Mekong-Korea Cooperation
  • Thu, 5 January 2023

Mekong-Korea Cooperation


စီမံကိန်းအမည်        
မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကင်းသော စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မြေဆီလွှာနှင့် ရေတွင် ပါဝင်သော သတ္တုလေးများအား စစ်တမ်းကောက်ယူခြင်း

ရည်ရွယ်ချက်
- ဒေသတွင်း Heavy Metal တွေ့ရှိရမှုနှင့် ပါဝင်မှုပမာဏများအား လေ့လာဆန်းစစ်ရန်
- အစားအစာဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်မှု တိုးတက်လာစေရန်
- Heavy Metal အဆိပ်အတောက်ဖြစ်မှုနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်မှုများ များပြားလာစေရန်

အကောင်အထည်ဖော်မည့်ဌာန
- မြေအသုံးချရေးဌာနခွဲ

စီမံကိန်းကာလ
-  ၂၀၂၂ မှ ၂၀၂၃ ထိ

စီမံကိန်းဒေသ
- ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်    

အဓိကဆောင်ရွက်မည့်လုပ်ငန်းများ

၁။ ပညာရှင်အစည်းအဝေးကျင်းပခြင်း
၂။ စီမံကိန်းဒေသများတွင် လူမှုစီးပွားအခြေအနေများနှင့် သတ္တုလေးများအပေါ် နားလည်ဆောင်ရွက်နိုင်မှုအပေါ်စစ်တမ်းကောက်ယူခြင်း
၃။ မြေဆီလွှာနှင့်ရေတွင်ပါဝင်နေသော သတ္တုလေးများအား မြေနမူနာနှင့်ရေနမူနာများကောက်ယူခြင်း
၄။ စိုက်ပျိုးရေးဝန်ထမ်းများနှင့် ‌တောင်သူများအား သင်တန်းပို့ချခြင်း
၅။ မြေနှင့်ရေနမူနာမျာအားဓာတ်ခွဲခန်းတွင်စစ်ဆေးခြင်း
၆။ ရရှိလာသောဓာတ်ခွဲအဖြေများအား မြေပုံများရေးဆွဲခြင်း
၇။ ရရှိလာသော စီမံကိန်းရလာဒ်များအား ‌‌ဒေသတွင်းနိုင်ငံများအား မျှဝေခြင်း