိန်သစ်များ အနေနဲ့ကတော့ ဩဂုတ်လ(၁)ရက်နေ့မှာ မွန်ပြည်နယ်၊ သိမ်ဇရပ် မြို့၊ (၃)ရက်နေ့မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တို့မှာ အနိမ့်ဆုံးအပူချိန်စံချိန်သစ်များတင်ခဲ့တာ ကိုတွေ့ရပါတယ်။

မြစ်ရေအခြေအနေများမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော မြစ်ရေအခြေအနေ
ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၁) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၃)လက်မခန့် ကျော်လွန်ရောက်ရှိခဲ့ ပြီး ဧရာဝတီမြစ်ပေါ်ရှိ ဆိပ်သာမြို့အတွက် ရေကြီးမှုသတိပေးချက် (၁) ကြိမ်နှင့်  ရေကြီးမှုအခြေအနေ သတင်း (၁) ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၂) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ  (၂) ကြိမ်စလုံးမှာ စိုးရိမ်ရေမှတ်အထက် (၁) ပေခန့် ကျော် လွန်ရောက်ရှိခဲ့ပြီး ချင်းတွင်းမြစ်ပေါ်ရှိ ဟုမ္မလင်းမြို့အတွက် ရေကြီးမှုသတိပေးချက် (၃)ကြိမ်နှင့်  ရေ ကြီးမှုအခြေအနေ သတင်း (၇)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၂) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ ပထမအကြိမ်မှာ စိုးရိမ်ရေမှတ်အထက် (၁) ပေခွဲခန့်နှင့် ဒုတိယအကြိမ်မှာ (၁) ပေခန့်ကျော်လွန်ရောက်ရှိခဲ့ပြီး ချင်းတွင်းမြစ်ပေါ်ရှိ ဖောင်းပြင်မြို့အတွက် ရေကြီးမှု သတိပေးချက် (၂) ကြိမ်နှင့်  ရေကြီးမှုအခြေအနေသတင်း (၇) ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၁) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ  စိုးရိမ်ရေမှတ်အထက် (၅)ပေခွဲခန့်ကျော်လွန်ရောက်ရှိခဲ့ပြီး သံလွင်မြစ်ပေါ်ရှိ ဘားအံမြို့အတွက် ရေကြီးမှုသတိပေးချက် (၁)ကြိမ်နှင့်  ရေကြီးမှုအခြေအနေသတင်း (၁၇) ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၁) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၂) ပေခန့်ကျော်လွန်ရောက်ရှိခဲ့ပြီး စစ်တောင်းမြစ် ပေါ်ရှိ မဒေါက်မြို့အတွက် ရေကြီးမှုသတိပေးချက် (၂) ကြိမ်နှင့်  ရေကြီးမှုအခြေအနေ သတင်း (၁၀) ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
ပဲခူးမြစ်ရေဟာ ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ကျော်လွန် ရောက် ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၃) ပေခန့်ကျော်လွန်ရောက်ရှိခဲ့ပြီး ပဲခူးမြစ် ပေါ်ရှိ  ပဲခူးမြို့အတွက် ရေကြီးမှုသတိပေးချက် (၃) ကြိမ်နှင့်  ရေကြီးမှုအခြေအနေသတင်း (၅) ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
သောင်ရင်းမြစ်ရေဟာ မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၁) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၃)ပေခန့်ကျော်လွန်ရောက်ရှိခဲ့ပြီး သောင်ရင်းမြစ်ပေါ်ရှိ မြဝတီမြို့ အတွက် ရေကြီးမှုသတိပေးချက် (၁)ကြိမ်နှင့်  ရေကြီးမှုအခြေအနေ သတင်း (၆)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၁) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၃)ပေခန့်ကျော်လွန်ရောက်ရှိခဲ့ပြီး ဘီးလင်းမြစ်ပေါ်ရှိ ဘီးလင်းမြို့ အတွက် ရေကြီးမှုသတိပေးချက် (၁)ကြိမ်နှင့် ရေကြီးမှုအခြေအနေ သတင်း (၈) ကြိမ် ထုတ်ပြန်ပေး ခဲ့ပါတယ်။
လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၁) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၂)ပေခန့်ကျော်လွန်ရောက်ရှိခဲ့ပြီး လေးမြို့ မြစ်ပေါ်ရှိ မြောက်ဦးမြို့အတွက် ရေကြီးမှုသတိပေးချက် (၁)ကြိမ်နှင့်  ရေကြီးမှုအခြေအနေသတင်း (၂) ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။
နန့်ယင်းမြစ်ရေဟာ မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၂) ကြိမ်ကျော်လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ (၂) ကြိမ်စလုံးမှာ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်ကျော်လွန် ရောက်ရှိခဲ့ပြီး နန့်ယင်းမြစ်ပေါ်ရှိ မိုးကောင်းမြို့အတွက် ရေကြီးမှုသတိပေးချက် (၂)ကြိမ်နှင့်  ရေကြီးမှု အခြေအနေသတင်း (၅)ကြိမ် ထုတ်ပြန်ပေးခဲ့ ပါတယ်။
နန့်ကောင်းမြစ်ရေဟာ မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၂) ကြိမ်ကျော် လွန် ရောက်ရှိခဲ့ပါတယ်။   အဆိုပါ မြစ်ရေဟာ (၂) ကြိမ်စလုံးမှာ စိုးရိမ်ရေမှတ်အထက် (၂)လက်မခန့် ကျော်လွန်ရောက်ရှိခဲ့ပြီး နန့်ကောင်းမြစ်ပေါ်ရှိ မိုးကောင်းမြို့အတွက် ရေကြီးမှုသတိပေးချက် (၃)ကြိမ် နှင့်  ရေကြီးမှုအခြေအနေသတင်း (၂) ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။

အခုဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များ ကို တင်ပြပါမယ်ရှင်။
မိုးနှောင်းကာလဟာ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့)မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန် လည် ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါတယ်။
မုတ်သုံလေဆုတ်ခွာသည့် အခြေအနေဟာ
(က)   စက်တင်ဘာလ (၁၂ - ၁၈)ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊
(ခ)    စက်တင်ဘာလ (၁၉-၂၅)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊
(ဂ)    စက်တင်ဘာလ (၂၆)ရက်နေ့မှ အောက်တိုဘာလ (၁)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသ များမှ လည်းကောင်း၊
(ဃ)    အောက်တိုဘာလ (၂-၇)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လည်းကောင်း ဆုတ်ခွာ သွားဖွယ်ရာရှိပါသည်။
မိုးနှောင်းကာလအတွက် ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့၊ ကသာ မြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ် ရေဟာ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ် ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့ မှာ (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။
အခုဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်း ချက်များကို တင်ပြပါ့မယ်။

စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိ အားနည်းရပ်၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၂ - ၁၈) ရက်နေ့ အတွင်း  မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ (၁၉ - ၂၅) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ (၂၆) ရက်နေ့မှ အောက်တိုဘာလ (၁) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါတယ်။ အနောက် တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအနည်းငယ်မှ အား အသင့်အတင့် ရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှာ (၂၁)ရက်မှ (၂၅)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ (၁၆)ရက်မှ (၂၀)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ (၁၁)ရက်မှ (၁၅) ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ဧရာဝတီ မြစ်ရေဟာ ရွှေကူမြို့၊ ကသာမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ် ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီ မြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါတယ်။
အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အယ်လ်နီညိုဖြစ်စဉ်ဟာ အားအသင့်အတင့်ရှိခဲ့ပါတယ်၊ လာမယ်စက်တင်ဘာလအတွင်း နိုင်ငံတကာမိုးလေဝသဌာန၏ သင်္ချာ ပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အားအသင့်အတင့်မှ အားကောင်းသော အယ်လ်နီညိုအခြေအနေ သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်သည့် ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအား ဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ် များ ဖြစ်ပေါ်လေ့ရှိပါတယ်။

လာမယ့် စက်တင်ဘာလဟာ မိုးနှောင်းကာလသို့ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အနောက် တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများနဲ့ မြစ်ဝကျွန်းပေါ် ဒေသများမှ ဆုတ်ခွာသွားနိုင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး အနေနဲ့ကတော့ အောက်တိုဘာလ ပထမ (၁၀)ရက်ပတ်အတွင်းမှာ ဆုတ်ခွာသွားနိုင်ပါတယ်။ မုတ်သုံလေ ဆုတ်ခွာသွားသော်လည်း အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများရဲ့ အရှိန်ကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင် မှာ ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များ မြန်မာနိုင်ငံဘက်ဆီသို့ ရွေ့လျားလာခြင်း တို့ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းများနဲ့ မုန်တိုင်းများကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအရပ်ရပ်မှာ မိုးထစ်ချုန်းရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင် ပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာခြင်းနဲ့အတူ မိုးတိမ်တောင်များ ပိုမိုဖြစ်ပေါ် ပြီး၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခက်ခြင်း၊ မိုးကြိုးပစ်ခြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ကမ်းရိုးတန်းသွား သင်္ဘောများနဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များအနေဖြင့် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်း သတင်းများကို အထူးဂရုပြု သွားလာစေလိုပါတယ်။ ဒါ့အပြင် လာမယ့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေများဟာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနိုင်သေးတဲ့ အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် မြစ်ရေကြီးခြင်း သတိပေးချက်၊ ထုတ် ပြန်ချက်များကို အထူးဂရုပြုစေလိုပါတယ်။

အဲ့ဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm  သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (EXT No.5) သို့ လည်းကောင်း၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှ တဆင့် မိုးလေဝသနှင့် ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။