ပျဉ်းမနားစိုက်ပျိုးရေးကျောင်း တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် အခမ်းအနား ကျင်းပပြုလုပ်မည်
  • Tue, 20 June 2023

ပျဉ်းမနားစိုက်ပျိုးရေးကျောင်း တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် အခမ်းအနား ကျင်းပပြုလုပ်မည်


ပျဉ်းမနားစိုက်ပျိုးရေးကျောင်းတည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် အခမ်းအနားကို စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ၌ ဇွန်လ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့ တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အခမ်းအနားတွင် စိုက်ပျိုးရေးသိပ္ပံများ၏ ပြခန်း (၁၀) ခန်းအပါအဝင် ပြခန်းပေါင်း (၄၂) ခန်းကို ပြသထားမည် ဖြစ်ပြီး နှစ်တစ်ရာပြည့် အဆောက်အဦများနှင့် ပြခန်းများသို့ အများပြည်သူများ လာရောက်လေ့လာနိုင်ကြောင်း သတင်းရရှိပါသည်။