ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်း
  • Mon, 15 August 2022

ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်း



ရည်ရွယ်ချက်

(၁) ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်။

(၂) ဈေးကွက်လိုအပ်ချက်ရှိသော သီးနှံအား တောင်သူများစိုက်ပျိုးလာခြင်းဖြင့် သီးနှံ စိုက်စွမ်းအား တိုးတက်လာစေရန်နှင့် တောင်သူဝင်ငွေတိုးတက်လာစေရန်။

(၃) နေကြာဆီအား ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီအဖြစ် ထုတ်လုပ်စားသုံး လာနိုင်စေရန်


စီမံကိန်းဒေသ 

တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု


စီမံကိန်းကာလ

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်


ဆောင်ရွက်မည့်လုပ်ငန်းများ

(၁) နေကြာသီးနှံ သီးသန့်၊ သီးညှပ် စိုက်ပျိုးခြင်း

(၂) နေကြာအထူးဇုန် ဆောင်ရွက်ခြင်း

(၃) နေကြာမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်း


စီမံကိန်းအကျိုးရလဒ်

ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ပြီး ပြည်တွင်းစားသုံးဆီ ဖူလုံမှု ရှိလာမည် ဖြစ်ပါသည်။