၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)
  • Wed, 17 January 2024

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)


တင်ပြသူ -  ဒေါ်စန္ဒာဝေ

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….......................................

မင်္ဂလာပါရှင်----------

ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်း ချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာ နိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒ အခြေအနေများကို ဦးစွာပထမ တင်ပြ လိုပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ နိုဝင်ဘာလ(၂၇)ရက်နေ့ မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ မလက္ကာရေလက်ကြားတို့မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ (၂၉)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနှင့် ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအဖြစ် သို့လည်းကောင်း၊ ဒီဇင်ဘာလ(၁)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ် လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့မှာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ (၂) ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့လည်း ကောင်း၊ (၃)ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG)အဖြစ်သို့လည်းကောင်း၊ (၄) ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်နဲ့ ယင်းနဲ့ဆက်စပ်လျက် ရှိတဲ့ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေတို့မှာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG) အဖြစ်သို့လည်းကောင်း၊ (၅)ရက်နေ့မှာ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့နဲ့ မာချီလီပတ္တနမ်မြို့တို့အကြား၊ ဘပတ်လမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း”(MICHAUNG)အဖြစ်သို့ အားလျော့သွားခဲ့ပါတယ်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားခဲ့ပါတယ်။ 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကာ၊ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် ခဲ့ပါတယ်။

မိုးရွာသွန်းမှု အခြေအနေများမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုကာ မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။ 

မိုးရွာရက်များ အနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင် ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ (၄)ရက်မှ (၇)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂)ရက်မှ (၃)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ကရင် ပြည်နယ်တို့မှာ မိုးရွာသွန်းခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။

ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ညအပူချိန် အခြေအနေများကို တင်ပြလိုပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ ပုံမှန်အပူချိန်ထက် ပိုခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနဲ့ ချင်းပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါတယ်။

မြူအခြေအနေကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ (၂၁)ရက်မှ (၂၈)ရက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၃) ရက်မှ (၂၀)ရက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ(၂)ရက်မှ (၁၁)ရက် နံနက် ပိုင်းအချိန်တွေမှာ မြူထူများဆိုင်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တို့ မှာ မြူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

မိုးရေချိန်စံချိန်သစ်များ အနေနဲ့ကတော့ ဒီဇင်ဘာလ (၈)ရက်နေ့မှာ မှော်ဘီမြို့နဲ့ တမူးမြို့၊ (၉) ရက်နေ့မှာ ရွှေကျင်မြို့နဲ့ (၂၅)ရက်နေ့မှာ မိုးညှင်းမြို့တို့မှာ မိုးရေချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။


အမြင့်ဆုံးအပူချိန်စံချိန်သစ်များ အနေနဲ့ကတော့ ဒီဇင်ဘာလ (၁)ရက်နေ့မှာ ဂွမြို့၊ (၂)ရက်နေ့ မှာ ဘီးလင်းမြို့နဲ့ ဂွမြို့၊ (၃)ရက်နေ့မှာ ညောင်လေးပင်မြို့၊ ဖျာပုံမြို့နဲ့ ဂွမြို့၊ (၅)ရက်နေ့မှာ မြောင်းမြ မြို့နဲ့ (၆)ရက်နေ့မှာ ဘီးလင်းမြို့တို့မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။




၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ ယင်းမြို့၏ ရေနည်းသတိ ပေးမှတ် (၃၆၀) စင်တီမီတာ အောက်သို့ (၇.၁၂.၂၀၂၃)ရက်နေ့ (၁၂:၃၀) နာရီအချိန်မှာ စတင်ရောက်ရှိ ခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း (၂) ပေခွဲခန့် ကျဆင်းခဲ့ကာ ရေနည်းသတိ ပေးမှတ်အောက်တွင် ဆက်လက်တည်ရှိနေပါတယ်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း မန္တလေးမြို့၏ ဧရာဝတီမြစ် ရေနည်းမည့်သတိပေးချက်(၂)ကြိမ်နှင့် ရေနည်းမည့်အခြေအနေသတင်း (၃)ကြိမ်ထုတ် ပြန်ပေးခဲ့ပါတယ်။

ယခုဆက်လက်ပြီး လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်း ချက်များကို တင်ပြလိုပါတယ်။ 

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်း မှာ အများအားဖြင့်သာယာ နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်း တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကာ၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။ 

မိုးရွာသွန်းမှုအခြေအနေမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 

မိုးရွာရက်များအနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ (၄)ရက်မှ (၆)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာ နိုင်ပါတယ်။ 

ညအပူချိန်ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည် နယ်တို့မှာ ဇန်နဝါရီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါတယ်။ 

မြူအခြေအနေခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁၈)ရက်မှ (၂၅)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁၀)ရက်မှ (၁၇)ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ (၂)ရက်မှ (၉)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်း နိုင်ပါတယ်။ 

မြစ်ရေအခြေအနေခန့်မှန်းချက်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့ တို့မှာ (၁)ပေမှ (၁)ပေခွဲခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ (၂)ပေမှ (၂)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁)ပေခွဲမှ (၂)ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁)ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့ တို့မှာ ပေဝက်မှ (၁)ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ပေမှ(၁)ပေခွဲခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့ နဲ့ ပဲခူးမြို့တို့မှာ (၁)ပေခန့်စီ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ  (၂)ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁)ပေခန့်၊ ငဝန်မြစ် ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ပေမှ (၁)ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၂)ပေခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ (၁)ပေခန့်စီ၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ (၁)ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ ဒီဇင်ဘာလအတွင်း အယ်လ်နီညို ဖြစ်စဉ်ဟာ အားကောင်း ခဲ့ပါတယ်။ လာမယ့် ဇန်နဝါရီလအတွင်းမှာ နိုင်ငံတကာ မိုးလေဝသဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ် များခန့်မှန်းချက်အရ အားကောင်းသောအယ်လ်နီညိုအခြေအနေ ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်း ရပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှု များမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန် ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်းနဲ့ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ ရှိပါတယ်။

လာမည့်ဇန်နဝါရီလဟာ အေးပြီးခြောက်သွေ့တဲ့ ရာသီရဲ့ အလယ်ကာလ ဖြစ်ပါတယ်။ လာမည့် ဇန်နဝါရီလအတွင်း မိုးလေဝသဖြစ်စဉ်များ အနေနဲ့ကတော့ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေ လှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနဲ့ တရုတ်ပြည်မကြီးမှ တိုးဝင်လာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ခြင်းများ ရှိလာနိုင်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အထူးဂရု ပြုရန်လိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ညအပူချိန်များလည်း ကျဆင်း နိုင်တဲ့အတွက် တစ်ခါတစ်ရံ အအေးပိုနိုင်ပါတယ်။ နောက်ဖြစ်စဉ် အနေနဲ့ကတော့ မြူထူကျဆင်းခြင်း ကြောင့် အဝေးမြင်တာ လျော့နည်းလာခြင်းနဲ့ မြစ်ရေများလျော့နည်းလာခြင်း အခြေအနေများကြောင့် ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့မှာ အထူးဂရုပြု သွားလာကြရန် လို အပ်ပါတယ်။

ဒီရာသီကာလအတွင်း ပြည်တွင်းလေကြောင်းပျံသန်းရေးမှာ ဂရုပြုရမည့်အချက်တွေကတော့ လေယာဉ်ပျံများအပေါ် ရေခဲခြင်း (Air Craft Icing)နဲ့ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ များမှာ အားကောင်းတဲ့ အထက်၊ အောက်လေစီးကြောင်းများ (Vertical Gales)များ တိုက်ခတ် တတ်ခြင်း၊ အထက်လေထုအတွင်း အားကောင်းတဲ့ အနောက်လေစီးကြောင်း (Westerly Jets) များ တွေ့ကြုံရတတ်ခြင်း၊ အရှေ့လေပြင်းများ တိုက်ခတ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။

အဲ့ဒီလိုထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876(ext no 5)သို့ လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှတဆင့် မိုးလေဝသနှင့် ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။