စိုက်ပျိုးရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်နှင့် ဘုရားအနေကဇာတင် အခမ်းအနား ကျင်းပ
  • Tue, 16 January 2024

စိုက်ပျိုးရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်နှင့် ဘုရားအနေကဇာတင် အခမ်းအနား ကျင်းပ


စိုက်ပျိုးရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်နှင့် ဘုရားအနေကဇာတင် အခမ်းအနား အား ဇန်နဝါရီလ (၁၅) ရက် နေ့ နံနက်ပိုင်း တွင် ရုံးအမှတ် (၄၃) ၌ ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး ဘုရားအနေကဇာတင်ခြင်း၊ ပင့်သံဃာ (၅) ပါး၏ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်း၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ် လှူဒါန်းခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝတ်အဖွဲ့မှ ဝတ်ရွတ် ပူဇော်ခြင်း များ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။