၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Fri, 16 February 2024

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)


တင်ပြသူ - ဦးထက်ဝေထွန်း

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………………………………….

ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနဲ့ ဇလ ဗေဒ ခန့်မှန်းချက်များဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကို ဦးစွာ ပထမ တင်ပြလိုပါတယ်။ 


ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေများမှာ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်း ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း ခဲ့ကာ၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့် အတင့်မှ တိမ်ထူထပ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုခဲ့ပြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲကို မပြည့်မီပဲ ရွာသွန်းမြဲအောက် လျော့နည်းကာ မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။


မိုးရွာရက်များ အနေနဲ့ကလည်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၃)ရက်မှ (၅)ရက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင် ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ (၁)ရက်မှ (၂)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ မိုးရွာသွန်းခဲ့ခြင်းမရှိဘဲ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါ တယ်။

ညအပူချိန်အခြေအနေများမှာ ချင်းပြည်နယ်မှာ ဇန်နဝါရီလရဲ့ ပုံမှန်အပူချိန်အောက် လျော့ နည်းခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ ဇန်နဝါရီလရဲ့ ပုံမှန် အပူချိန်ထက် ပိုခဲ့ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါတယ်။


မြူအခြေအနေများကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၁)ရက်မှ (၃၀)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ (၁၃)ရက်မှ (၁၇)ရက်နဲ့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ (၁)ရက်မှ (၉)ရက် နံနက်ပိုင်းအချိန်တွေမှာ မြူထူများ ဆိုင်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးမှာ မြူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ 


ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာ အောက်သို့ ၇-၁၂-၂၀၂၃ ရက်နေ့ (၁၂:၃၀) နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ် ရေဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၁) ပေခွဲကျော် ကျဆင်းခဲ့ပြီး ရေနည်းမည့်အခြေအနေ သတင်း (၃) ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။


ယခုဆက်လက်ပြီး ဖေဖော်ဝါရီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို တင်ပြ လိုပါတယ်။ ဖေဖော်ဝါရီလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါ တယ်။


မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ (၄)ရက်မှ (၆)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင် ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


ညအပူချိန်ခန့်မှန်းချက်အနေနဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ ဖေဖော်ဝါရီလ ပုံမှန်အပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဖေဖော်ဝါရီလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါ တယ်။


မြူအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၈)ရက်မှ (၂၅) ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည် နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၁၀)ရက်မှ (၁၇)ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ (၃)ရက်မှ (၉)ရက်ခန့် နံနက်ပိုင်းမှာ မြူထူ များဆိုင်းနိုင်ပါတယ်။


မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့ ကသာမြို့တို့မှာ ပေဝက်မှ (၁)ပေခွဲ ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။


ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။ 

ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်အထက် မြင့်တက်လာနိုင်ပြီး၊ မြစ်သာ မြစ်ရေဟာ ကလေးမြို့မှာ (၁)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ပေဝက်မှ (၁)ပေ ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရဟာ ဇောင်းတူမြို့မှာ ပေဝက်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ (၁)ပေခန့်၊ တိုး မြစ်ရေဟာ မအူပင်မြို့မှာ (၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့ တို့မှာ ပေဝက်မှ (၁)ပေခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ (၁)ပေခန့်နဲ့ ဘီးလင်းမြစ်ရေ ဟာ ဘီးလင်းမြို့မှာ (၁)ပေခန့်လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။


အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အယ်လ်နီညိုဖြစ်စဉ် ဟာ အားကောင်းခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ နိုင်ငံတကာ မိုးလေဝသဌာန များရဲ့ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ အားအသင့်အတင့်မှ အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ပြန်လည်လျော့ကျလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အယ်လ်နီညို ဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ် ကြောင့် အကျိုးသက်ရောက်မှုများမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန် များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်းနဲ့ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ ရှိပါတယ်။


ဖေဖော်ဝါရီလဟာ ဆောင်းရာသီကာလရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ များသောအားဖြင့် အေးပြီးခြောက်သွေ့တဲ့ ရာသီကာလ ဖြစ်သော်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မှုများ ရှိနိုင်ပါသေးတယ်။ အဲဒီလို ကာလမျိုးမှာ နောက်ထပ် ကြုံတွေ့နိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်များ အနေနဲ့ကတော့ နံနက်ပိုင်းအချိန်အခါများမှာ မြူထူများ ကျဆင်းတတ်ခြင်းနဲ့ မြူထူများ ဆိုင်းနေ တာကြောင့် အဝေးမြင်တာ (၁)မိုင်အောက် လျော့နည်းသွားတတ်တဲ့အတွက် ပြည်တွင်းလေ ကြောင်းပျံသန်းရေးနဲ့ ပြည်တွင်းရေကြောင်း သွားလာရေးတို့မှာ အထူးဂရုပြုကြဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် မြစ်ရေများ လျော့နည်းလာခြင်းကြောင့် ရေယာဉ်များအနေနဲ့လည်း အထူး သတိပြု မောင်းနှင်သင့်ပါတယ်။


နောက်ထပ်တင်ပြလိုတာကတော့ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တွေမှာ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသ တွေမှာ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများ ဖြတ်သန်းနိုင်တာကြောင့် လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်မှ လေနွေးများနဲ့ တရုတ်ပြည်မကြီးမှ တိုးဝင်လာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ အဲဒီလိုအချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်တယ်ဆိုရင်ဖြင့် ကြိုတင်သတိပေးချက်များကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ထူးခြားတဲ့မိုးလေဝသအခြေအနေများနှင့် ပတ်သတ်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်း ကောင်း၊ Call Center 1876(ext no 5)သို့ လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီး တို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FMရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိ ပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။