သတ်တမ်းလွန်ဓါတုဓါတ်ဆေးနှင့် ကုန်ကြမ်း ပစ္စည်းများအား တင်ဒါခေါ်ယူ ရောင်းချခြင်း
  • Mon, 18 September 2023

သတ်တမ်းလွန်ဓါတုဓါတ်ဆေးနှင့် ကုန်ကြမ်း ပစ္စည်းများအား တင်ဒါခေါ်ယူ ရောင်းချခြင်း


                             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
                       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
                                         စိုက်ပျိုးရေးဦးစီးဌာန
                                     အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊နှစ်ရှည်သီးနှံဌာနခွဲမှ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ သတ်တမ်းလွန်ဓါတုဓါတ်ဆေးနှင့် ကုန်ကြမ်း ပစ္စည်းများအား မျက်မြင်အခြေ အနေအတိုင်း  မြန်မာကျပ်ငွေဖြင့် ရောင်းချလိုပါသည်။


၂။    တင်ဒါပုံစံရောင်းချမည့်ရက်       - (၁၉.၉.၂၀၂၃)ရက်နေ့မှ (၂.၁၀.၂၀၂၃) ရက်နေ့အထိ   
                                                         (ရုံးချိန်အတွင်း)


၃။    တင်ဒါပုံစံရောင်းချမည့်နေရာ     -  စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ၊
                                                          ရုံးအမှတ်(၄၃)၊နေပြည်တော်


၄။    တင်ဒါလျှောက်လွှာပိတ်ရက်      -  (၃.၁၀.၂၀၂၃)ရက်နေ့၊ (၁၃:၀၀)နာရီ။


၅။    အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန(ထောက်ပံ့ဖြည်တင်းရေးဌာနခွဲ)၊ ရုံးအမှတ် (၄၃)၊  နေပြည်တော်တွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍လည်းကောင်း ၊ ဖုန်း-၀၆၇-၄၁၀၂၁၀၊ ၀၆၇-၄၁၀၅၁၈ တို့သို့ ဆက်သွယ်၍လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။


၆။    ပစ္စည်းများအား မြန်မာ့လယ်ယာနှင့် စက်မှုသုံးရော်ဘာပစ္စည်းထုတ်လုပ်ရေးဌာန၊ ပျဉ်းမပင် စက်မှုဇုံ၊ မင်္ဂလာဒုံမြို့နယ်နှင့် (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တို့တွင်  တယ်လီဖုန်း နံပါတ် ၀၉ ၄၂၁၀၆၂၉၆၂ အား ဆက်သွယ်၍ ကြည့်ရှုနိုင်ပါသည်။


                                                                  တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
                                                                    စိုက်ပျိုးရေးဦးစီးဌာန