၂၀၂၄ ခုနှစ်၊ မတ်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Thu, 7 March 2024

၂၀၂၄ ခုနှစ်၊ မတ်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


တင်ပြသူ -  ဒေါ်စန္ဒာဝေ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………....................................

မင်္ဂလာပါရှင်-

အခုတစ်ပတ် တင်ပြမှာကတော့ ၂၀၂၄ ခုနှစ်၊ မတ်လအတွက် မိုးလေဝသနဲ့ဇလဗေဒ ခန့်မှန်းချက်များပဲ ဖြစ်ပါတယ်။ အဲ့ဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒ အခြေအနေများကို တင်ပြလိုပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ် ထွန်းခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပါတယ်။

မိုးရွာသွန်းမှုအခြေအနေများမှာ  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းကာ မိုး ထစ်ချုန်း ရွာသွန်းခဲ့ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ကချင်ပြည်နယ်မှာ (၅)ရက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ (၁)ရက်မှ (၃)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းခဲ့ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ရခိုင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းခဲ့ခြင်း မရှိဘဲ တိမ်အသင့် အတင့် ဖြစ်ထွန်းခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ညအပူချိန်များအနေနဲ့ကတော့ ပဲခူးတိုင်းဒေသ ကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ ဖေဖော်ဝါရီလရဲ့ ပုံမှန်အပူချိန်တို့ အောက် လျော့နည်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဖေဖော် ဝါရီလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြူအခြေအနေများကို တင်ပြလိုပါ တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၀)ရက်မှ (၂၅)ရက်၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)နဲ့ ကယား ပြည်နယ်တို့မှာ (၁၃)ရက်မှ (၁၉)ရက်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ် တို့မှာ (၂)ရက်မှ (၁၀)ရက် နံနက်ပိုင်းအချိန်တွေမှာ မြူထူများ ဆိုင်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တို့မှာ မြူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

အမြင့်ဆုံးအပူချိန် စံချိန်သစ်များအနေနဲ့ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ ထားဝယ်မြို့၊ (၂၄)ရက်နေ့မှာ ထားဝယ်မြို့နဲ့ လောင်းလုံးမြို့၊ (၂၆)ရက်နေ့မှာ မော်လမြိုင်မြို့နဲ့ လွိုင်လင်မြို့၊ (၂၇)ရက်နေ့မှာ တောင်ငူမြို့နဲ့ ဇလွန်မြို့တို့မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မြစ်ရေအခြေအနေများမှာ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့ မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအောက်သို့ (၇.၁၂.၂၀၂၃) ရက်နေ့ (၁၂:၃၀) နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဆိုပါမြစ်ရေဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဖေဖော်ဝါရီလအတွင်း အနိမ့်ဆုံး မြစ်ရေမှတ် (၂၃၂) စင်တီမီတာထိ ရောက်ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မန္တလေးမြို့ရဲ့ ဧရာဝတီ မြစ် ရေနည်းမည့်အခြေအနေသတင်း (၄)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ (၂၉)ရက်နေ့ (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့ရဲ့ ရေနည်းသတိပေးမှတ် အထက်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ 

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့မှာ (၄၀၅)စင်တီမီတာသို့ ရောက်ရှိခဲ့ကာ (၂)ရက်အတွင်း (၈) ပေခန့် မြင့်တက်ခဲ့ပါတယ်။ အဆိုပါ မြင့်တက်ခဲ့သော မြစ်ရေများသည် ဧရာဝတီမြစ် တစ်လျောက်ရှိ သက်ဆိုင်ရာ မြို့အသီးသီးသို့ ရောက်ရှိနိုင်မှု အခြေအနေအား သိရှိနိုင်ရန်အတွက် ထူးခြားမြစ်ရေအခြေအနေသတင်း (၁)ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။

ယခုဆက်လက်ပြီးလာမည့် မတ်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို တင်ပြ လိုပါတယ်။ လာမည့် မတ်လအတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေများမှာ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ် အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုး ထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များ အနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီးနဲ့ ကချင်ပြည်နယ်တို့မှာ (၅)ရက်မှ (၁၀)ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၁)ရက်မှ (၄)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

လာမယ့် မတ်လဟာ ပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ညအပူချိန်များအစား နေ့အပူချိန်များနဲ့ ပြောင်းလဲ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

နေ့အပူချိန် ခန့်မှန်းချက်များ အနေနဲ့ကတော့ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ မတ်လ ပျမ်းမျှ အပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မတ်လ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ (၁၂)ရက်မှ (၁၈)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ (၆)ရက်မှ (၁၁)ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ (၁)ရက်မှ (၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါ တယ်။

မြစ်ရေအခြေအနေခန့်မှန်းချက်များအနေနဲ့က‌တော့ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ (၁)ပေမှ (၃)ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူး မြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၃)ပေမှ (၄)ပေ ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တို့မှာ ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ပြီး၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ(၁)ပေခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ပေဝက်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊  ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ (၁)ပေခွဲခန့်၊ သံလွင်မြစ်ရေ ဟာ ဘားအံမြို့မှာ (၁)ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့ တို့မှာ ပေဝက်မှ (၁)ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၂)ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်း မြို့မှာ (၁)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ပေဝက်ခန့်နဲ့ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်များ အောက် ကျဆင်းလာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အယ်လ်နီညိုဖြစ်စဉ် ဟာ အားအသင့်အတင့်မှ အားကောင်းခဲ့ပါတယ်။ လာမယ့်မတ်လအတွင်းမှာ နိုင်ငံတကာ မိုးလေဝသဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အားအသင့်အတင့်ရှိသော အယ်လ်နီညို အခြေအနေတွင် တည်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်းနဲ့ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါတယ်။

လာမယ့်မတ်လဟာ ပူပြင်းပြီး ခြောက်သွေ့တဲ့ နွေရာသီရဲ့ အစလ ဖြစ်ပါတယ်။ အဲဒီလို ကာလမျိုးမှာ ကြုံတွေ့နိုင်တဲ့ မိုးလေဝသဖြစ်စဉ်များ အနေနဲ့ကတော့ နံနက်ပိုင်းအချိန်အခါ များမှာ အချို့ဒေသများ၌ မြူထူများ ကျဆင်းပြီး၊ အဝေးမြင်တာ လျော့ကျနိုင်တာကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ရေကြောင်းသွားလာရေးနှင့် ကုန်းလမ်းပို့ဆောင်ရေးယာဉ်များ မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒေသအလိုက် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာတဲ့အတွက် အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းအချိန်များမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ် တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်မှာ လေပြင်းများ တိုက်ခတ်တတ်ခြင်း၊ လေပြင်းနှင့် အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည်တို့ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါ့အပြင် နေ့အပူချိန်များ မြင့်တက်လာတဲ့ အတွက် အပူကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များလည်း အထူးသတိ ပြုဖို့ လိုအပ်ပါတယ်။ သို့ဖြစ်ပါ၍ လာမယ့် မတ်လအတွင်း ပြည်သူများအနေဖြင့် အဆိုပါ မိုးလေဝသဖြစ်စဉ်များကို ပိုမို ဂရုပြုကြဖို့တင်ပြလိုပါတယ်။ နောက်ကြုံတွေ့ရမယ့် ဖြစ်စဉ်တစ်ခု ကတော့ မြစ်ကြီးတွေမှာ မြစ်ရေများ လျော့နည်းနေတဲ့ အခြေအနေရှိတဲ့အတွက် ပြည်တွင်း ရေကြောင်းသွားလာရေးအတွက် ဂရုပြုကြရန်လည်း တင်ပြလိုပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသ အခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလို အလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no-5)သို့လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့် လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှု နားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေရှင်။