၂၀၂၄ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Wed, 3 April 2024

၂၀၂၄ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)

တင်ပြသူ - ဦးထက်ဝေထွန်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………..............................................

မင်္ဂလာပါခင်ဗျာ------

၂၀၂၄ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ မတ်လအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ မြစ်ရေအခြေအနေများကို တင်ပြ လိုပါတယ်။

ပြီးခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်အခြေအနေများမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။

မိုးရွာသွန်းမှုအခြေအနေများမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)တို့မှာ ရွာသွန်းမြဲထက် ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။ 

မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ၃ ရက်မှ ၄ ရက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၁ ရက်မှ ၂ ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှာ မိုးရွာသွန်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နေ့အပူချိန်များအနေနဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ မတ်လရဲ့ ပုံမှန်အချိန်ထက် ပိုခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ မတ်လရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါတယ်။

ဆက်လက်ပြီး မတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြူအခြေအနေများကို တင်ပြလိုပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၁ ရက်မှ ၂၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ ပိုင်း)နဲ့ ကရင်ပြည်နယ်တို့မှာ ၁၂ ရက်မှ ၁၇ ရက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၁ ရက်မှ ၉ ရက် နံနက်ပိုင်းအချိန်တွေမှာ မြူထူများဆိုင်းခဲ့ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တို့မှာ မြူဆိုင်းခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ 

မိုးရေချိန်စံချိန်သစ်များအနေနဲ့ကတော့ ၂၂ ရက်နေ့မှာ ပင်လောင်းမြို့၊ လားရှိုးမြို့နဲ့ လွိုင်လင်မြို့ တို့မှာ မိုးရေချိန် စံချိန်သစ်များတင်ခဲ့ပါတယ်။




အမြင့်ဆုံးအပူချိန် စံချိန်သစ်များအနေနဲ့ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ မော်လမြိုင်မြို့နဲ့ မုဒုံမြို့၊ ၂၆ ရက်နေ့မှာ ရွှေကျင်မြို့နဲ့ ကော့သောင်းမြို့၊ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့များမှာ ဖျာပုံမြို့၊ ၂၉ ရက်နေ့မှာ ထားဝယ်မြို့၊ ၃၀ ရက်နေ့မှာ မအူပင်မြို့၊ ထားဝယ်မြို့နဲ့ ဖျာပုံမြို့တို့မှာ အမြင့်ဆုံးအပူချိန် စံချိန်သစ် တင်ခဲ့ပါတယ်။





အနိမ့်ဆုံးအပူချိန် စံချိန်သစ်အနေနဲ့ကတော့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ ကျောက်မဲမြို့မှာ အနိမ့်ဆုံးအပူချိန်စံချိန်သစ် တင်ခဲ့ပါတယ်။





ပြီးခဲ့တဲ့ မြစ်ရေအခြေအနေများမှာ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် ၃၆၀ စင်တီမီတာအောက်သို့ ၂-၃-၂၀၂၄ ရက်နေ့ (၁၈:၃၀) နာရီ အချိန်မှာ ရောက်ရှိခဲ့ပြီး မတ်လအတွင်း ၂ ပေခွဲခန့် ကျဆင်းခဲ့ကာ ရေနည်းသတိပေးမှတ်အောက်မှာ ဆက်လက်တည်ရှိနေပါတယ်။ ယင်းမြစ်ရေနည်းမှုအတွက် မြစ်ရေနည်းမည့် သတိပေးချက် ၁ ကြိမ်နဲ့ အခြေအနေသတင်း ၃ ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။

ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ ယင်းမြို့ရဲ့ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာ အောက်သို့ ၁၄-၃-၂၀၂၄ ရက်နေ့ (၀၆:၃၀) နာရီအချိန်မှာ စတင်ရောက်ရှိခဲ့ပြီး မတ်လအတွင်း  ပေဝက်ခန့် ကျဆင်း ခဲ့ကာ ရေနည်းသတိပေးမှတ်အောက်မှာ ဆက်လက်တည်ရှိနေပါတယ်။ ယင်းမြစ် ရေနည်းမှုအတွက် မြစ်ရေနည်းမည့် သတိပေးချက် ၁ ကြိမ်နဲ့ အခြေအနေသတင်း ၃ ကြိမ် ထုတ်ပြန်ပေးခဲ့ပါတယ်။

အခုဆက်လက်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလအတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို တင်ပြ လိုပါတယ်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေများမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 

မိုးရွာရက်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ်တို့တွင် ၇ ရက်မှ ၁၂ ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၁ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 


နေ့အပူချိန်အခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဧပြီလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြစ်ရေအခြေအနေမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော် မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့ တို့မှာ ၃ ပေမှ ၄ ပေခွဲခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ ၁ ပေခွဲမှ ၂ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။ 

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၁ ပေမှ ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၁ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ် မြို့တို့မှာ ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ပေဝက်မှ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခန့်၊ ပဲခူးမြစ်ရေမှာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက် မှ ၁ ပေခွဲခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၁ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေဟာ  မြဝတီမြို့မှာ ပေဝက် ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ ၁ ပေခွဲခန့်၊ တိုးမြစ် ရေဟာ မအူပင်မြို့မှာ ၁ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ ပြီးခဲ့တဲ့ မတ်လအတွင်း အယ်လ်နီညိုဖြစ်စဉ်ဟာ အားအသင့် အတင့်မှ အားအနည်းငယ်ရှိခဲ့ပါတယ်။ လာမယ့် ဧပြီလအတွင်းမှာ နိုင်ငံတကာ မိုးလေဝသဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေတွင် တည်ရှိ နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်သည့် ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်းနဲ့ မိုးခေါင်ရေ ရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါတယ်။

လာမည့်ဧပြီလဟာ ရာသီကာလ အပိုင်းအခြားအနေနဲ့ ပူပြင်းခြောက်သွေ့တဲ့ရာသီမှ မိုးကြို ကာလသို့ ကူးပြောင်းသောလ ဖြစ်ပါတယ်။ အဲဒီကာလမှာ ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်းများဟာ မြန်မာနိုင်ငံ ဘက်သို့ သက်ရောက်နိုင်တာကြောင့် အထူးသတိပြုဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်မှာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ နေ့အပူချိန်များ တဖြေးဖြေး မြင့်တက်လာမှာ ဖြစ်ပါ တယ်။ အဲ့ဒီကာလအတွင်း ထူးခြားတဲ့ မိုးလေဝသ ဖြစ်စဉ်များကတော့ မြန်မာနိုင်ငံ အရပ်ရပ်မှာ နေ့အပူချိန်များ ပူပြင်းလာမှုကြောင့် မွန်းလွဲ၊ ညနေပိုင်းအချိန်ကာလများမှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ရာမှ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများ ကြွေကျတက်ခြင်းနဲ့ လေပြင်းများ တိုက်ခတ် တက်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်တက်ပါတယ်။ အဲ့ဒီလိုဖြစ်ပေါ်တက်တဲ့ မိုးလေဝသဖြစ်စဉ်များကြောင့် ရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်း ရေးတို့အပြင် လုပ်ငန်းခွင်ဆောင်ရွက်နေသော ပြည်သူများအနေဖြင့် အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေ အခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက်၊ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Facebookသို့ လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ သို့လည်းကောင်း၊ Call Center 1876 (ext no 5)သို့လည်းကောင်း၊ မြန်မာ ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှတဆင့် မိုးလေဝသနဲ့ ဇလဗေဒ သတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်တယ်ဆိုတဲ့အကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါခင်ဗျာ။