မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တောင်သူများနှင့် တွေ့ဆုံ
  • Tue, 23 May 2023

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တောင်သူများနှင့် တွေ့ဆုံ


မေ ၂၃

(၂၃-၅-၂၀၂၃) ရက်နေ့ ၁၁ ၂၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်-လုံနယ်ဝန်ကြီး တိုင်းလမ်းပန်းဝန်ကြီး-နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ဝမ်းတွင်းမြို့နယ် ရာသင်္ချာကျေးရွာအုပ်စု ကွင်းအမှတ် ၁၁၄၇ ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ပြီး ရာသင်္ချာကျေးရွာအုပ်စု-ကိုင်းကျေးရွာအုပ်စုနှင့် ဆင်ချီတိုင်ကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံ၍ နွေသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများအားဆွေးနွေး၍ မိုးချည်မျှင်ချည်ဝါ စိုက်ပျိုးသည့်တောင်သူများအား ရွှေတောင် ၈ နှင့် ရွှေတောင် ၁၀ ဝါမျိုးစေ့များအား ဝန်ကြီးချုပ်နှင့်အဖွဲ့တို့မှ ပေးအပ်ခဲ့ပြီး မိုဂါမုန်တိုင်းကြောင့် ရေဝင်ခဲ့သော နွေနှမ်း ၁၆၇ ဧက၏ စိုက်ပျိုးဖြစ်ထွန်း နေမှုအခြေအနေများနှင့်နှမ်းမျိုးကွဲအလိုက် စမ်းသပ်စိုက်ပျိုးထားသည့် နွေနှမ်းဧကများအား ​ကြည့်ရှုခဲ့ပြီး ၁၂ ၀၀ နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။