Mekong-Lancang Cooperation
  • Tue, 10 January 2023

Mekong-Lancang Cooperation


၁။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အရည်အသွေး   ထိန်းသိမ်းနိုင်ရန် နှင့် ကြာရှည် သိုလှောင်ထားနိုင်ရန်အတွက် ထုပ်ပိုးခြင်းလုပ်ငန်းဆိုင်ရာစီမံကိန်း

ရည်ရွယ်ချက်
- စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူနှင့် စားသုံးသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ထုပ်ပိုးပြင်ဆင်မှုနည်းစနစ်များ၊ ဗဟုသုတများ၊ အတွေ့အကြုံများနှင့် နည်းပညာများ ဖလှယ်ခြင်း
- ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသော အရည်အသွေးကောင်း သီးနှံများကို ထိန်းသိမ်းထားနိုင်ရန်
- သီးနှံအမျိုးမျိုးအတွက် သင့်တော်သောထုပ်ပိုးပစ္စည်း အသုံးပြုခြင်းဖြင့် သီးနှံ၏ သိုလှောင်သက်တမ်း ကြာရှည်လာစေရန်
- ရွေးချယ်ထားသောဒေသများတွင် သီးနှံထွက်ကုန်လေလွင့်မှု လျော့နည်းစေရန် ထုပ်ပိုးခြင်းလုပ်ငန်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာနည်းစနစ်များကို နားလည် သိရှိနိုင်စေရန်
- အခြားသော လူမှုပတ်ဝန်းကျင်ဆိုင်ရာအချက်များနှင့် စပ်လျဉ်း၍ အစားအစာ စိတ်ချလုံခြုံမှုရှိစေခြင်းကိုပါ တိုးမြှင့်ဆောင်ရွက်နိုင်ရန်

အကောင်အထည်ဖော်မည့်ဌာန
- ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန

စီမံကိန်းကာလ
- ၂၀၂၀ မှ ၂၀၂၃ ထိ


စီမံကိန်းဒေသ
- မန္တလေး၊ ရန်ကုန်၊ ပဲခူး

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ
(က) စီမံကိန်းဒေသများနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းတွင် ထုပ်ပိုခြင်းနှင့် ထုပ်ပိုးခြင်း လုပ်ငန်းအကြောင်း နည်းပညာများကို စိုက်ပျိုးပညာပေးဝန်ထမ်းများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်သူများအာ ပြည်တွင်း ပြည်ပပညာရှင်များမှ သင်တန်းပို့ချပေးခြင်း
(ခ ဒေသအသီးသီးရှိ စျေးများနှင်စက်ရုံများတွင် ထုပ်ပိုးပစ္စည်းများနှင့် ထုပ်ပိုးခြင်း၏ လုပ်ဆောင်ချက်ဆိုင်ရာ အသိပညာများကို လေ့လာနိုင်စေရန် ပြည်တွင်းပြည်ပ လေ့လရေး အစီအစဉ်များ ပြုလုပ်ခြင်း၊
(ဂ)  သီးနှံများ၏ အရည်အသွေးနှင့် အထားခံသက်တမ်းအပေါ် ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးပစ္စည်းများ၏ အရေးပါမှုလုပ်ငန်းများကို ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း (ထုံးဘို) တွင် စမ်းသပ်ဆောင်ရွက်မှုများ ပြုလုပ်ခြင်း

အကျိုးကျေးဇူး
- ဒေသအသီးသီးရှိ သီးနှံအမျိုးမျိုးအား သင့်တော်သည့် ထုပ်ပိုးသည့် စနစ်များအား အသုံးပြုနိုင်လာခြင်း၊ မဲခေါင်-လန်ချန်းဒေသတွင် သီးနှံများ၏ အရည်အသွေးအား ထိန်းသိမ်းနိုင်ရန် အတွက် ထုပ်ပိုးခြင်းနည်းစနစ်များ တိုးတက်လာခြင်း၊သင့်တော်သည့် ထုပ်ပိုးနည်းစနစ်များ အသုံးပြုခြင်းဖြင့် ရိတ်သိမ်းချိန်လွန်လေလွင့်မှုများ လျော့ချနိုင်ခြင်း၊


၂။ ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များအား မျိုးစပ်ခြင်း (သို့မဟုတ်) သုတေသနပြထိန်းသိမ်းရန်အတွက် စုဆောင်းခြင်း နှင့် မျိုးစေ့ထုတ်လုပ်ခြင်း

ရည်ရွယ်ချက်
- မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်ငန်းများ တိုးတက်လာစေရန်
- ဟင်းသီးဟင်းရွက်ဗီဇအရင်းအမြစ်များအား မှတ်တမ်းပြုထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ၎င်းတို့အား မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရာတွင် အသုံးပြုရန်
- မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်မျိုးစေ့များ တင်သွင်းမှုကို လျှော့ချခြင်းဖြင့် ဟင်းသီး ဟင်းရွက်တင်သွင်းမှု နှစ်စဉ်ကုန်ကျစရိတ်အား လျှော့ချရန်
- အရည်အသွေးမြင့် အထွက်နှုန်းကောင်း ဟင်းသီးဟင်းရွက်မျိုးစေ့များကို စိုက်ပျိုးသူများထံသို့ သင့်တော်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန်
- ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်ခြင်းသင်တန်းများ ဖွင့်လှစ်ရန်နှင့် သီးနှံအလိုက်စံပြကွက်များ သရုပ်ပြစိုက်ပျိုးပြီး တောင်သူပညာပေးဆောင်ရွက်ရန်

အကောင်အထည်ဖော်မည့်ဌာန
- ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန

စီမံကိန်းကာလ
- ၂၀၂၀ မှ ၂၀၂၃ ထိ

စီမံကိန်းဒေသ
- VFRDC၊ VFDC ၊ ထုံးဘို၊ ပြင်ဦးလွင်၊ ဟဲဟိုး

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ
(က) မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက်မျိုးစေ့ ထုတ်လုပ်ခြင်းလုပ်ငန်းများ တိုးတက်လာ စေရေး ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက်ဗီဇ အရင်းအမြစ်များအား မှတ်တမ်းပြု ထိန်းသိမ်းစောင့်ရှောက်ခြင်း
(ခ) မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရာတွင် အသုံးပြုခြင်း
(ဂ)  အခြားနိုင်ငံများမှ ဟင်းသီးဟင်းရွက်မျိုးစေ့များ တင်သွင်းမှုကို လျှော့ချခြင်းဖြင့် ဟင်းသီးဟင်းရွက် တင်သွင်းမှု နှစ်စဉ်ကုန်ကျစရိတ်အား လျှော့ချခြင်း
(ဃ)    အရည်အသွေးမြင့် အထွက်နှုန်းကောင်း ဟင်းသီးဟင်းရွက်မျိုးစေ့များကို စိုက်ပျိုးသူများထံသို့ သင့်တော်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးခြင်း
(င)    ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်လုပ်ခြင်းသင်တန်းများ ဖွင့်လှစ်ခြင်း
(စ)    သီးနှံအလိုက် စံပြကွက်များ သရုပ်ပြစိုက်ပျိုးပြီး တောင်သူပညာပေး ဆောင်ရွက်ခြင်း

အကျိုးကျေးဇူး
- မြန်မာနိုင်ငံတွင် ဟင်သီးဟင်းရွက် မျိုးစေ့ ထုတ်လုပ်ခြင်း ခိုင်မာလာစေခြင်း၊ ပိုမိုကောင်းမွန်သော ဟင်းသီးဟင်းရွက် ဗီဇအရင်းအမြစ်များ ရရှိခြင်း
အခြားနိုင်ငံများမှ ဟင်းသီးဟင်းရွက် မျိုးစေ့များ တင်သွင်းမှုကို လျှော့ချခြင်းဖြင့် ဟင်းသီးဟင်းရွက်တင်သွင်းမှု နှစ်စဉ် ကုန်ကျစရိတ်အား လျှော့ချနိုင်ခြင်း စိုက်ပျိုးသူများထံသို့ သင့်တော်သောစျေး နှုန်းဖြင့် ဖြန့်ဖြူးပေးနိုင်ခြင်း


၃။ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့်လေ့ကျင့်ပညာပေးဌာန၊ စွမ်းရည်မြှင့်တင်ရေးစီမံကိန်း

ရည်ရွယ်ချက်
(၁) ဗဟိုစိုက်ပျိုးရေးသုတေသနနှင့်လေ့ကျင့်ပညာပေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်အား တိုးမြှင့်ရန်နှင့် လေ့ကျင့်ပျိုးထောင်ထားသော အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းများ တိုးပွားလာစေရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနရှိ ပညာပေးဝန်ထမ်းများ နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား လေ့ကျင့်ပညာပေးရန်၊
(၂) အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် စိုက်ပျိုးပညာပေးစနစ်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊

အကောင်အထည်ဖော်မည့်ဌာန
- ဗဟိုစိုက်ပျိုးရေးသုတေသနနှင့်လေ့ကျင့်ပညာပေးဌာန(CARTC)၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန

စီမံကိန်းသက်တမ်း
- ၂၀၂၀ မှ ၂၀၂၃ ထိ

စီမံကိန်းဒေသ

- ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန(CARTC)၊ ဇရပ်ကွင်း၊ လှည်းကူးမြို့။

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ
(က) တောင်သူလိုအပ်ချက်အခြေခံသောသင်တန်းများ ဖြစ်ပေါ်လာစေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများအား သင်တန်းလိုအပ်ချက်စစ်တမ်း ကောက်ယူခြင်း နှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
(ခ)  တောင်သူလိုအပ်ချက်အခြေခံသောစစ်တမ်းကောက်ယူခြင်း(Farmer survey)
(ဂ) (၅)ရက်တာသင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲ (၁၂)ခုပြုလုပ်ခြင်း
(ဃ)     စစ်တမ်းရလဒ်ကိုအခြေခံ၍ တရုတ်နိုင်ငံသို့ (၅)ရက်ကြာလေ့လာရေးခရီးတိုသွားခြင်း

အကျိုးကျေးဇူး
- ကောက်ယူထားသော သင်တန်း လိုအပ်ချက် စစ်တမ်းများအား ကနဦး လေ့လာဆန်းစစ်ခြင်း၊ဗဟိုစိုက်ပျိုးရေး သုတေသနနှင့် လေ့ကျင့်ပညာပေးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် လေ့ကျင့်ပေးခြင်းနှင့် အရည်အသွေးမြင့်ပြီး စွမ်းရည် ပြည့်ဝသော လူ့စွမ်းအားများ ရရှိစေရန် လေ့ကျင့်ပေးခြင်းဖြင့် စိုက်ပျိုးပညာပေးရေးစနစ် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာမည် ဖြစ်ပါသည်။

၄။ မြန်မာ၊ ထိုင်းနှင့် တရုတ်နယ်စပ် လန်ချန်း-မဲခေါင်ဒေသရှိ သစ်သီးဝလံများ ကုန်သွယ်မှုမြင့်တင်ရေးအတွက် အပင်ပိုးမွှားရောဂါကင်းရှင်းရေး နှင့် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရေး လုပ်ငန်းများ တိုးတက်မြင့်တင်ရေး စီမံကိန်း

ရည်ရွယ်ချက်
- အပူပေးစမ်းသပ်ချက်အတွက် လိုအပ်သော ဓါတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရန်
- သရက်သီးတွင် ပိုးမွှားကင်းစင်ရေးအတွက် (Hot Water Treatment for mango) ကို လေ့လာဖော်ထုတ်ရန်
- ကုန်သွယ်မှုအထောက်အကူပြု ထိန်းချုပ်ဖျက်ပိုးများ (သီးထိုးယင်) ကျရောက်မှုအခြေအနေ ဖော်ထုတ်ရန်နှင့် မြန်မာနိုင်ငံတွင် ကျရောက်သော မျိုးစိတ်များစာရင်း ပြုစုရန်
- လုပ်ကွက်ငယ်သစ်သီးဝလံတောင်သူများနှင့် ဝန်ထမ်းများအတွက် သီးထိုးယင်အပါအဝင် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးဓါတ်ကြွင်းကင်းသော သစ်သီးဝလံများ ထုတ်လုပ်ခြင်း စွမ်းဆောင်ရည် မြှင့်တင်ရန်
- သစ်သီးများအပါအဝင် စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ရောင်းချမှု ကွင်းဆက်တစ်လျှောက်ပါဝင်သူများကို ဈေးကွက်အထောက်အကူပြု Sanitary and Phytosanitary လုပ်ငန်းများအား နားလည်လိုက်နာဆောင်ရွက်နိုင်မှု မြင့်တက်စေရန်
- သစ်သီးခြံငယ်ရှင်များ၏ ဝင်ငွေတိုးတက်ပြီး လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်

အကောင်အထည်ဖော်မည့်ဌာန
- သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန

စီမံကိန်းကာလ
- ၂၀၂၀ မှ ၂၀၂၃ ထိ

စီမံကိန်းဒေသ
- သီးထိုးယင်ဌာနစိတ်၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ
(က) အပူပေးစမ်းသပ်ချက်ဆိုင်ရာ စက်ပစ္စည်းများနှင့် ဓါတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့်တင်းခြင်း
(ခ) သရက်သီးတွင် သီးထိုးယင်အား ၁၀၀ ရာခိုင်နှုန်း သေစေသည့် အပူပေးစမ်းသပ်ချက် များ ဆောင်ရွက်ခြင်း
(ဂ)  ထိန်းချုပ်ဖျက်ပိုးကျရောက်မှုအခြေအနေကို စစ်တမ်းကောက်ယူခြင်းနှင့် ပိုးသတ်ဆေး ဓါတ်ကြွင်း စစ်ဆေးခြင်း
(ဃ)    စိုက်ပျိုးသည်မှ တင်ပို့ရောင်းချသည်အထိ ပါဝင်သူများအား SPS ဆိုင်ရာ လုပ်ငန်းများ         ကောင်းစွာနားလည် သိရှိရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း
(င)    ဝန်ထမ်းများနှင့် တောင်သူများအား အရည်အသွေးကောင်း အသီးအနှံများ ထုတ်လုပ်         တင်ပို့ ရောင်းချနိုင်ရန် အထောက်အကူပြု ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲခြင်းနှင့် ဓါတ်ကြွင်းကင်းသော သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ GAP         & Post harvest handling ဆိုင်ရာ သင်တန်းများ ပို့ချခြင်း
(စ)    သီးထိုးယင်ဖျက်ပိုးအပါအဝင် ဖျက်ပိုးနည်းပေါင်းစုံနှင့် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (မြန်မာ၊ထိုင်း၊ တရုတ်)
(ဆ)    ထိုင်း (သို့) တရုတ်သို့ လေ့လာရေးခရီးသွားခြင်း၊

အကျိုးကျေးဇူး
- သရက်၊ ထောပတ်၊ နဂါးမောက် လိမ္မော် စသည့်သစ်သီးဝလံတို့တွင် ကုန်သွယ်ဘက်နိုင်ငံများမှသတ်မှတ်လေ့ရှိသည့် ထိန်းချုပ် ဖျက်ပိုးကျရောက်မှု အခြေအနေကို သိရှိခြင်းဖြင့် Plant Protection Division (National Plant Protection Orzanization) မှ ဆောင်ရွက်ပေးရသည့် ဈေးကွက်သစ်များသို့ ဈေးကွက်ရရှိနိုင်ရေး (Technical Market Access Proposal For PRA) ဆိုင်ရာ ပြုစုမှုအတွက် အထောက်အကူပြုခြင်း၊ သွင်းကုန်/ပို့ကုန် လုပ်ငန်းရှင်များအား အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် အပင်ပိုးမွှားကင်းရှင်းရေးနှင့်     အစားအစာ ဘေးကင်းရေးဆိုင်ရာ စံချိန်စံညွန်းများကို နားလည်လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှု တိုးတက်စေခြင်း၊ စိုက်ပျိုးသူတောင်သူများအား ဖျက်ပိုးနှင့်ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းသောသီးနှံများ၊ အရည်အသွေးကောင်းသီးနှံများ၊ သစ်သီးများ ထုတ်လုပ်မှု တိုးတက်ခြင်း၊  သစ်သီးများ (သရက်သီး) မတင်ပို့မှီ ဆောင်ရွက်ပေးရမည့် Phytosanitary heat treatment ရလာဒ်များကို အသုံးပြု၍ဈေးကောင်းပေးဝယ်ယူမည့်နိုင်ငံများ (importing countries)များ၏ အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ Fruit value chain တွင်ပါဝင်သူများအားလုံး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချခြင်းဖြင့်  တောင်သူများဈေးကောင်းရပြီး ဝင်ငွေတိုးလာစေရန် ဖြစ်ပါသည်။


၅။ အဆင့်မြင့်နည်းပညာကိုအသုံးပြု၍ လုပ်ကွက်ငယ်တောင်သူများ အရည်အသွေးမြင်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

ရည်ရွယ်ချက်
- ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ထိုးဖောက်နိုင်သော အရည်အသွေးမြင့် ကော်ဖီ ထုတ်လုပ်တင်ပို့နိုင်ရန်
- ကော်ဖီစိုက်တောင်သူများ၏ ဝင်ငွေနှင့်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်
- ကော်ဖီသုတေသနပြုဝန်ထမ်းများနှင့် တောင်သူများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်၊

အကောင်အထည်ဖော်မည့်ဌာန
- ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန

စီမံကိန်းကာလ
 - ၂၀၂၁ မှ ၂၀၂၃ ထိ

စီမံကိန်းဒေသ
- မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်၊ မိုးကုတ်)၊ နေပြည်တော် (ပျဉ်းမနား၊ မြသီတာ၊ ပြဒါးချောင်း)၊ မကွေးတိုင်းဒေသကြီး (နတ်ရေကန်၊ ငဖဲ၊ စေတုတ္တရာ)၊ ချင်းပြည်နယ် (တီးတိန်)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း (တာချီလိတ်)၊ ရှမ်းပြည်နယ်တောင်ပိုင်း (ဟိုပုန်း၊ ပင်လောင်း၊ ရွာငံ)၊ ကချင်ပြည်နယ် (ပူတာအို၊ မြစ်ကြီးနား)၊ ကရင်ပြည်နယ် (သံတောင်ကြီးမြို့)
 
အဓိကဆောင်ရွက်မည့်လုပ်ငန်းများ
(က) ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု သင်တန်းများပေးခြင်း
(ခ) ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် အသုံးပြုမည့် စက်ပစ္စည်းကိရိယာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းနှင့် အသုံးပြုပုံ သရုပ်ပြခြင်း
(ဂ) မျိုးစေ့၊ ပျိုးပင်၊ စာအုပ်စာတမ်းများ ဖြန့်ဝေပေးခြင်း
(ဃ) ကော်ဖီလှမ်းစင်များ ထောက်ပံ့ပေးအပ်ခြင်း
(င) ပြည်တွင်းလေ့လာရေးခရီးများ သွားရောက်ခြင်း၊
(စ) တောင်သူပညာပေးကော်ဖီစံပြစိုက်ခြင်းများ စိုက်ပျိုးခြင်း၊

အကျိုးကျေးဇူး
ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု သင်တန်းများ၊ ကော်ဖီ GAP သင်တန်းများ ပို့ချခြင်းဖြင့် ဒေသခံတောင်သူများ ကော်ဖီကို အထွက်ကောင်း၊ အရည်အသွေးကောင်းစေရန် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်း များ ပေးခြင်း၊ ကော်ဖီစိုက် ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ရိတ်သိမ်းချိန်လွန် တွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းဖြင့် အရည်အသွေးမြင့်ကော်ဖီများ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်၊ ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှုများ နည်းကာ အရည်အသွေးမြင့်ကော်ဖီများ ပိုမို ထုတ်လုပ်နိုင်ခြင်း ကြောင့် တောင်သူများ ဝင်ငွေတိုးကာ လူနေမှုဘဝများမြင့်မားလာခြင်း။


၆။ မဲခေါင်- လန်ချန်း ဒေသရှိမက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး

ရည်ရွယ်ချက်
- သီးနှံအမယ်စုံ စိုက်ပျိုးရေးအတွက် မက္ကဒေးမီးယား တိုးချဲ့စိုက်ပျိုးခြင်းကိုအားပေးရန်
- မက္ကဒေးမီးယား industry ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ခြင်းအားဖြင့် မဲခေါင်- လန်ချန်းဒေသအတွင်းရှိ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမွဲတေမှု
- လျော့ချ၍ လူနေမှုအဆင့်အတန်း တိုးတက်စေရန်
- ခြံငယ်ရှင် (တောင်သူငယ်) များအတွက် ထုတ်လုပ်မှုနည်းပညာအဆင့်ဆင့်အား ပံ့ပိုးပေးရန်
- မက္ကဒေးမီးယားအစေ့အဆံ အရည်အသွေးကို တိုးတက်စေရန်
- မက္ကဒေးမီးဘားဆိုင်ရာ သုတေသနလုပ်ငန်းများကို အဆင့်မြှင့်တင်ရန်

အကောင်အထည်ဖော်မည့်ဌာန
- နှစ်ရှည်ပင်သီးနှံဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန

စီမံကိန်းသက်တမ်း
- ၂၀၂၀ မှ ၂၀၂၃ ထိ

စီမံကိန်းဒေသ
- ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (နောင်ချို)၊ နှစ်ရှည်ပင်များပညာပေးရေးစခန်း (ဝမ်ပုံ)

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ    
- အရည်အသွေးမြင့်ပျိုးပင်များပါဝင်သော မက္ကဒေးမီးယားမူရင်း(မိခင်)နှင့် ဒေသအလိုက်ပျိုးခင်းများပြုလုပ်ခြင်း
- မက္ကဒေးမီးယားအပင်မရင့်မှည့်မီအချိန်တွင်းမှာ စားသုံးရန်နှင့်ရောင်းချရန် သီးနှံများရောနှောစိုက်ထားသော စိုက်ကွက်များ ပြုလုပ်ခြင်း
- စီမံကိန်းဧရိယာအတွက် အသင့်တော်ဆုံးမက္ကဒေးမီးယားမျိုးကို ရှာဖွေရန် စမ်းသပ်ကွက်များပြုလုပ်ခြင်း
- မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်မှုတွင်ပါဝင်သောပျိုးခင်းဆိုင်ရာနည်းပညာ၊ စိုက်ခင်းထိန်းသိမ်းခြင်း၊ အစေ့စိုက်သိမ်းခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ဈေးကွက်နှင့် ပတ်သက်သည့် နည်းပညာများကိုကွင်းဝန်ထမ်းများ၊ လယ်သမားများ၊ ပညာရှင်များအားသင်တန်းပေးခြင်း
- လယ်သမားအဖွဲ့များအတွက်နည်းပညာဆိုင်ရာ အထောက်အပံ့များ ဖြည့်တင်းပေးခြင်း
- နိုင်ငံတကာအဆင့်မီအောင် မက္ကဒေးမီးယားအရည်အသွေးကို ဆန်းစစ်ခြင်း
- မက္ကဒေးမီးယားစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနည်းပညာများနှင့်ပတ်သက်၍ အသိပညာများကို ခြံငယ်ရှင်များ(တောင်သူငယ်)များအား သင်တန်းပေးခြင်း
- ဝန်ထမ်းများ၊ တောင်သူငယ်များအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ လေ့လာရေးခရီးများ စီစဉ်ပေးခြင်း
- သင်တန်းပေးမည့်နေရာ (အဆောက်အဦ) ဆောက်လုပ်ခြင်း၊

အကျိုးကျေးဇူး

- ခြံငယ်ရှင်(တောင်သူငယ်)များမှ သင့်တော်၍ အထွက်ကောင်းမက္ကဒေးမီးယားပျိုးပင်များကို အလွယ်တကူရရှိနိုင်ခြင်း
- မက္ကဒေးမီးယားထုတ်လုပ်မှုနှင့် နည်းပညာတိုးတက်ခြင်း
- မက္ကဒေးမီးယား အစေ့အဆံအရည်အသွေးတိုးတက်စေခြင်းနှင့် ပြည်ပဈေးကွက်မှ လက်ခံမှုရှိစေခြင်း
- ဆင်းရဲမွဲတေမှုလျော့ပါးစေခြင်းနှင့် မက္ကဒေးမီးယားခြံငယ်ရှင်များ၏ ဝင်ငွေတိုးတက်စေခြင်း
- သုတေသနလုပ်ငန်းဆောင်ရွက်မှုစွမ်းရည်တိုးတက်မြင့်မားလာစေခြင်း၊


၇။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ချောင်းမကြီးမျိုးသန့်ခြံအား အဆင့်မြှင့်တင်ခြင်းဖြင့် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်ရေး စီမံကိန်း

ရည်ရွယ်ချက်
၁။ ဒေသနှင့်ကိုက်ညီသော နှမ်းအထွက်ကောင်းမျိုးသစ်များအားရှာဖွေရန်
၂။ မျိုးကောင်းမျိုးသန့်အသုံးပြု၍ နှမ်းသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်စေရန်
၃။ နှမ်းမျိုးစေ့ထုတ်ခြံအားအဆင့်မြှင့်တင်၍ နှမ်းမျိုးကောင်းမျိုးသန့်များ ပိုမိုထုတ်လုပ်ပေးနိုင်ရေး ဆောင်ရွက်ရန်
၄။ နှမ်းမျိုး‌ကောင်းမျိုးသန့် ထိန်းသိမ်းနည်းစနစ်အား တောင်သူများသို့ ပညာပေးရန်

အကောင်အထည်ဖော်မည့်ဌာန
- မျိုးစေ့ဌာနခွဲ

စီမံကိန်းကာလ
-  ၂၀၂၂ မှ ၂၀၂၄ ထိ

စီမံကိန်းဒေသ
- စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကန့်ဘလူမြိုနယ်၊ ချောင်းမကြီးမျိုးသန့်ခြံ

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ
၁။ ဒေသနှင့်ကိုက်ညီသောနှမ်းမျိုးသစ်များ၏ စိုက်နည်းစနစ်များရှာဖွေခြင်းနှင့် Field day ပြုလုပ်ခြင်း၊
၂။ နှမ်းမျိုးစေ့ထုတ်လုပ်သည့်ခြံ (ချောင်းမကြီးမျိုးသန့်ခြံ) အဆင့်မြှင့်တင်ခြင်း
၃။ တောင်သူများအား နှမ်းသီးနှံမျိုးသန့်ထိန်းသိမ်း‌ရေး သင်တန်းပေးခြင်း၊

အကျိုးကျေးဇူး
- နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း နှမ်းမျိုးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်လာခြင်း၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ်စိုက်ပျိုးခြင်းဖြင့်တောင်သူများ လက်ခံယုံကြည်လာခြင်း၊ မျိုးသန့်ခြံအား အဆင့်မြှင့်တင်လာနိုင်ခြင်း            

၈။ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လူထုအခြေပြု ရော်ဘာပြုပြင်ထုတ်လုပ်ရေးစင်တာများ တည်ထောင်ခြင်း

ရည်ရွယ်ချက်
- ရော်ဘာခြံရှင်ငယ်များ၏ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အရည်အသွေးမြင့်ရော်ဘာများ စနစ်တကျထုတ်လုပ်နိုင်မှုကို မြှင့်တင်နိုင်ရန်
- တောင်သူအစုအဖွဲ့ဖြင့် ရော်ဘာပြုပြင်ထုတ်လုပ်သည့်စင်တာများမှ အရည်အသွေးမြင့်မားသည့် ရော်ဘာထုတ်လုပ်သည့်စနစ်ပြန့်ပွားတိုးတက်စေရန်
- အရည်အသွေးကောင်းရော်ဘာများ ပြည်ပသို့ ပိုမိုတင်ပို့လာနိုင်စေရန်
- ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်းအခွင့်အလမ်းများရရှိပြီး ဝင်ငွေများတိုးတက်လာ စေရန်

အကောင်အထည်ဖော်မည့်ဌာန    
- နှစ်ရှည်သီးနှံဌာနခွဲ

စီမံကိန်းကာလ        
-  ၂၀၂၂ မှ ၂၀၂၄ ထိ

စီမံကိန်းဒေသ         
- ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ    
- အရည်အသွေးမြင့် မက္ကဒေးမီးယား မျိုးကောင်းမျိုးသန့်များအား တိုးချဲ့စိုက်ပျိုးနိုင်ရေးခြံငယ်ရှင်တောင်သူများသို့ မက္ကဒေးမီးယား ပျိုးပင်များ ဖြန့်ဖြူးပေးခြင်း။
- မက္ကဒေးမီးယားပင်ငယ်များကြားတွင် ဝင်ငွေရသီးနှံများအား စိုက်ပျိုးသည့် ကြားသီးနှံသရုပ်ပြကွက်များ တည်ထောင်ခြင်းနှင့် မက္ကဒေးမီးယားမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်တည်ထောင်ခြင်း
- မက္ကဒေးမီးယား ထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းကိရိယာများ ပံ့ပိုး/ ဖြည့်တင်းခြင်း
- မြန်မာနိုင်ငံနှင့် ပိုမိုသင့်လျော်သည့် မက္ကဒေးမီးယားမျိုးများ စိုက် ပျိုးနိုင်ရေးအတွက် တရုတ်နိုင်ငံရှိ ပညာရှင်များနှင့်ပူးပေါင်း၍ မက္ကဒေးမီးယားမျိုးသစ်များ တင်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း
- မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း နည်းစနစ်များကို အသိပညာမြှင့်တင်ပေးနိုင်ရန်အတွက် ခြံငယ်ရှင်များအား သင်တန်းပေးခြင်း။
- ပညာပေး လက်ကမ်းစာစောင်များနှင့် စာအုပ်များ ဖြန့်ဖြူးပေးခြင်း
- ပြည်တွင်းပြည်ပ လေ့လာရေးခရီး၊ အလုပ်ရုံဆွေးနွေးပွဲ၊ seminar များ တက်‌ရောက်/ စေလွှတ်ခြင်း
- မြန်မာမက္ကဒေးမီးယားပြပွဲကျင်းပခြင်း

အကျိုးကျေးဇူး
(က)ရော်ဘာခြံရှင်ငယ်များ၏ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမြင့် ရော်ဘာများ စနစ်တကျထုတ်လုပ်နိုင်မှုကို မြှင့်တင်နိုင်ခြင်း
(ခ) တောင်သူအစုအဖွဲ့ဖြင့် ရော်ဘာပြုပြင်ထုတ်လုပ်သည့်စင်တာများမှ အရည်အသွေးမြင့်မားသည့် ရော်ဘာထုတ်လုပ်သည့်စနစ်ပြန့်ပွားတိုးတက်စေခြင်း
(ဂ) ပြည်ပသို့ အရည်အသွေးကောင်းရော်ဘာများ ပိုမိုတင်ပို့လာနိုင်စေခြင်း
(ဃ) ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေများတိုးတက်လာစေခြင်း


၉။ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်နိုင်ရန်အတွက် ခေတ်မီနည်းပညာနှင့် အရည်အသွေးကောင်း မျိုးကြံများ ဖြန့်ဝေခြင်း။

ရည်ရွယ်ချက်
- ရေရှည်တည်တံ့သောကြံစိုက်ပျိုးထုတ်လုပ်မှုတွင် farmer- needs oriented extension approach ကိုပေါင်းစပ်ဆောင်ရွက်ရန်။
- ကြံထုတ်လုပ်မှုနှင့်တောင်သူဝင်ငွေတိုးတက်လာစေရန်၊
- စိုက်ပျိုးပညာပေးရေးဝန်ထမ်းများနှင့် ကြံသုတေသနပညာရှင်များ၏ နည်းပညာစွမ်း ဆောင်ရည်မြင့်မားလာစေရန်၊
- မြန်မာ့သကြားစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊

အကောင်အထည်ဖော်မည့်ဌာန    
- သကြားထွက်သီးနှံဌာနခွဲ

စီမံကိန်းကာလ
-  ၂၀၂၂ မှ ၂၀၂၄ ထိ

စီမံကိန်းဒေသ
- ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ပျဉ်းမနား၊ ညောင်ပင်သာ၊ ကင်းပွန်းတောင်၊ ကြံသီးနှံမျိုးသန့်ခြံ(ဘိုးတော်ကုန်း၊ ကျောက်နီ)၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ
(၁)  ကြံသီးနှံသုတေသနနှင့် နည်းပညာပေး